Lenovo ဟာ ထပ်ပြီးမိတ်ဆက်ဖို့ရှိနေတဲ့ ဂိမ်းမင်းအဓိကစမတ်ဖုန်းအကြောင်းကို သတင်းအစအနဆွဲထုတ်ပြနေခဲ့တာ လအတော်ကြာနေပါပြီ။ ဒီဂိမ်းမင်းဖုန်းကို လာမယ့် ဇူလိုင်လထဲ တစ်ရက်ရက်မှာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station က ပြောဆိုလိုက်ပါတယ်။

Digital Chat Station ပြောတဲ့အထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးလို့ဆိုရမှာက Lenovo ဂိမ်းမင်းဖုန်းရဲ့ စွမ်းဆောင်ရည်အကြောင်းပါ။ ဒီဟန်းဆက်ဟာ အခြား Snapdragon 865 သုံး စမတ်ဖုန်းတွေထက် ပိုပြီးသာလွန်မယ်လို့ ပြောထားတာပဲ ဖြစ်ပါတယ်။ ဒီရလဒ်ဟာ Snapdragon 865 Plus ဗားရှင်းလည်း မဟုတ်ဘဲ Cooling စနစ်ကို အဆင့်မြှင့်တင်ခြင်းက ရရှိတာလို့ ဆိုပါတယ်။

တစ်ဘက်ကပြန်ကြည့်မယ်ဆိုရင် Qualcomm ဟာ ဒီနှစ်ထဲမှာ Snapdragon 865 Plus ဗားရှင်းကို ထုတ်လုပ်ရောင်းချမှာမဟုတ်ဘူးလို့ ကနဦးသတင်းတွေက ဖော်ပြထားတာကြောင့် Digital Chat Station ရဲ့ ပြောဆိုချက်က ယုတ္တိရှိတယ်လို့ ဆိုရပါလိမ့်မယ်။ Legion ဂိမ်းမင်းဖုန်းဟာ ကြီးမားတဲ့ Heat sink ပါဝင်ပြီး Cooling fan ကိုအသက်ဝင်စေမယ်လို့လည်း ကောလာဟလတွေက ဆိုပါတယ်။

အအေးပေးစနစ်ဟာ ဒီနေ့ခေတ် ဂိမ်းမင်းဖုန်းလို ပါဝါအသားပေးစမတ်ဖုန်းတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေတာပါ။ CPU နဲ့ GPU တွေကို အချိန်ကြာမြင့်စွာ High-clocked run ရာမှာ အအေးပေးစနစ်က ကွဲပြားခြားနားတဲ့ ရလဒ်ကို ယူဆောင်လာပေးပါတယ်။ ဒါကို Benchmark လို စမ်းသပ်မှုရလဒ်တွေကလည်း သက်သေခံနေပါတယ်။

Lenovo ရဲ့ Legion ဂိမ်းမင်းဖုန်းဟာ 90Hz မျက်နှာပြင်၊ 90W အမြန်အားသွင်းစနစ်၊ Stereo loudspeaker တွေ၊ Advance haptic အတွက် Linear vibrating motor, USB-C ပေါက်နှစ်ခု၊ အပူချိန်ထိန်းချုပ်မှုဆင်ဆာ စတာတွေ ပါဝင်မယ်လို့ သိရပါတယ်။

Ref: GSM Arena