LG က K62 နဲ့ K52 ဆိုတဲ့  တန်ဖိုးနည်း K Series အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ ဥရောပမှာ အောက်တိုဘာလ ရောင်းမှာ ဖြစ်ပြီး အဲဒီနောက်မှာ အာရှ၊ လက်တင် အမေရိကနဲ့ အရှေ့ အလယ်ပိုင်းမှာ ဝယ်ယူနိုင်မှာပါ။

LG K62

LG K62 မှာ ၆.၆ လက်မ LCD 1080p+ 20:9 မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်ကြီးတဲ့အတွက် ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်လို့ အရမ်းကောင်းမှာပါ။ ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 48MP Main , 5MP Ultrawide , 2MP Macro နဲ့ 2MP Depth တွေထည့်သွင်းထားပြီး ထူးခြားတာက ကင်မရာ App မှာ YouTube Live Stream မြန်မြန်လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ပါတာပါ။ AI CAM လုပ်ဆောင်ချက်က ရှုခင်း အပေါ်မူတည်ကာ သင့်တော်တဲ့ ကင်မရာ Settings ကို ပြောင်းပေးနိုင်ပါတယ်။

ဆဲလ်ဖီး ကင်မရာက 28MP ဖြစ်ပြီး Punch Hole မှာ တပ်ဆင်ထားပါတယ်။ 128GB Storage ပါလာတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ Chipset နာမည်ကို မသိရသေးပေမယ့် 2.3GHz Octa-core CPU လို့ ဖော်ပြထားပါတယ်။ 4GB RAM နဲ့ Android 10 ထည့်ထားပြီး ဘေးဘက်မှာ Google Assistant Button တပ်ဆင်ထားပါတယ်။ လက်ဗွေရာ ကိရိယာကိုလည်း ဘေးဘက်မှာ ထည့်သွင်းထားပြီး 4,000mAh ဘက်ထရီနဲ့ USB-C ထောက်ပံ့ထားပါတယ်။

LG K52

LG K52 ရဲ့ Specs အများစုဟာ K62 နဲ့ တူပါတယ်။ ဒါပေမယ့် ဆဲလ်ဖီး ကင်မရာကို 13MP နဲ့ အစားထိုးထားသလို Storage ကိုလည်း 64GB အထိ လျှော့ချထားပါတယ်။ microSD Card စိုက်နိုင်ပြီး 4GB RAM ထည့်ထားပါတယ်။ တခြား အစိတ်အပိုင်းတွေက တူညီကြပါတယ်။

LG adds K62 and K52 to its lineup with 6.6'' screens and 48 MP quad cameras

ဖုန်း ၂ လုံးစလုံးရဲ့ အနောက်ဘက်ကို လက်ဗွေရာ မထင်ကျန်အောင် ပြုလုပ်ထားပြီး MIL-STD-810G စံနှုန်း ပါတဲ့အတွက် အကြမ်းခံပါတယ်။ အဲဒီ ဖုန်း ၂ လုံးနဲ့ ပတ်သက်ပြီး မသိရသေးတာက ဈေးနှုန်းပါ။

Ref : gsmarena