Zawgyi

LG ကုမၸဏီဟာ သူတုိ႔ရဲ႕ေနာက္ဆုံးေပၚ Tablet ထုတ္ကုန္ျဖစ္တဲ့ G Pad 5 10.1 ကို အခုႏိုဝင္ဘာ ၃ ရက္ေန႔မွာပဲ ေတာင္ကုိရီးယားႏုိင္ငံတြင္း မိတ္ဆက္ခဲ့ပါတယ္။ ေမာ္ဒယ္နံပါတ္ LM-T600L နဲ႔ထြက္ရွိလာတဲ့ LG G Pad 5 10.1 ဟာ ၂၀၁၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့ LG G Pad 4 ရဲ႕ဆက္ခံသူျဖစ္ၿပီး ပိုႀကီးတဲ့ Screen နဲ႔ ဘကၳရီ တုိ႔ပါဝင္လာပါတယ္။

LG G Pad 5 10.1 ဟာ နာမည္အတုိင္းပဲ 10.1” လက္မအရြယ္ Full-HD+ IPS LCD Display တစ္ခုပါဝင္ၿပီး Resolution က 1920 x 1200p ရွိပါတယ္။ သူ႕ရဲ႕ Display မွာ ၾကည့္ရႈသူရဲ႕မ်က္စိေညာင္းညာမႈကို ေလ်ာ့ခ်ေပးႏုိင္မယ့္ အျပာေရာင္ Light Filter တစ္ခုပါဝင္ပါတယ္။ ဒါ့အျပင္ စာဖတ္တဲ့အခါမွာ ပိုၿပီးထိခုိက္မႈနည္းေအာင္ အျဖဴအမည္းေျပာင္းႏုိင္မယ့္ Mode လည္း ပါဝင္တယ္။

အတြင္းမွာ 2.34GHz Quad-core Snapdragon 821 ခ်စ္ပ္ဆက္ အသုံးျပဳထားၿပီး မန္မုိရီက 4GB LPDDR4 RAM နဲ႔ 32GB UFS 2.0 Storage တုိ႔ျဖစ္ပါတယ္။ Storage နည္းတယ္လို႔ ထင္ရင္ေတာ့ MicroSD Card နဲ႔ 512GB ထိ တုိးျမွင့္ႏုိင္မွာပါ။

Tablet ျဖစ္တဲ့အတုိင္း ကင္မရာကုိ သိပ္အသားမေပးဘဲ ေနာက္ဘက္မွာ Autofocus ပါတဲ့ 8MP ကင္မရာတစ္လုံးနဲ႔ ေရွ႕ဘက္မွာ 5MP တစ္လုံးတုိ႔ ပါဝင္ပါတယ္။ ဘကၳရီကေတာ့ 8,200 mAh အႀကီးစား ဘကၳရီႀကီးကုိ Quick Charge 3.0 အားျဖည့္စနစ္နဲ႔ ျဖစ္ပါတယ္။ စက္ႏွင္စနစ္ကုိ Android 9.0 ပဲအသုံးျပဳလာၿပီး Fingerprint Scanner တစ္ခုလည္း ပါပါတယ္။

အျပင္ကိုယ္ထည္ကို သတၱဳနဲ႔ျပဳလုပ္ထားတဲ့ LG G Pad 5 10.1 ဟာ ကုိယ္ထည္အခ်ဳိး 247.2 x 150.7 x 8mm ရွိၿပီး စုစုေပါင္း 498g ေတာင္ေလးပါတယ္။ ေလာေလာဆယ္မွာ Silver ကာလာတစ္မ်ဳိးတည္း ထြက္ရွိထားၿပီး တန္ဖိုးက ကိုရီးယားဝမ္ ေလးသိန္းေလးေသာင္း (ျမန္မာေငြ ငါးသိန္းခုနစ္ေသာင္းေက်ာ္) သတ္မွတ္ထားပါတယ္။ ႏုိင္ငံတကာ ထြက္ရွိရက္ကိုေတာ့ မသိရေသးပါဘူး။

Ref – Gizmo China

Unicode

LG ကုမ္ပဏီဟာ သူတို့ရဲ့နောက်ဆုံးပေါ် Tablet ထုတ်ကုန်ဖြစ်တဲ့ G Pad 5 10.1 ကို အခုနိုဝင်ဘာ ၃ ရက်နေ့မှာပဲ တောင်ကိုရီးယားနိုင်ငံတွင်း မိတ်ဆက်ခဲ့ပါတယ်။ မော်ဒယ်နံပါတ် LM-T600L နဲ့ထွက်ရှိလာတဲ့ LG G Pad 5 10.1 ဟာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ LG G Pad 4 ရဲ့ဆက်ခံသူဖြစ်ပြီး ပိုကြီးတဲ့ Screen နဲ့ ဘက္ထရီ တို့ပါဝင်လာပါတယ်။

LG G Pad 5 10.1 ဟာ နာမည်အတိုင်းပဲ 10.1” လက်မအရွယ် Full-HD+ IPS LCD Display တစ်ခုပါဝင်ပြီး Resolution က 1920 x 1200p ရှိပါတယ်။ သူ့ရဲ့ Display မှာ ကြည့်ရှုသူရဲ့မျက်စိညောင်းညာမှုကို လျော့ချပေးနိုင်မယ့် အပြာရောင် Light Filter တစ်ခုပါဝင်ပါတယ်။ ဒါ့အပြင် စာဖတ်တဲ့အခါမှာ ပိုပြီးထိခိုက်မှုနည်းအောင် အဖြူအမည်းပြောင်းနိုင်မယ့် Mode လည်း ပါဝင်တယ်။

အတွင်းမှာ 2.34GHz Quad-core Snapdragon 821 ချစ်ပ်ဆက် အသုံးပြုထားပြီး မန်မိုရီက 4GB LPDDR4 RAM နဲ့ 32GB UFS 2.0 Storage တို့ဖြစ်ပါတယ်။ Storage နည်းတယ်လို့ ထင်ရင်တော့ MicroSD Card နဲ့ 512GB ထိ တိုးမြှင့်နိုင်မှာပါ။

Tablet ဖြစ်တဲ့အတိုင်း ကင်မရာကို သိပ်အသားမပေးဘဲ နောက်ဘက်မှာ Autofocus ပါတဲ့ 8MP ကင်မရာတစ်လုံးနဲ့ ရှေ့ဘက်မှာ 5MP တစ်လုံးတို့ ပါဝင်ပါတယ်။ ဘက္ထရီကတော့ 8,200 mAh အကြီးစား ဘက္ထရီကြီးကို Quick Charge 3.0 အားဖြည့်စနစ်နဲ့ ဖြစ်ပါတယ်။ စက်နှင်စနစ်ကို Android 9.0 ပဲအသုံးပြုလာပြီး Fingerprint Scanner တစ်ခုလည်း ပါပါတယ်။

အပြင်ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ထားတဲ့ LG G Pad 5 10.1 ဟာ ကိုယ်ထည်အချိုး 247.2 x 150.7 x 8mm ရှိပြီး စုစုပေါင်း 498g တောင်လေးပါတယ်။ လောလောဆယ်မှာ Silver ကာလာတစ်မျိုးတည်း ထွက်ရှိထားပြီး တန်ဖိုးက ကိုရီးယားဝမ် လေးသိန်းလေးသောင်း (မြန်မာငွေ ငါးသိန်းခုနစ်သောင်းကျော်) သတ်မှတ်ထားပါတယ်။ နိုင်ငံတကာ ထွက်ရှိရက်ကိုတော့ မသိရသေးပါဘူး။

Ref – Gizmo China