[Zawgyi]


LG K40s



LG K50s



Ref : gsmarena

[Unicode]

LG က စွမ်းရည်သင့် K40s နဲ့ K50s တွေကို ကြေညာ

LG က စွမ်းရည်သင့်ပြီး အကြမ်းခံတဲ့ K40s နဲ့ K50s တွေကို ကြေညာလိုက်ပါတယ်။
LG K40s
K40s မှာ 2GHz Octa-core CPU ထည့်သွင်းထားပြီး Chipset Model အတိအကျကို မသိရသေးပါဘူး။ ၆.၁ လက်မ HD+ 19.5:9 Display ထည့်သွင်းထားပြီး Watchdrop Notch မှာ 13MP Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main Camera နဲ့ 5MP Ultrawide Camera ထည့်ထားပါတယ်။

အဲဒီဖုန်းမှာ 2GB or 3GB RAM တွေ ရွေးချယ်နိုင်ပြီး 32GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပြီး ဘက်ထရီက 3,500mAh ပါ။ MIL-STD 810G စံနှုန်းရှိပြီး အကြမ်းခံပါတယ်။

LG K50s
K50s မှာ ၆.၅ လက်မ HD+ Display ထည့်ထားပြီး Waterdrop Notch ပါပါတယ်။ 4,000mAh Battery နဲ့ 2GHz Octa-core Processor ထည့်ထားပါတယ်။ Chipset Model ကို မသိရသေးပါဘူး။ 3GB/32GB Model ၁ ခုသာ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main , 2MP Depth Sensor နဲ့ 5MP Ultrawide Cameras တွေ ထည့်ထားပါတယ်။

LG K40s နဲ့ K50s တို့အတွက် New Aurora Black နဲ့ Moroccan Blue အရောင် ၂ မျိုး ထုတ်လုပ်ထားပြီး အောက်တိုဘာလမှာ ဥရောပ၊ လက်တင် အမေရိကနဲ့ အာရှမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဈေးတွေကို မကြာခင်မှာ ကုမ္ပဏီက ပြောကြားမှာ ဖြစ်ပါတယ်။

Ref : gsmarena