LG က Folder 2 လို့ နာမည်ပေးထားတဲ့ ခေါက်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ ဈေးချိုပြီး လွယ်လွယ်ကူကူ သုံးလို့ရတဲ့ ဖုန်း လိုချင်သူတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားပါတယ်။ Snapdragon 210 SoC , 1GB RAM နဲ့ 8GB Storage တွေ ပါပါတယ်။ ၂.၈ လက်မ QVGA ပင်မ မျက်နှာပြင်နဲ့ ၀.၉ လက်မ အဖြူ၊ အမည်း မျက်နှာပြင် ၂ ခု ပါပြီး အပို မျက်နှာပြင်ကနေ Text , Calls တွေရဲ့ Notifications ကို ကြည့်နိုင်ပါတယ်။

ခေါက်ဖုန်းမှာ SOS Key နဲ့ Hotkey Buttons တွေ ပါပြီး SOS Key ကို အနောက်ဘက်မှာ 2MP ပင်မ ကင်မရာနဲ့အတူ တပ်ဆင်ထားပါတယ်။ SOS Key ကို ၁.၅ စက္ကန့်အတွင်း ၃ ကြိမ်နှိပ်ရင် ကြိုတင်သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်ကို ခေါ်ပေးမှာဖြစ်သလို စာသားနဲ့ သင့် တည်နေရာကို ပေးပို့မှာပါ။ Hotkey ကို Call Button ရဲ့ အထက်မှာ တပ်ဆင်ထားပြီး AI Voice Service ကို ဆင့်ခေါ်နိုင်သလို Call Recording ပြုလုပ်နိုင်ပါတယ်။

LG Folder 2 ဟာ ၁၂၇ ဂရမ်ပဲ အလေးချိန်ရှိပြီး Bluetooth , WiFi နဲ့ 4G တို့ကို ထောက်ပံ့ပါတယ်။ မလိုအပ်ဘဲ မိုဘိုင်း ဒေတာ မကုန်အောင် တားဆီးပေးတဲ့ Data Security Lock ထည့်ထားပါတယ်။ 1,470mAh ဘက်ထရီ ပါလာပြီး White နဲ့ Platinum Grey ၂ ရောင်ထုတ်လုပ်ထားပါတယ်။ ကိုရီးယားဝမ် ၁၉၈,၀၀၀ သတ်မှတ်ထားပြီး တောင်ကိုရီးယားမှာ ၁၇ ရက်နေ့ ရောင်းမှာပါ။ မြန်မာငွေ ၂ သိန်း ၃ သောင်းလောက်ရှိပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့်အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena