Lenovo ရဲ့ Legion Gaming Brand ကနေ စမတ်ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။ မေလမှာ အဲဒီ ဖုန်းရဲ့ Teaser ၁ ခုကို ကုမ္ပဏီက မျှဝေခဲ့သလို တခြား အရင်းအမြစ်တွေကနေလည်း သတင်းတွေ ထွက်လာခဲ့ပါတယ်။ Legion စမတ်ဖုန်းဟာ အလျားလိုက် သုံးရတဲ့ Game အသားပေး ဖုန်း ဖြစ်ပါတယ်။

အခုတော့ အဲဒီ စမတ်ဖုန်းကို တရုတ်က 3C မှာ မှတ်ပုံတင်ထားပြီး မော်ဒယ်နံပါတ်က L79031 ဖြစ်ပါတယ်။ 3C မှာ မော်ဒယ်နံပါတ် အပြင် Charger ရဲ့ Specification ၁ ခုထဲကိုပဲ ဖော်ပြထားပါတယ်။ အရင်သတင်းတွေအရ 90W Charging ထောက်ပံ့ထားမယ်လို့ သတင်းထွက်ခဲ့ပြီး 3C မှာ 45W Charger ပဲ ထည့်ထားမယ်လို့ ဖော်ပြထားပါတယ်။ Legion ဟာ 5G စမတ်ဖုန်း ဖြစ်ပြီး Version များစွာ ထွက်လာနိုင်ပါတယ်။ Lenovo က Version အားလုံးမှာ 90W Charging ပါမယ်လို့ ဧပြီလက အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်အထိ Charger သတင်းအချက်အလက်တွေက မတည်ငြိမ်သေးပါဘူး။

Legion ဖုန်းရဲ့ သတင်းအချက်အလက်တွေ အရင်က ထွက်ပေါ်ခဲ့ဖူးပြီး 144Hz Refresh Rate နဲ့ 270Hz Touch Sampling Rate ပါလာမယ့်အတွက် Game ကစားရင် အရမ်းလန်းမှာပါ။ UFS 3.0 Internal Storage နဲ့ LPDDR5 RAM တွေကလည်း ဖုန်းကို လျှင်မြန်စေမှာပါ။ အနောက်ကင်မရာတွေကို အလယ်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး 64MP Main နဲ့ 16MP Ultrawide ကင်မရာတွေ ပါလာမှာပါ။ 20MP Pop Up  ဆဲလ်ဖီး ကင်မရာကို ဖုန်းရဲ့  ‌ဘေးဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး အလျားလိုက်ကိုင်ကာ ဆဲလ်ဖီး ဆွဲရမှာပါ။

Ref : gsmarena