တောင်ကိုရီးယားအခြေစိုက် LG ကုမ္ပဏီဟာ MWC ပွဲအတွက် ရည်ရွယ်ထားတဲ့ ဖုန်းတွေကို အတွဲလိုက် ထုတ်မိတ်ဆက်နေပါပြီ။ အခုတစ်ခါ အလှည့်ကျတာက Entry-level စမတ်ဖုန်းသစ် LG W10 Alpha ပဲဖြစ်ပြီး တရုတ်ဘက်က ဈေးချိုဖုန်းတွေနဲ့ အဓိကယှဉ်ပြိုင်သွားမယ်လို့ ယူဆရပါတယ်။

တန်ဖိုးဒေါ်လာ ၁၄၀ (မြန်မာငွေနှစ်သိန်းခန့်) သာရှိတဲ့ ဒီဖုန်းဟာ Go Edition ဗားရှင်းတောင် မဟုတ်တဲ့ Android 9.0 Pie ဖုန်းစစ်စစ်ဖြစ်ပါတယ်။ အတွင်းမှာ Alcatel 1s တို့လို ဖုန်းတွေမှာမြင်ရဖူးတဲ့ Unisoc SC9863A ချစ်ပ်ဆက်ကို အသုံးပြုထားကာ 1.6GHz နဲ့ Cortex-A55 Core ရှစ်ခုပါဝင်ပါတယ်။ မန်မိုရီက 3GB RAM / 32GB Storage ဖြစ်ကာ MicroSD ကတော့ မပါမဖြစ်ပါပဲ။

LG W10 Alpha မှာ 5.71” 720p+ Display တစ်ခုပါဝင်ပြီး Teardrop Notch ထဲမှာတော့ 8MP ဆဲလ်ဖီကင်မရာ တစ်လုံးပါဝင်ပါတယ်။ နောက်ဘက်မှာလည်း 8MP ကင်မရာတစ်လုံးပဲ ပါဝင်ပေမယ့် Autofocus ပါဝင်ပြီး 1080p ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ Fingerprint ဖတ်စက်ကို မတွေ့ရဘဲ Face Unlock ထည့်ထားပါတယ်။

ဘက္ထရီက 3,450 mAh ဖြစ်ပြီး အနက်ရောင်ကာလာတစ်မျိုးထဲနဲ့ပဲ ရရှိနိုင်ပါတယ်။ LG W10 Alpha ဟာ သင့်အတွက် အရမ်းနိမ့်လွန်းနေရင်တော့ မနေ့က မိတ်ဆက်ထားတဲ့ LG K41S အပါအဝင် ဖုန်းသစ်တွေကို ကြည့်သင့်ပါတယ်။

Ref – GSM Arena