[Zawgyi]

အခုဆိုရင္ LG, Samsung, Huawei , Xiaomi နဲ႔ ZTE စတဲ့ ကုမၸဏီေတြဟာ 5G Network ေထာက္ပံ့ေပးႏိုင္တဲ့ စမတ္ဖုန္းေတြကို အသီးသီး မိတ္ဆက္ၿပီး သြားၾကပါၿပီ။ Samsung က Galaxy S10 5G, Huawei က Mate X (Foldable), Xiaomi က Mi MIX 3 5G, ZTE က Axon 10 Pro တို႔ကို မိတ္ဆက္သြားခဲ့သလို LG ကလည္း 5G Network ေထာက္ပံ့ေပးႏိုင္တဲ့ စမတ္ဖုန္းအျဖစ္ V50 ThinQ ကို မိတ္ဆက္လာပါတယ္။

LG ဟာ 5G Network အတြက္ အေမရိကန္ႏိုင္ငံရွိ စတုတၳအႀကီးဆုံး ဆက္သြယ္ေရးကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Sprint နဲ႔စာခ်ဴပ္ခ်ဴပ္ဆိုထားတာေၾကာင့္ ေလာေလာဆယ္မွာေတာ့ LG V50 ThinQ ကို Sprint ရဲ႕ 5G Network မွာသာ အသုံးျပဳႏိုင္ဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တျခားဆက္သြယ္ေရးကုမၸဏီႀကီးေတြရဲ႕ 5G Network ကို အသုံးျပဳႏိုင္မယ့္ Unlocked ဗားရွင္းေတြကိုလည္း သိပ္မၾကာခင္မွာ ထုတ္လုပ္လာႏိုင္တယ္လို႔ သိရပါတယ္။

V50 ThinQ ရဲ႕ Processor အပိုင္းအတြက္ Snapdragon 855 (7nm) ကို အသုံးျပဳထားမွာ ျဖစ္ၿပီး RAM အေနနဲ႔ 6GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB ၁မ်ိဴးတည္းသာ ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ MicroSD 2TB (2048GB) အထိ ထပ္စိုက္ႏိုင္ပါတယ္။ Aluminum Frame ကို အသုံးျပဳထားၿပီး Corning Gorilla Glass 5 ကို ေရွ႕/ေနာက္ ဖုံးအုပ္ေပးထားပါတယ္။ ဒါ့အျပင္ Water/Dust Resistance မွာလည္း IP68 ရရွိထားပါေသးတယ္။

6.4” Quad HD+ OLED Display ကို အသုံးျပဳထားၿပီး Resolution က 1440 x 3120 pixels ရွိပါတယ္။ အသံစနစ္အတြက္ Stereo Speakers ေတြကို Meridian Audio နဲ႔ Tuned လုပ္ထားၿပီး DTS: X Surround Sound လည္းပါဝင္မွာ ျဖစ္ပါတယ္။ Selfie Camera အတြက္ 8MP Main Sensor နဲ႔ 5MP Wide Sensor ေတြကို Notch ထဲမွာ ထည့္သြင္းတပ္ဆင္ထားမွာျဖစ္ၿပီး ေနာက္ေက်ာဘက္မွာေတာ့ 12MP (f/1.5) Standard + 12MP (f/2.4, 2x Optical Zoom) Telephoto + 16MP (f/1.9) Ultra-wide Camera ေတြကို အလ်ားလိုက္ တပ္ဆင္ထားမွာပါ။ (Galaxy S10, S10 Plus တို႔ရဲ႕ Rear Camera Sensor ေတြနဲ႔ အနည္းငယ္ ဆင္ပါတယ္)

ဘက္ထရီ သိုေလွာင္မႈပမာဏ 4000mAh ထည့္သြင္းထားၿပီး USB Type-C ကေန တစ္ဆင့္ 18W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ 10W ႀကိဳးမဲ့အားသြင္းစနစ္လည္း ပါဝင္ဦးမွာပါ။ V50 ThinQ နဲ႔အတူ တြဲၿပီး အသုံးျပဳလို႔ရမယ့္ Second Screen Component ကိုလည္း LG က ထုတ္လုပ္ထားပါေသးတယ္။(Asus ROG Gaming ဖုန္းမွာလည္း အခုလိုမ်ိဴး Dual Screen နည္းပညာကို ေတြ႕ဖူးခဲ့ေပမယ့္ LG ရဲ႕ နည္းပညာက ပိုၿပီး ဆန္းသစ္တယ္လို႔ ေျပာရမွာပါ) အဆိုပါ Component ဟာ App ၂ကို Screen ၂ခုမွာ တၿပိဳင္တည္း အသုံးျပဳႏိုင္သလို App ၁ခုတည္းကိုလည္း Screen ၂ခုခြဲၿပီး အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Game ေဆာ့တဲ့အခါမွာလည္း Screen ၁ခုကို Game Controls ခလုတ္ေတြအျဖစ္ ေျပာင္းလဲ အသုံးျပဳလို႔ ရပါတယ္။

စိတ္မေကာင္းစြာဘဲ LG V50 ThinQ ကို စတင္ေရာင္းခ်သြားမယ့္ ေန႔ရက္နဲ႔ ေစ်းႏႈန္းကိုေတာ့ LG ဘက္မွ ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါဘူး။

Ref : Engadget, GsmArena

[Unicode]

Dual Screen နဲ့ Game ဆော့လို့ရမယ့် LG ရဲ့ ပထမဦးဆုံး 5G ဖုန်း V50 ThinQ

အခုဆိုရင် LG, Samsung, Huawei , Xiaomi နဲ့ ZTE စတဲ့ ကုမ္ပဏီတွေဟာ 5G Network ထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းတွေကို အသီးသီး မိတ်ဆက်ပြီး သွားကြပါပြီ။ Samsung က Galaxy S10 5G, Huawei က Mate X (Foldable), Xiaomi က Mi MIX 3 5G, ZTE က Axon 10 Pro တို့ကို မိတ်ဆက်သွားခဲ့သလို LG ကလည်း 5G Network ထောက်ပံ့ပေးနိုင်တဲ့ စမတ်ဖုန်းအဖြစ် V50 ThinQ ကို မိတ်ဆက်လာပါတယ်။

LG ဟာ 5G Network အတွက် အမေရိကန်နိုင်ငံရှိ စတုတ္ထအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sprint နဲ့စာချူပ်ချူပ်ဆိုထားတာကြောင့် လောလောဆယ်မှာတော့ LG V50 ThinQ ကို Sprint ရဲ့ 5G Network မှာသာ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားဆက်သွယ်ရေးကုမ္ပဏီကြီးတွေရဲ့ 5G Network ကို အသုံးပြုနိုင်မယ့် Unlocked ဗားရှင်းတွေကိုလည်း သိပ်မကြာခင်မှာ ထုတ်လုပ်လာနိုင်တယ်လို့ သိရပါတယ်။

V50 ThinQ ရဲ့ Processor အပိုင်းအတွက် Snapdragon 855 (7nm) ကို အသုံးပြုထားမှာ ဖြစ်ပြီး RAM အနေနဲ့ 6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB ၁မျိူးတည်းသာ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် MicroSD 2TB (2048GB) အထိ ထပ်စိုက်နိုင်ပါတယ်။ Aluminum Frame ကို အသုံးပြုထားပြီး Corning Gorilla Glass 5 ကို ရှေ့/နောက် ဖုံးအုပ်ပေးထားပါတယ်။ ဒါ့အပြင် Water/Dust Resistance မှာလည်း IP68 ရရှိထားပါသေးတယ်။

6.4” Quad HD+ OLED Display ကို အသုံးပြုထားပြီး Resolution က 1440 x 3120 pixels ရှိပါတယ်။ အသံစနစ်အတွက် Stereo Speakers တွေကို Meridian Audio နဲ့ Tuned လုပ်ထားပြီး DTS: X Surround Sound လည်းပါဝင်မှာ ဖြစ်ပါတယ်။ Selfie Camera အတွက် 8MP Main Sensor နဲ့ 5MP Wide Sensor တွေကို Notch ထဲမှာ ထည့်သွင်းတပ်ဆင်ထားမှာဖြစ်ပြီး နောက်ကျောဘက်မှာတော့ 12MP (f/1.5) Standard + 12MP (f/2.4, 2x Optical Zoom) Telephoto + 16MP (f/1.9) Ultra-wide Camera တွေကို အလျားလိုက် တပ်ဆင်ထားမှာပါ။ (Galaxy S10, S10 Plus တို့ရဲ့ Rear Camera Sensor တွေနဲ့ အနည်းငယ် ဆင်ပါတယ်)

ဘက်ထရီ သိုလှောင်မှုပမာဏ 4000mAh ထည့်သွင်းထားပြီး USB Type-C ကနေ တစ်ဆင့် 18W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် 10W ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ V50 ThinQ နဲ့အတူ တွဲပြီး အသုံးပြုလို့ရမယ့် Second Screen Component ကိုလည်း LG က ထုတ်လုပ်ထားပါသေးတယ်။(Asus ROG Gaming ဖုန်းမှာလည်း အခုလိုမျိူး Dual Screen နည်းပညာကို တွေ့ဖူးခဲ့ပေမယ့် LG ရဲ့ နည်းပညာက ပိုပြီး ဆန်းသစ်တယ်လို့ ပြောရမှာပါ) အဆိုပါ Component ဟာ App ၂ကို Screen ၂ခုမှာ တပြိုင်တည်း အသုံးပြုနိုင်သလို App ၁ခုတည်းကိုလည်း Screen ၂ခုခွဲပြီး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Game ဆော့တဲ့အခါမှာလည်း Screen ၁ခုကို Game Controls ခလုတ်တွေအဖြစ် ပြောင်းလဲ အသုံးပြုလို့ ရပါတယ်။

စိတ်မကောင်းစွာဘဲ LG V50 ThinQ ကို စတင်ရောင်းချသွားမယ့် နေ့ရက်နဲ့ စျေးနှုန်းကိုတော့ LG ဘက်မှ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။

Ref : Engadget, GsmArena