[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ႏွစ္ဝက္ေလာက္ကစၿပီး အဆင့္ျမင့္ စမတ္ဖုန္းတစ္လုံးရဲ႕ အဂၤါရပ္ထဲမွာ ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ထားျခင္းက မပါမျဖစ္လို ျဖစ္ခဲ့ပါတယ္။ တ႐ုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြက ေအာင္ျမင္စြာ စီးေမ်ားႏိုင္ခဲ့ၾကတဲ့ ေရစီးေၾကာင္းထဲကို က်န္တဲ့ အမွတ္တံဆိပ္ေတြကလည္း လိုက္ပါၾကရတဲ့အထိ ျဖစ္ကုန္ပါတယ္။

အခုေတာ့ အေနာက္ကင္မရာ သုံးလုံနဲ႔ လုံေလာက္တဲ့ေခတ္မဟုတ္ေတာ့ဘူးလားလို႔ ေမးခြန္းထုတ္ရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကိုရီးယားရဲ႕ နာမည္ေက်ာ္ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ LG က Selfie ကင္မရာ သုံးလုံးနဲ႔ ဒီဇိုင္းမူပိုင္ခြင့္တင္ထားတာကို ေတြ႕ျမင္ခဲ့ၾကရလို႔ပဲ ျဖစ္ပါတယ္။

မူပိုင္ခြင့္တင္ထားတဲ့ စာ႐ြက္စာတမ္းေတြအရ ဒီဇိုင္းပုံၾကမ္းမွာ စမတ္ဖုန္းဟာ ေက်ာဘက္မွာ ကင္မရာ သုံးလုံးရွိေနသလို အေရွ႕ဘက္မွာလည္း ကင္မရာသုံးလုံး တပ္ဆင္ထားတာကို ေတြ႕ျမင္ရပါတယ္။ Selfie ကင္မရာသုံးလုံးဟာ Notch ထဲမွာပဲ ရွိေနၿပီး Notch ပုံစံကလည္း iPhone ေတြမွာလို ခပ္ႀကီးႀကီး ျဖစ္ေနပါေတာ့တယ္။

မူပိုင္ခြင့္ဒီဇိုင္းက Selfie ကင္မရာသုံးလုံးအေၾကာင္းကို ဘာမွမေျပႏိုင္ေပမယ့္ သုံးသပ္ခန႔္မွန္းခ်က္အရေတာ့ ကင္မရာတစ္လုံးဟာ Standard lens နဲ႔ျဖစ္ၿပီး အျခားတစ္လုံးက Ultra-wide ျဖစ္ႏိုင္ပါတယ္။ ေနာက္ဆုံးတစ္လုံးကေတာ့ ToF sensor အတြက္လို႔ ယူဆရပါတယ္။ ေက်ာဘက္ကင္မရာေတြရဲ႕ ဖြဲ႕စည္းပုံကလည္း အလားတူပဲျဖစ္ႏိုင္တယ္ဆိုေပမယ့္ ဆက္လက္ ေစာင့္ၾကည့္ရဦးမွာပါ။

ဖုန္းရဲ႕ ဘက္ဘက္ေဘးေဘာင္မွာေတာ့ အသံအတိုးအခ်ဲ႕ခလုတ္နဲ႔ Google Assistant ခလုတ္လို႔မွတ္ယူရတဲ့ ခလုတ္ေတြကို ေတြ႕ျမင္ရပါတယ္။ ညာဘက္ျခမ္းမွာေတာ့ အဖြင့္အပိတ္ခလုတ္နဲ႔ SIM/microSD ကတ္ေတြ ထည့္သြင္းႏိုင္တဲ့ အေပါက္ေတြရွိပါတယ္။ ထိပ္ပိုင္းကေတာ့ LG G8 နဲ႔ V40 ေတြအတိုင္းပဲလို႔ ဆိုရမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Selfie ကင်မရာ သုံးလုံးနဲ့ ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ LG

ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ဝက်လောက်ကစပြီး အဆင့်မြင့် စမတ်ဖုန်းတစ်လုံးရဲ့ အင်္ဂါရပ်ထဲမှာ ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ထားခြင်းက မပါမဖြစ်လို ဖြစ်ခဲ့ပါတယ်။ တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေက အောင်မြင်စွာ စီးမျေားနိုင်ခဲ့ကြတဲ့ ရေစီးကြောင်းထဲကို ကျန်တဲ့ အမှတ်တံဆိပ်တွေကလည်း လိုက်ပါကြရတဲ့အထိ ဖြစ်ကုန်ပါတယ်။

အခုတော့ အနောက်ကင်မရာ သုံးလုံနဲ့ လုံလောက်တဲ့ခေတ်မဟုတ်တော့ဘူးလားလို့ မေးခွန်းထုတ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုရီးယားရဲ့ နာမည်ကျော် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ LG က Selfie ကင်မရာ သုံးလုံးနဲ့ ဒီဇိုင်းမူပိုင်ခွင့်တင်ထားတာကို တွေ့မြင်ခဲ့ကြရလို့ပဲ ဖြစ်ပါတယ်။

မူပိုင်ခွင့်တင်ထားတဲ့ စာရွက်စာတမ်းတွေအရ ဒီဇိုင်းပုံကြမ်းမှာ စမတ်ဖုန်းဟာ ကျောဘက်မှာ ကင်မရာ သုံးလုံးရှိနေသလို အရှေ့ဘက်မှာလည်း ကင်မရာသုံးလုံး တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ Selfie ကင်မရာသုံးလုံးဟာ Notch ထဲမှာပဲ ရှိနေပြီး Notch ပုံစံကလည်း iPhone တွေမှာလို ခပ်ကြီးကြီး ဖြစ်နေပါတော့တယ်။

မူပိုင်ခွင့်ဒီဇိုင်းက Selfie ကင်မရာသုံးလုံးအကြောင်းကို ဘာမှမပြေနိုင်ပေမယ့် သုံးသပ်ခန့်မှန်းချက်အရတော့ ကင်မရာတစ်လုံးဟာ Standard lens နဲ့ဖြစ်ပြီး အခြားတစ်လုံးက Ultra-wide ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတစ်လုံးကတော့ ToF sensor အတွက်လို့ ယူဆရပါတယ်။ ကျောဘက်ကင်မရာတွေရဲ့ ဖွဲ့စည်းပုံကလည်း အလားတူပဲဖြစ်နိုင်တယ်ဆိုပေမယ့် ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

ဖုန်းရဲ့ ဘက်ဘက်ဘေးဘောင်မှာတော့ အသံအတိုးအချဲ့ခလုတ်နဲ့ Google Assistant ခလုတ်လို့မှတ်ယူရတဲ့ ခလုတ်တွေကို တွေ့မြင်ရပါတယ်။ ညာဘက်ခြမ်းမှာတော့ အဖွင့်အပိတ်ခလုတ်နဲ့ SIM/microSD ကတ်တွေ ထည့်သွင်းနိုင်တဲ့ အပေါက်တွေရှိပါတယ်။ ထိပ်ပိုင်းကတော့ LG G8 နဲ့ V40 တွေအတိုင်းပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: GSMArena