[Zawgyi]

LG ဟာ တက္ဘလက္ ထုတ္လုပ္ေရာင္းခ်မႈနယ္ပယ္မွာ သိပ္ၿပီးေရွ႕တန္းမေရာက္ေတာ့ဘူးဆိုေပမယ့္ သူ႔ရဲ႕ေဈးကြက္ကို လုံးဝ လက္လႊတ္လိုက္တယ္လို႔ေတာ့ မဆိုႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးက အခုအခ်ိန္ထိ တက္ဘလက္ေတြထုတ္ဖို႔ စိတ္အားထက္သန္ေနတုန္း ျဖစ္ေနလို႔ပါပဲ။

XDA Developers ရဲ႕ ေရးသားေဖာ္ျပမႈအရ LG ဟာ တက္ဘလက္သစ္တစ္မ်ိဳးကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒီ တက္ဘလက္ကို LG G Pad 5 လို႔ အမည္ေခၚဆိုႏိုင္ေၾကာင္းသိရၿပီး Qualcomm ရဲ႕ Snapdragon 821 ကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ SD 821 ဟာ ေနာက္ဆုံးေပၚ Processor မဟုတ္ဘဲ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က ထုတ္ထားတာ ျဖစ္ၿပီး LG G6, OnePlus 3T, Original Google Pixel ေတြမွာ သုံးခဲ့ဖူးပါတယ္။

LG G Pad 5 မွာ တြဲဖက္ေပးထားတဲ့ မန္မိုရီကေတာ့ 4GB of RAM ျဖစ္ၿပီး သိုေလွာင္မႈပမာဏကေတာ 32GB ျဖစ္တယ္လို႔ ဆိုပါတယ္။ LG ရဲ႕ တက္ဘလက္သစ္ဟာ Android 9 ေမာင္းႏွင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ တက္ဘလက္ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားဟာ 10.1-inch ျဖစ္ၿပီး 16:10 အခ်ိဳးျဖစ္သလို 1920 x 12000 resolution လည္း ရွိတယ္လို႔ သိရပါတယ္။

ေပါက္ၾကားလာတဲ့ Render အရဆိုရင္ေတာ့ ေဘးေဘာင္ေတြဟာ LG G Pad IV ထက္ ပိုၿပီးက်ဥ္းေျမာင္းတယ္လို႔ ဆိုႏိုင္ပါတယ္။ ကင္မရာတစ္လုံးလည္းပါဝင္ၿပီး ေက်ာဘက္မွာမဟုတ္ဘဲ အေရွ႕ဘက္မွာ တပ္ဆင္ေပးထားတာလည္း ေတြ႕ရပါတယ္။ အျခား Feature ေတြအေနနဲ႔ 4G LTE ေထာက္ပံ့ေပးႏိုင္သလို Fingerprint scanner လည္း ပါဝင္မယ္လို႔ သိရပါတယ္။ LG အေနနဲ႔ LG G Pad 5 ကို လာမယ့္ ေအာက္တိုဘာ၊ ဒါမွမဟုတ္ ႏိုဝင္ဘာလထဲမွာ ေၾကညာဖြယ္ရွိေနပါတယ္။

Ref: Phone Arena

[Unicode]

လွန်ခဲ့တဲ့ သုံးနှစ်က Processor နဲ့ Tablet သစ်ထုတ်ဦးမယ့် LG

LG ဟာ တက်ဘလက် ထုတ်လုပ်ရောင်းချမှုနယ်ပယ်မှာ သိပ်ပြီးရှေ့တန်းမရောက်တော့ဘူးဆိုပေမယ့် သူ့ရဲ့ဈေးကွက်ကို လုံးဝ လက်လွှတ်လိုက်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးက အခုအချိန်ထိ တက်ဘလက်တွေထုတ်ဖို့ စိတ်အားထက်သန်နေတုန်း ဖြစ်နေလို့ပါပဲ။

XDA Developers ရဲ့ ရေးသားဖော်ပြမှုအရ LG ဟာ တက်ဘလက်သစ်တစ်မျိုးကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီ တက်ဘလက်ကို LG G Pad 5 လို့ အမည်ခေါ်ဆိုနိုင်ကြောင်းသိရပြီး Qualcomm ရဲ့ Snapdragon 821  ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ SD 821 ဟာ နောက်ဆုံးပေါ် Processor မဟုတ်ဘဲ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထုတ်ထားတာ ဖြစ်ပြီး LG G6, OnePlus 3T, Original Google Pixel တွေမှာ သုံးခဲ့ဖူးပါတယ်။

LG G Pad 5 မှာ တွဲဖက်ပေးထားတဲ့ မန်မိုရီကတော့ 4GB of RAM ဖြစ်ပြီး သိုလှောင်မှုပမာဏကတော 32GB ဖြစ်တယ်လို့ ဆိုပါတယ်။ LG ရဲ့ တက်ဘလက်သစ်ဟာ Android 9 မောင်းနှင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ တက်ဘလက်ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 10.1-inch ဖြစ်ပြီး 16:10 အချိုးဖြစ်သလို 1920 x 12000 resolution လည်း ရှိတယ်လို့ သိရပါတယ်။

ပေါက်ကြားလာတဲ့ Render အရဆိုရင်တော့ ဘေးဘောင်တွေဟာ LG G Pad IV ထက် ပိုပြီးကျဉ်းမြောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကင်မရာတစ်လုံးလည်းပါဝင်ပြီး ကျောဘက်မှာမဟုတ်ဘဲ အရှေ့ဘက်မှာ တပ်ဆင်ပေးထားတာလည်း တွေ့ရပါတယ်။ အခြား Feature တွေအနေနဲ့ 4G LTE ထောက်ပံ့ပေးနိုင်သလို Fingerprint scanner လည်း ပါဝင်မယ်လို့ သိရပါတယ်။ LG အနေနဲ့ LG G Pad 5 ကို လာမယ့် အောက်တိုဘာ၊ ဒါမှမဟုတ် နိုဝင်ဘာလထဲမှာ ကြေညာဖွယ်ရှိနေပါတယ်။

Ref: Phone Arena