[Zawgyi]

ကိုရီးယားရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ LG Electronic ဟာ အျခားၿပိဳင္ဘက္ကုမၸဏီႀကီးေတြျဖစ္တဲ့ Samsung, Huawei, Xiaomi တို႔လိုပဲ 5G နည္းပညာမွာ ရင္းႏွီးျမႇဳပ္ႏွံၿပီး ကုမၸဏီရဲ႕ အနာဂါတ္ကို တည္ေဆာက္ခ်င္ေနတာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ရဲ႕ နည္းပညာသစ္တစ္ခုျဖစ္တဲ့ 5G ကိုအေျချပဳၿပီး ကုမၸဏီအေနနဲ႔ စမတ္ဖုန္းဘက္ကေနၿပီး စံခ်ိန္တင္အက်ိဳးအျမတ္ေတြ ရရွိသြားဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း သိရပါတယ္။ LG အေနနဲ႔ Foldable စမတ္ဖုန္း လုပ္ေဆာင္မႈလမ္းေၾကာင္းေပၚမွာရွိေနသလို သူတို႔ရဲ႕ 5G စမတ္ဖုန္းကိုလည္း လာမယ့္ MWC 2019 မွာ ထုတ္ေဖာ္ျပသဦးမွာ ျဖစ္ပါတယ္။

နည္းပညာဆိုတာ ရပ္တန႔္ေနတဲ့အရာမဟုတ္ပါဘူး။ အခုအခ်ိန္မွာ 5G အတြက္ လုံးပန္းေနၾကေပမယ့္လည္း 6G နည္းပညာဆိုတာကလည္း ေပၚေပါက္လာဦးမွာပါ။ ဟုတ္ပါတယ္။ အခုကတည္းက 6G ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းေတြကို စတင္ေဆာင္႐ြက္ေနၾကၿပီ ျဖစ္ပါတယ္။

LG အေနနဲ႔ ေတာင္ကိုရီးယားရဲ႕ Yuseong ခ႐ိုင္ Daejeon မွာရွိတဲ့ သုေတသနစင္တာမွာ 6G ကြန္ရက္နဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ စမတ္ဖုန္းအတြက္ စတင္လုပ္ေဆာင္ေနၿပီလို႔ ထုတ္ျပန္ေၾကညာသြားခဲ့ပါတယ္။ ကုမၸဏီအေနနဲ႔ ကမာၻ႔အဆင့္အတန္းျမင့္တင္ေရးကို ဦးေဆာင္လိုၿပီး အလုပ္အကိုင္သစ္၊ အခြင့္အလမ္းသစ္ေတြကို ဖန္တီးၿပီး ပိုမိုလုံၿခဳံစိတ္ခ်ေစတဲ့ ရည္မွန္းခ်က္ကို ထားရွိေၾကာင္းလည္း ေၾကညာသြားခဲ့တာ ျဖစ္ပါတယ္။

5G ကေန 6G ကို တိုးတက္ေျပာင္းလဲဖို႔အခ်ိန္ဟာ ခန႔္မွန္းေျခအားျဖင့္ ၁၀ ႏွစ္ေလာက္ ၾကာျမင့္ႏိုင္ေၾကာင္း၊ ဒီအခ်ိန္ကာလေတြအတြင္း အနာဂတ္ထုတ္လုပ္မႈေတြအတြက္ LG အေနနဲ႔ ျပင္ဆင္ထားလိုေၾကာင္းလည္း ေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ LG ဟာ စမတ္ဖုန္းနယ္ပယ္မွာ ၿပိဳင္ဘက္ေတြရဲ႕ ျပင္းထန္တဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

6G ဖွံ့ဖြိုးတိုးတက်မှုမှာ ဦးဆောင်လိုကြောင်း LG ပြော

ကိုရီးယားရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ LG Electronic ဟာ အခြားပြိုင်ဘက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung, Huawei, Xiaomi တို့လိုပဲ 5G နည်းပညာမှာ ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီရဲ့ အနာဂါတ်ကို တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ နည်းပညာသစ်တစ်ခုဖြစ်တဲ့ 5G ကိုအခြေပြုပြီး ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းဘက်ကနေပြီး စံချိန်တင်အကျိုးအမြတ်တွေ ရရှိသွားဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။ LG အနေနဲ့ Foldable စမတ်ဖုန်း လုပ်ဆောင်မှုလမ်းကြောင်းပေါ်မှာရှိနေသလို သူတို့ရဲ့ 5G စမတ်ဖုန်းကိုလည်း လာမယ့် MWC 2019 မှာ ထုတ်ဖော်ပြသဦးမှာ ဖြစ်ပါတယ်။

နည်းပညာဆိုတာ ရပ်တန့်နေတဲ့အရာမဟုတ်ပါဘူး။ အခုအချိန်မှာ 5G အတွက် လုံးပန်းနေကြပေမယ့်လည်း 6G နည်းပညာဆိုတာကလည်း ပေါ်ပေါက်လာဦးမှာပါ။ ဟုတ်ပါတယ်။ အခုကတည်းက 6G ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

LG အနေနဲ့ တောင်ကိုရီးယားရဲ့ Yuseong ခရိုင် Daejeon မှာရှိတဲ့ သုတေသနစင်တာမှာ 6G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် စမတ်ဖုန်းအတွက် စတင်လုပ်ဆောင်နေပြီလို့ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကမ္ဘာ့အဆင့်အတန်းမြင့်တင်ရေးကို ဦးဆောင်လိုပြီး အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်တွေကို ဖန်တီးပြီး ပိုမိုလုံခြုံစိတ်ချစေတဲ့ ရည်မှန်းချက်ကို ထားရှိကြောင်းလည်း ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

5G ကနေ 6G ကို တိုးတက်ပြောင်းလဲဖို့အချိန်ဟာ ခန့်မှန်းခြေအားဖြင့် ၁၀ နှစ်လောက် ကြာမြင့်နိုင်ကြောင်း၊ ဒီအချိန်ကာလတွေအတွင်း အနာဂတ်ထုတ်လုပ်မှုတွေအတွက် LG အနေနဲ့ ပြင်ဆင်ထားလိုကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ LG ဟာ စမတ်ဖုန်းနယ်ပယ်မှာ ပြိုင်ဘက်တွေရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

Ref: Phone Arena