Zawgyi

LG အေနနဲ႔ G7 မ်ိဴးႏြယ္ဝင္ေတြျဖစ္တဲ့ LG G7 One နဲ႔ LG G7 Fit စမတ္ဖုန္းေတြကို ထုတ္ေဖာ္ျပသလိုက္ၿပီ ျဖစ္ပါတယ္။ LG G7 One နဲ႔ G7 Fit တို႔ရဲ႕ Display Size နဲ႔ ဘက္ထရီ ပမာဏေတြဟာ Flagship စမတ္ဖုန္း ျဖစ္တဲ့ G7 ThinQ နဲ႔ တူညီေနပါတယ္။ LG G7 One ဟာ LG ရဲ႕ ပထမဦးဆုံး Android One စမတ္ဖုန္း ျဖစ္ၿပီး Android 8.1 Oreo နဲ႔ ပြဲထြက္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Android 9.0 Pie ကိုလည္း မၾကာခင္ Update ျပဳလုပ္ႏိုင္မယ္လို႔ သိရပါတယ္။

LG G7 One နဲ႔ G7 Fit တို႔ရဲ႕ Display အပိုင္းအတြက္ ၆.၁ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ QHD+ LCD Display (1440 x 3120 pixels) ကို အသုံးျပဳထားၿပီး ဘက္ထရီ ပမာဏကေတာ့ 3000mAh ပါဝင္မွာပါ။ LG G7 One ရဲ႕ Processor အပိုင္းအတြက္ ၿပီးခဲ့တဲ့ ႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Snapdragon 835 SoC ကိုအသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 32GB ထည့္သြင္းေပးထားၿပီး MicroSD Card ထပ္စိုက္ႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာ Aperture f/1.6 ရွိတဲ့ 16MP Camera တစ္လုံးတည္းသာ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP Camera ကို တပ္ဆင္ေပးထားပါတယ္။

LG G7 Fit ရဲ႕ Processor အပိုင္းအတြက္ ၂၀၁၆ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Qualcomm ရဲ႕ Snapdragon 821 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 32GB နဲ႔ 64GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာ Aperture f/2.2 ရွိတဲ့ 16MP Camera တစ္လုံးတည္းသာ တပ္ဆင္ထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ G7 One မွာလိုမ်ိဴး 8MP Camera ကို တပ္ဆင္ထားမွာပါ။


ေမာ္ဒယ္ ၂မ်ိဴးစလုံးမွာ USB Type-C, IP68 Water and Dust Resistance, Face Recognition, Fingerprint Sensor, NFC နဲ႔ Qualcomm ရဲ႕ Quick Charge 3.0 အျမန္အားသြင္းစနစ္တို႔ ပါဝင္မွာ ျဖစ္ပါတယ္။ LG အေနနဲ႔ G7 One နဲ႔ G7 Fit တို႔ရဲ႕ တန္ဖိုးနဲ႔ စတင္ေရာင္းခ်သြားမယ့္ေနရက္ကိုေတာ့ IFA 2018 မွာ ထုတ္ျပန္ေၾကျငာႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

Ref:phonearena

Unicode

Processor အဟောင်းတွေနဲ့ ပွဲထွက်လာမယ့် LG စမတ်ဖုန်း အသစ်များ

LG အနေနဲ့ G7 မျိူးနွယ်ဝင်တွေဖြစ်တဲ့ LG G7 One နဲ့ LG G7 Fit စမတ်ဖုန်းတွေကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။ LG G7 One နဲ့ G7 Fit တို့ရဲ့ Display Size နဲ့ ဘက်ထရီ ပမာဏတွေဟာ Flagship စမတ်ဖုန်း ဖြစ်တဲ့ G7 ThinQ နဲ့ တူညီနေပါတယ်။ LG G7 One ဟာ LG ရဲ့ ပထမဦးဆုံး Android One စမတ်ဖုန်း ဖြစ်ပြီး Android 8.1 Oreo နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Android 9.0 Pie ကိုလည်း မကြာခင် Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

LG G7 One နဲ့ G7 Fit တို့ရဲ့ Display အပိုင်းအတွက် ၆.၁ လက်မ မျက်နှာပြင် အကျယ်ရှိ QHD+ LCD Display (1440 x 3120 pixels) ကို အသုံးပြုထားပြီး ဘက်ထရီ ပမာဏကတော့ 3000mAh ပါဝင်မှာပါ။ LG G7 One ရဲ့ Processor အပိုင်းအတွက် ပြီးခဲ့တဲ့ နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Snapdragon 835 SoC ကိုအသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 32GB ထည့်သွင်းပေးထားပြီး MicroSD Card ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ကျောဘက်မှာ Aperture f/1.6 ရှိတဲ့ 16MP Camera တစ်လုံးတည်းသာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ပေးထားပါတယ်။

LG G7 Fit ရဲ့ Processor အပိုင်းအတွက် ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Qualcomm ရဲ့ Snapdragon 821 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 32GB နဲ့ 64GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ နောက်ကျောဘက်မှာ Aperture f/2.2 ရှိတဲ့ 16MP Camera တစ်လုံးတည်းသာ တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ G7 One မှာလိုမျိူး 8MP Camera ကို တပ်ဆင်ထားမှာပါ။


မော်ဒယ် ၂မျိူးစလုံးမှာ USB Type-C, IP68 Water and Dust Resistance, Face Recognition, Fingerprint Sensor, NFC နဲ့ Qualcomm ရဲ့ Quick Charge 3.0 အမြန်အားသွင်းစနစ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ LG အနေနဲ့ G7 One နဲ့ G7 Fit တို့ရဲ့ တန်ဖိုးနဲ့ စတင်ရောင်းချသွားမယ့်နေရက်ကိုတော့ IFA 2018 မှာ ထုတ်ပြန်ကြေငြာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref:phonearena