LG ကနေနောက်ထပ် ဈေးနှုန်းသက်သာပြီးတော့ အရည်အသွေးကောင်းတဲ့စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Aristo 2 စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အခု Aristo 2 စမတ်ဖုန်းမှာ 5″ HD IPS Display ကိုအသုံးပြုထားပြီးတော့ RAM 2 GB နဲ့ ROM 16GB ထည့်သွင်းပေးထားတယ်လို့သိပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ Back Camera က 13MP ၊ Front Camera က 5MP ပါဝင်မှာဖြစ်ပြီးတော့ Front Camera နဲ့လည်း မျက်နှာကိုအသုံးပြုပြီး ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့ Face Unlock စနစ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

အခု LG ရဲ့ Aristo 2 စမတ်ဖုန်းမှာ Quad Core Processor ၊ Face Unlock စနစ်တွေပါဝင်တယ်ဆိုပေမယ့် Fingerprint Scanner တော့ပါဝင်မှာမဟုတ်ပါဘူး။

LG ကနေ အခု Aristo 2 စမတ်ဖုန်းကို မူရင်းဈေး ဒေါ်လာ ၁၄၀ နဲ့ရောင်းချခဲ့ပေမယ့်အခုအချိန်မှာ ဒေါ်လာ ၃၀ လျော့ပေးနေပြီးတော့ ဖုန်းကိုမှာယူရင် Mail-in Rebate လို့ခေါ်တဲ့ ဒေါ်လာ ၅၀ Discount Code ထပ်မံပေးနေတဲ့အတွက် ဖုန်းတန်ဖိုးက အခုလောလောဆယ်မှာ ဒေါ်လာ ၆၀ လောက်ပဲရှိတဲ့ဖုန်းတစ်ခုဖြစ်နေတာဖြစ်ပါတယ်။