LG ကနေ နောက်နှစ် ၂၀၁၈ ခုနှစ်မှာ ထွက်ရှိမယ့် LG G7 စမတ်ဖုန်းအတွက် အလွန်အဆင့်မြင့်တဲ့ မျက်ကြည်လွှာကို စကင်ဖတ်ပြီး ဖုန်းကို Lock ဖွင့်နိုင်တဲ့ Iris Scanner နည်းပညာအသစ်ကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

Iris Scanner နည်းပညာဟာ Samsung ကိုယ်တိုင်က ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် အခု LG က တီထွင်လိုက်တဲ့ Iris Scanner နည်းပညာက Smasung ရဲ့ Iris Scanner ထက် များစွာ အဆင့်မြင့်မှာဖြစ်ပါတယ်။

အဆိုပါ LG ရဲ့ Iris Scanner မှာဆိုရင် မျက်လုံးကို Scan ဖတ်နိုင်ဖို့ Screen အလင်းရောင်ကို အလိုအလျောက်ချိန်ညှိပေးသွားမှာဖြစ်တဲ့အပြင် မျက်လုံးရဲ့ မျက်ကြည်လွှာ အရွယ်အစားပြောင်းလဲသွားတာ၊ အလင်းရောင် ဘယ်လောက်ဝင်ရောက်တာ၊ နောက်ပြီး မျက်လုံးက ဘယ်နေရာကို ကြည့်နေတာလဲဆိုတာပါ အသေးစိတ်ဖတ်ယူသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းပိုင်ရှင်ကိုယ်တိုင်ရဲ့ မျက်လုံးက ဖုန်းကိုကြည့်လိုက်မှ Unlock လုပ်ပေးမှာဖြစ်ပြီးတော့ အခုလိုမျိုးခွဲခြားနိုင်ဖို့အတွက် Iris Sensor ကို သီးသန့်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

နောက်ထပ်ထူးခြားတဲ့အချက်က LG ရဲ့ Iris Scanner နည်းပညာက Infrared Camera မှာအပြင် သာမန် ကင်မရာမှာပါ အလုပ်လုပ်နိုင်တဲ့အတွက် သီးခြားကင်မရာနည်းပညာမလိုအပ်ပဲနဲ့တောင် အသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။