Zawgyi

LG ကေနျပီး ကိုရီးယားျပည္တြင္းေစ်းကြက္အတြက္ LG Q9 လို႔ေခၚတဲ့ ဖုန္းအသစ္တစ္လံုးကို မိတ္ဆက္ေပးလိုက္ပါျပီ။ ဖုန္းအသစ္လို႔ဆိုေပမယ့္ သူ႔မွာ အသံုးျပဳထားတဲ့ ပရိုဆက္ဆာဟာ အေတာ္ေလး ေခတ္ေနာက္က်ေနျပီလို႔ဆိုႏိုင္ပါတယ္။ သူ႔မွာ တပ္ဆင္ အသံုးျပဳေပးထားတဲ့ ပရိုဆက္ဆာဟာ Qualcomm ရဲ႕ ၂၀၁၆ ခုႏွစ္က Flagship ပရိုဆက္ဆာျဖစ္တဲ့ Snapdragon 821 ပါ။ နာမည္ၾကီး OnePlus 3T လို ဖုန္းေတြမွာ အသံုးျပဳဖူးတဲ့ SoC ျဖစ္ပါတယ္။

၂၀၁၉ ေရာက္ေနေပမယ့္ Snapdragon 821ကိုသာ တပ္ဆင္ေပးထားရတဲ့ အေၾကာင္းရင္းကေတာ့ ရွင္းပါတယ္။ ေစ်းႏွုန္းသက္သက္သာသာတဲ့ေရာင္းခ်ခ်င္တဲ့အတြက္ပါ။

အဆိုပါ LG Q9 ဟာ တရားဝင္ထြက္ေပၚမလာခင္ကတည္းက LG G7 Fit အျဖစ္ နာမည္ထြက္ေနခဲ့တာပါ။ Falcon လို႔ Code Name ေပးထားတဲ့ LG Q9 ဟာ LG ရဲ႕ ပထမဆံုး Android One ဖုန္းျဖစ္လာမယ့္ LG G7 One နဲ႔အတူ နာမည္ထြက္ေပၚခဲ့တာပါ။ အခုေတာ့ LG Q9 ရဲ႕ တရားဝင္ အခ်က္အလက္ေတြကို LG က ျပသလိုက္ပါျပီ။ Snapdragon 821 က အနည္းငယ္ ေခတ္ေနာက္က်သလိုခံစားရေပမယ့္ Snapdragon 636 တို႔လို Mid-range ပရိုဆက္ဆာေတြနဲ႔ယွဥ္ရင္ေတာ့ သာလြန္ေနတုန္းပါပဲ။

ပရိုဆက္ဆာကလြဲလို႔ က်န္တဲ့ ေနရာေတြမွာေတာ့ LG Q9 က Flagship နီးပါးပါပဲ။ 6.1-inch ရွိတဲ့ QHD+ Display နဲ႔အတူ 16MP ေနာက္ေက်ာကင္မရာပါဝင္ပါတယ္။ သီခ်င္းကိုမွ အက်အန နားဆင္ခ်င္တဲ့ သူေတြအတြက္လည္း တစ္ကယ့္ကို အလန္းစား 32-bit Hi-Fi Quad DAC ေတြလည္းပါဝင္လို႔ ေစ်းသက္သက္သာသာနဲ႔ အသံအရည္အေသြးေကာင္းတဲ့ ဖုန္းတစ္လံုးရခ်င္ရင္ေတာ့ LG Q9 က ကြက္တိပါပဲ။

Ref: XDA

Unicode

LG ကနေပြီး ကိုရီးယားပြည်တွင်းဈေးကွက်အတွက် LG Q9 လို့ခေါ်တဲ့ ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ပေးလိုက်ပါပြီ။ ဖုန်းအသစ်လို့ဆိုပေမယ့် သူ့မှာ အသုံးပြုထားတဲ့ ပရိုဆက်ဆာဟာ အတော်လေး ခေတ်နောက်ကျနေပြီလို့ဆိုနိုင်ပါတယ်။ သူ့မှာ တပ်ဆင် အသုံးပြုပေးထားတဲ့ ပရိုဆက်ဆာဟာ Qualcomm ရဲ့ ၂၀၁၆ ခုနှစ်က Flagship ပရိုဆက်ဆာဖြစ်တဲ့ Snapdragon 821 ပါ။ နာမည်ကြီး OnePlus 3T လို ဖုန်းတွေမှာ အသုံးပြုဖူးတဲ့ SoC ဖြစ်ပါတယ်။

၂၀၁၉ ရောက်နေပေမယ့် Snapdragon 821ကိုသာ တပ်ဆင်ပေးထားရတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဈေးနှုန်းသက်သက်သာသာတဲ့ရောင်းချချင်တဲ့အတွက်ပါ။

အဆိုပါ LG Q9 ဟာ တရားဝင်ထွက်ပေါ်မလာခင်ကတည်းက LG G7 Fit အဖြစ် နာမည်ထွက်နေခဲ့တာပါ။ Falcon လို့ Code Name ပေးထားတဲ့ LG Q9 ဟာ LG ရဲ့ ပထမဆုံး Android One ဖုန်းဖြစ်လာမယ့် LG G7 One နဲ့အတူ နာမည်ထွက်ပေါ်ခဲ့တာပါ။ အခုတော့ LG Q9 ရဲ့ တရားဝင် အချက်အလက်တွေကို LG က ပြသလိုက်ပါပြီ။ Snapdragon 821 က အနည်းငယ် ခေတ်နောက်ကျသလိုခံစားရပေမယ့် Snapdragon 636 တို့လို Mid-range ပရိုဆက်ဆာတွေနဲ့ယှဉ်ရင်တော့ သာလွန်နေတုန်းပါပဲ။

ပရိုဆက်ဆာကလွဲလို့ ကျန်တဲ့ နေရာတွေမှာတော့ LG Q9 က Flagship နီးပါးပါပဲ။ 6.1-inch ရှိတဲ့ QHD+ Display နဲ့အတူ 16MP နောက်ကျောကင်မရာပါဝင်ပါတယ်။ သီချင်းကိုမှ အကျအန နားဆင်ချင်တဲ့ သူတွေအတွက်လည်း တစ်ကယ့်ကို အလန်းစား 32-bit Hi-Fi Quad DAC တွေလည်းပါဝင်လို့ ဈေးသက်သက်သာသာနဲ့ အသံအရည်အသွေးကောင်းတဲ့ ဖုန်းတစ်လုံးရချင်ရင်တော့ LG Q9 က ကွက်တိပါပဲ။

Ref: XDA