LG ကသူတို့ ရဲ့နောက်ဆုံးထုတ်ကုန်သစ်ဖြစ်တဲ့ LG G7 မှာ Notch ပါတဲ့ Display Design ကိုအသုံးပြုသွားခဲ့တာ အားလုံးသိမှပါ။ Notch ကို ဘယ်သူစခဲ့တယ်ဆိုတာထက် Notch နဲ့ပတ်သက်လို့ LG က Apple ဆီက ကူးချတာမဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

Notch နဲ့ပတ်သက်တဲ့ Design တွေကို LG ကလေ့လာနေခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်တာကြောင့် Apple ဆီက ကူးချထားတာမျိုးမဟုတ်ဘူးဆိုတာ ဖော်ပြနေပါတယ်။ LG အနေနဲ့ အရင်က Notch နဲ့ပတ်သက်လို့ စမ်းသပ်နေတာမျိုးတွေလုပ်နေခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ ဆိုလိုတာကတော့ Apple ကသူတို့ iPhone X မှာ Notch ကိုမထည့်ခင်အချိန်တွေကတည်းက LG က Notch နဲ့ပတ်သက်လို့ စလုပ်နေခဲ့ပါပြီ။

LG ကတော့ Notch လို့မခေါ်ပါဘူး။ Notch ဘေးနှစ်ဖက်က Display အပိုင်းကို Second Dispaly လို့ခေါပါတယ်။ Notch ကိုမမြင်ချင်လို့ ဖျောက်ထားချင်ရင်လည်း ဖျောက်ထားလို့ ရတဲ့အပြင် အခြားဖုန်းတွေနဲ့မတူတာကတော့ Notch နေရာကို အခြားအရောင်လေးတွေနဲ့လည်း အလှဆင်လို့ရပါသေးတယ်။ အဲ့တာကြောင့်လည်း LG က Second Display လို့ခေါ်တာဖြစ်မှာပါ။ အခြားဖုန်းတော်တော်များများကတော့ Notch ဘေးက Display မှာ ဘာမှပြင်ဆင်တာမျိုးလုပ်လို့ မရပါဘူး။ LG ကတော့ Notch တစ်ဝိုက်အတွက် Setting ထဲမှာ Feature အပိုတွေထည့်ပေးထားပါသေးတယ်။

LG V20 မှာပါခဲ့တဲ့ Second Display လိုမျိုးပဲ LG G7 ကိုလည်း Second Display လို့နာမည်ပေးလိုက်တာဖြစ်မှာပါ။ LG V20 ရဲ့ Second Display နဲ့တော့ အလုပ်လုပ်ပုံမတူပေမယ့် LG ကတော့ Notch ဆိုတဲ့အသုံးအနှုန်းက Display အစိတ်အပိုင်းကို စားနေတယ်ဆိုတဲ့ ခံစားချက်ကိုပေးစေနိုင်တာကြောင့် မသုံးတာဖြစ်ပါတယ်။ Second Display လို့ပြောင်းလဲနာမည်ပေးလိုက်တော့ သာမန်ထက် ပိုမြင်ရတယ်ဆိုတဲ့ အတွေးဝင်သွားစေပါတယ်။ LG ကတော့ အမြဲအခြားဖုန်းတွေနဲ့မတူတဲ့ အတွေးအခေါ်တွေနဲ့ သွားနေတုန်းပါ။ LG ကတော့ မပြောင်းလဲတဲ့ LG ဖြစ်နေတုန်းပါပဲ။