ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက Lenovo ဟာ Tab P 11 Pro Android တက်ဘလက်ကို မိတ်ဆက်ခဲ့ပါတယ်။ ငါးလနီးပါးကြာသွားချိန်မှာတော့ Tab P 11 ဆိုတဲ့နာမည်နဲ့အတူ ပိုပြီးချိုသာလာတဲ့ဈေးနှုန်းနဲ့ တက်ဘလက်ကို ထပ်ပြီးကြေညာလာပါတယ်။

မော်ဒယ်သစ် Tab P 11 တက်ဘလက်ဟာ 11-inch အရွယ် IPS LCD display နဲ့ဖြစ်ပြီး၊ 2,000 x 1,200-pixel resolution ကို ထောက်ပံ့ပေးပါတယ်။ Snapdragon 662 Chipset ကို အသုံးပြုထားပြီး ကျောဘက်ကိုယ်ထည်မှာ 13MP ကင်မရာတစ်လုံးကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။

အရှေ့ဘက်မှာတော့ 8MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီပမာဏကတော့ အနည်းငယ်သေးငယ်တဲ့ပမာဏအဖြစ် 7,500mAh ကိုပဲ တပ်ဆင်ပေးထားပါတယ်။ USB-C ကတစ်ဆင့် 20W အားသွင်းစနစ်နဲ့ အားပြန်သွင်းနိုင်မှာလည်း ဖြစ်ပါတယ်။ Software ပိုင်းမှာတော့ Android 10 မောင်းနှင်ထားတာကို တွေ့ရပါတယ်။

Memory/Storage configurations ကို နှစ်မျိုးနှစ်စားတွေ့ရပါတယ်။ 4/64GB ဗားရှင်းနဲ့ 6/128GB ဗားရှင်းတို့ပဲ ဖြစ်ပါတယ်။ ဒီဗားရှင်းနှစ်မျိုးစလုံးမှာ သိုလှောင်မှုပမာဏကို နောက်ထပ်ချဲ့ထွင်နိုင်စေဖို့ MicroSD slot တစ်ခုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ LTE နဲ့ Wi-Fi 6 connectivity တွေပါရှိပြီး Quad-speaker setup လည်း ပါဝင်ပါတယ်။

Lenovo Tab P11 အတွက် Keyboard Pack, Dock နဲ့ Precision Pen 2 Stylus စတာတွေကို သီးခြားဝယ်ယူနိုင်ပါတယ်။ အခြေခံဗားရှင်းဖြစ်တဲ့ 4/64GB ကို $229.99 (၃ သိန်း ၅ ထောင်ဝန်းကျင်) နဲ့ ဒီလနှောင်းပိုင်းကစတင်ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSM Arena