[Zawgyi]

Lenovo ဟာ ၿပီးခဲ့တဲ့ဧၿပီလတုန္းကပဲ Flagship ျဖစ္တဲ့ Z6 Pro ကို ျဖန႔္ခ်ိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေဈးကြက္ကို ပိုၿပီးေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ ထိုးေဖာက္ဖို႔အတြက္ Z6 Pro ကို အနည္းငယ္ ေျပာင္းလဲထားတဲ့ Z6 Youth Edition ကို ထပ္မံ မိတ္ဆက္လိုက္တာ ျဖစ္ပါတယ္။

Lenovo Z6 Youth ကို ေဈးကြက္အခ်ိဳ႕မွာေတာ့ Lenovo Z6 Lite လို႔လည္း ေခၚဆိုဖြယ္ရွိေနပါတယ္။ ဒီ Z6 Youth Edition အမ်ိဳးအစားဟာ Snapdragon 710 SoC ကို အသုံးျပဳထားတာျဖစ္ပါတယ္။ 4/64GB, 6/64GB နဲ႔ 6/128GB ဆိုၿပီး Memory နဲ႔ Storage အတြဲအစပ္သုံးမ်ိဳးကိုလည္း ခြဲျခားေပးထားပါတယ္။ ဒါ့အျပင္ MicroSD နဲ႔လည္း 256GB အထိ တိုးခ်ဲ႕ႏိုင္ပါတယ္။

Lenovo Z6 Youth Edition ရဲ႕ကိုယ္ထည္ဟာ မဂၢနီဆီယမ္အလြိဳင္းနဲ႔ ျပဳလုပ္ေပးထားတာျဖစ္တဲ့အတြက္ ေပါ့ပါးၿပီး ခိုင္ခံ့တဲ့ ကိုယ္ထည္လို႔ ဆိုရမွာပါ။ Lenovo ရဲ႕ နာမည္ေက်ာ္ ThinkPad notebooks ေတြမွာလည္း မဂၢနီဆီယမ္အလြိဳင္းပဲ အသုံးျပဳေလ့ရွိတာပါ။ Z6 Youth Edition ကို Knight Black နဲ႔ Stardust ဆိုၿပီး အေရာင္ႏွစ္မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။

Z6 Youth Edition ရဲ႕မ်က္ႏွာျပင္ဟာ 6.3-inch FHD+ ျဖစ္ၿပီး 19.5:9 Aspect Ratio ျဖစ္ပါတယ္။ မ်က္ႏွာျပင္ထက္မွာေတာ့ Waterdrop Notch ပါဝင္ၿပီး 16MP Selfie ကင္မရာကို တပ္ဆင္ေပးထားပါတယ္။ ေက်ာဘက္မွာေတာ့ 16MP (f/1.8) အဓိကကင္မရာကို 8MP (f/2.4) Telephoto ဒုတိယကင္မရာ၊ 5MP (f/2.2) Wide-angle တတိယကင္မရာေတြနဲ႔ တြဲဖက္ေပးထားပါတယ္။

ေက်ာဘက္ကိုယ္ထည္ေပၚမွာ Fingerprint တပ္ဆင္ေပးထားသလို ေအာက္ေျခမွာ USB-C Port လည္း တပ္ဆင္ေပးထားပါတယ္။ 3.5mm headphone jack လည္းေထာက္ပံ့ေပးထားပါေသးတယ္။ ဘက္ထရီကေတာ့ 4,050mAh ပမာဏကို တပ္ဆင္ေပးထားၿပီး 15W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားပါတယ္။

ေဈးႏႈန္းကေတာ့ 4/64GB ဟာ $174 (၂သိန္း ၇ေသာင္းဝန္းက်င္) ျဖစ္ၿပီး 6/64GB ကေတာ့ $203 (၃သိန္း ၁ေသာင္း ၃ေထာင္ဝန္းက်င္) ျဖစ္ပါတယ္။ 6/128GB ကေတာ့ $246 (၃ သိန္း ၈ေသာင္း ဝန္းက်င္) ျဖစ္ၿပီး လတ္တေလာမွာေတာ့ တ႐ုတ္ႏိုင္ငံတြင္းမွာပဲ စတင္ေရာင္းခ်ဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 710 နဲ့ ၂ သိန်း ၇သောင်းဝန်းကျင်တန်ဖိုးရှိ Z6 Youth ကို Lenovo မိတ်ဆက်

Lenovo ဟာ ပြီးခဲ့တဲ့ဧပြီလတုန်းကပဲ Flagship ဖြစ်တဲ့ Z6 Pro ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဖို့အတွက် Z6 Pro ကို အနည်းငယ် ပြောင်းလဲထားတဲ့ Z6 Youth Edition ကို ထပ်မံ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

Lenovo Z6 Youth ကို ဈေးကွက်အချို့မှာတော့ Lenovo Z6 Lite လို့လည်း ခေါ်ဆိုဖွယ်ရှိနေပါတယ်။ ဒီ Z6 Youth Edition အမျိုးအစားဟာ Snapdragon 710 SoC ကို အသုံးပြုထားတာဖြစ်ပါတယ်။ 4/64GB, 6/64GB နဲ့ 6/128GB ဆိုပြီး Memory နဲ့ Storage အတွဲအစပ်သုံးမျိုးကိုလည်း ခွဲခြားပေးထားပါတယ်။ ဒါ့အပြင် MicroSD နဲ့လည်း 256GB အထိ တိုးချဲ့နိုင်ပါတယ်။

Lenovo Z6 Youth Edition ရဲ့ကိုယ်ထည်ဟာ မဂ္ဂနီဆီယမ်အလွိုင်းနဲ့ ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက် ပေါ့ပါးပြီး ခိုင်ခံ့တဲ့ ကိုယ်ထည်လို့ ဆိုရမှာပါ။ Lenovo ရဲ့ နာမည်ကျော် ThinkPad notebooks တွေမှာလည်း မဂ္ဂနီဆီယမ်အလွိုင်းပဲ အသုံးပြုလေ့ရှိတာပါ။ Z6 Youth Edition ကို Knight Black နဲ့ Stardust ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Z6 Youth Edition ရဲ့မျက်နှာပြင်ဟာ 6.3-inch FHD+ ဖြစ်ပြီး 19.5:9 Aspect Ratio ဖြစ်ပါတယ်။ မျက်နှာပြင်ထက်မှာတော့ Waterdrop Notch ပါဝင်ပြီး 16MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ 16MP (f/1.8) အဓိကကင်မရာကို 8MP (f/2.4) Telephoto ဒုတိယကင်မရာ၊ 5MP (f/2.2) Wide-angle တတိယကင်မရာတွေနဲ့ တွဲဖက်ပေးထားပါတယ်။

ကျောဘက်ကိုယ်ထည်ပေါ်မှာ Fingerprint တပ်ဆင်ပေးထားသလို အောက်ခြေမှာ USB-C Port လည်း တပ်ဆင်ပေးထားပါတယ်။ 3.5mm headphone jack လည်းထောက်ပံ့ပေးထားပါသေးတယ်။ ဘက်ထရီကတော့ 4,050mAh ပမာဏကို တပ်ဆင်ပေးထားပြီး 15W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

ဈေးနှုန်းကတော့ 4/64GB ဟာ $174 (၂သိန်း ၇သောင်းဝန်းကျင်) ဖြစ်ပြီး 6/64GB ကတော့ $203 (၃သိန်း ၁သောင်း ၃ထောင်ဝန်းကျင်) ဖြစ်ပါတယ်။ 6/128GB ကတော့ $246 (၃ သိန်း ၈သောင်း ဝန်းကျင်) ဖြစ်ပြီး လတ်တလောမှာတော့ တရုတ်နိုင်ငံတွင်းမှာပဲ စတင်ရောင်းချဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena