[Zawgyi]

Lenovo ကုမၸဏီက သူတုိ႔ရဲ႕ Flagship အသစ္ျဖစ္တဲ့ Z6 Pro ကိုလာမယ့္ ၂၃ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ ေၾကျငာခဲ့ၿပီးသားပါ။ ဒါေပမယ့္ Leak ေတြကိုေတာ့ ရပ္တန္႔လို႔မရဘဲ တစ္ပတ္ခန္႔ လိုေသးတဲ့အခ်ိန္မွာ ဖုန္းရဲ႕ဓါတ္ပုံက တရုတ္ဆုိရွယ္နက္ဝပ္မွတဆင့္ ေပါက္ၾကားလာခဲ့ပါတယ္။

ဓါတ္ပုံထဲမွာေတာ့ ဖုန္းရဲ႕ေနာက္ဘက္ကို ျမင္ေတြ႕ရၿပီး ကုိယ္ထည္ဟာ Glass နဲ႔ျပဳလုပ္ထားတယ္လို႔ ယုံၾကည္ရပါတယ္။ အေပၚဘယ္ဘက္ေထာင့္မွာေတာ့ ကင္မရာေလးလုံး Setup ကိုျမင္ရမွာျဖစ္ၿပီး တစ္ခုက 48MP Sensor ဆုိတာ ေသခ်ာပါတယ္။ ေနာက္ေက်ာမွာ Fingerprint ကိုမေတြ႕ရတဲ့အတြက္ Display ထဲမွာ ထည့္လာမယ္လို႔ ယုံၾကည္ရတယ္။

Lenovo Z6 Pro ဖုန္းဟာ တရားဝင္ Render ပုံရိပ္နဲ႔အတူ တရုတ္ျပည္တြင္းဝက္ဆုိက္မွာ စာရင္းဝင္ေနခဲ့ၿပီး အေပၚမွာ Audio Jack ပါဝင္တာကိုလည္း ေတြ႕ရၿပီးပါၿပီ။ ၿပီးခဲ့တဲ့အပတ္က ထြက္ခဲ့တဲ့ ပုံထဲမွာ Notch ကုိထင္ရွားစြာမျမင္ရတဲ့ Screen ပုံရိပ္ကိုလည္း ေတြ႕ခဲ့ရတာေၾကာင့္ Punch-hole ကင္မရာ သုံးလာမလား စဥ္းစားစရာျဖစ္ခဲ့ပါတယ္။

Z6 Pro စမတ္ဖုန္းသစ္ဟာ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔အတူ 12GB RAM အစရွိတဲ့ အၾကမ္းစား Specs ေတြနဲ႔ ထြက္လာမယ့္အျပင္ 5G ေထာက္ပံ့မႈပါ တစ္ခါတည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ သတင္းေတြဟုတ္မဟုတ္ကိုေတာ့ လာမယ့္အပတ္မွာ ေသခ်ာျမင္ေတြ႕ရမွာေတာ့မွာပါ။

Ref – GSM Arena

[Unicode]

Lenovo ကုမ္ပဏီက သူတို့ရဲ့ Flagship အသစ်ဖြစ်တဲ့ Z6 Pro ကိုလာမယ့် ၂၃ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ကြေငြာခဲ့ပြီးသားပါ။ ဒါပေမယ့် Leak တွေကိုတော့ ရပ်တန့်လို့မရဘဲ တစ်ပတ်ခန့် လိုသေးတဲ့အချိန်မှာ ဖုန်းရဲ့ဓါတ်ပုံက တရုတ်ဆိုရှယ်နက်ဝပ်မှတဆင့် ပေါက်ကြားလာခဲ့ပါတယ်။

ဓါတ်ပုံထဲမှာတော့ ဖုန်းရဲ့နောက်ဘက်ကို မြင်တွေ့ရပြီး ကိုယ်ထည်ဟာ Glass နဲ့ပြုလုပ်ထားတယ်လို့ ယုံကြည်ရပါတယ်။ အပေါ်ဘယ်ဘက်ထောင့်မှာတော့ ကင်မရာလေးလုံး Setup ကိုမြင်ရမှာဖြစ်ပြီး တစ်ခုက 48MP Sensor ဆိုတာ သေချာပါတယ်။ နောက်ကျောမှာ Fingerprint ကိုမတွေ့ရတဲ့အတွက် Display ထဲမှာ ထည့်လာမယ်လို့ ယုံကြည်ရတယ်။

Lenovo Z6 Pro ဖုန်းဟာ တရားဝင် Render ပုံရိပ်နဲ့အတူ တရုတ်ပြည်တွင်းဝက်ဆိုက်မှာ စာရင်းဝင်နေခဲ့ပြီး အပေါ်မှာ Audio Jack ပါဝင်တာကိုလည်း တွေ့ရပြီးပါပြီ။ ပြီးခဲ့တဲ့အပတ်က ထွက်ခဲ့တဲ့ ပုံထဲမှာ Notch ကိုထင်ရှားစွာမမြင်ရတဲ့ Screen ပုံရိပ်ကိုလည်း တွေ့ခဲ့ရတာကြောင့် Punch-hole ကင်မရာ သုံးလာမလား စဉ်းစားစရာဖြစ်ခဲ့ပါတယ်။

Z6 Pro စမတ်ဖုန်းသစ်ဟာ Snapdragon 855 ချစ်ပ်ဆက်နဲ့အတူ 12GB RAM အစရှိတဲ့ အကြမ်းစား Specs တွေနဲ့ ထွက်လာမယ့်အပြင် 5G ထောက်ပံ့မှုပါ တစ်ခါတည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ သတင်းတွေဟုတ်မဟုတ်ကိုတော့ လာမယ့်အပတ်မှာ သေချာမြင်တွေ့ရမှာတော့မှာပါ။

Ref – GSM Arena