[Unicode]

LG က တောင်ကိုရီးယားမှာ G8 ThinQ အတွက် Android 10 Update ကို ပြီးခဲ့တဲ့လက ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ နောက်ထပ် LG ဖုန်း ၁ လုံးမှာ ရတော့မှာပါ။ ဒီတစ်ကြိမ်မှာတော့ မြောက်အမေရိကမှာ ဖြစ်ပြီး G7 One အတွက် ဖြန့်ချိပေးလိုက်ပါတယ်။

အဲဒီမော်ဒယ်ကို Android One Program ကနေ ၂၀၁၈ ခုနှစ်က ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး နောက်ဆုံးထုတ် OS ကို အစောဆုံးရတဲ့ LG ရဲ့ ဖုန်းတွေထဲက ၁ လုံးဖြစ်နေတာတော့ အံ့အားသင့်စရာ ဖြစ်ပါတယ်။ Android One Devices တွေရဲ့ Software ဟာ Google Pixels တွေနဲ့ အရမ်းတူတဲ့အတွက် ဒီလို မြန်မြန်ရရှိတာ ဖြစ်နိုင်ပါတယ်။

G7 One တွေအတွက် Android 10 Update ကို ကနေဒါမှာလည်း ရနေပြီ ဖြစ်ပြီး ဖိုင်အရွယ်အစားက 741MB ဖြစ်ပါတယ်။ Over-the-air ကနေ ဒေါင်းလုပ်ရယူရမှာ ဖြစ်ပါတယ်။ Update မှာ Android 10 ရဲ့ လုပ်ဆောင်ချက်တွေ ပါတဲ့အပြင် ကင်မရာ စွမ်းရည်တွေ တိုးတက်လာပါတယ်။ အသုံးပြုရတဲ့ အပိုင်းမှာလည်း ပိုကောင်းလာပါတယ်။ Update မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်အတွက် Security Patch ပါပါတယ်။

တခြား နိုင်ငံတွေက G7 One ပိုင်ရှင်တွေအတွက် Android 10 Update ကို မကြာခင် ဖြန့်ချိပေးမယ်လို့ ထင်ပါတယ်။ သင့်ဖုန်းမှာ Update ရရင် Notification ကနေ အသိပေးမှာ ဖြစ်သလို ကိုယ်တိုင် စစ်ချင်ရင် Settings> System Update ကို သွားပါ။ မကြာခင်မှာ တခြား LG ဖုန်းတွေအတွက် Android 10 လာတော့မှာပါ။

Ref : gsmarena

[Zawgyi]

LG G7 One အတြက္ Android 10 Update ရၿပီ

LG က ေတာင္ကိုရီးယားမွာ G8 ThinQ အတြက္ Android 10 Update ကို ၿပီးခဲ့တဲ့လက ျဖန္႔ခ်ိေပးခဲ့ပါတယ္။ အခုေတာ့ ေနာက္ထပ္ LG ဖုန္း ၁ လံုးမွာ ရေတာ့မွာပါ။ ဒီတစ္ႀကိမ္မွာေတာ့ ေျမာက္အေမရိကမွာ ျဖစ္ၿပီး G7 One အတြက္ ျဖန္႔ခ်ိေပးလိုက္ပါတယ္။

အဲဒီေမာ္ဒယ္ကို Android One Program ကေန ၂၀၁၈ ခုႏွစ္က ထုတ္လုပ္ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး ေနာက္ဆံုးထုတ္ OS ကို အေစာဆံုးရတဲ့ LG ရဲ႕ ဖုန္းေတြထဲက ၁ လံုးျဖစ္ေနတာေတာ့ အံ့အားသင့္စရာ ျဖစ္ပါတယ္။ Android One Devices ေတြရဲ႕ Software ဟာ Google Pixels ေတြနဲ႔ အရမ္းတူတဲ့အတြက္ ဒီလို ျမန္ျမန္ရရွိတာ ျဖစ္ႏုိင္ပါတယ္။

G7 One ေတြအတြက္ Android 10 Update ကို ကေနဒါမွာလည္း ရေနၿပီ ျဖစ္ၿပီး ဖုိင္အရြယ္အစားက 741MB ျဖစ္ပါတယ္။ Over-the-air ကေန ေဒါင္းလုပ္ရယူရမွာ ျဖစ္ပါတယ္။ Update မွာ Android 10 ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ပါတဲ့အျပင္ ကင္မရာ စြမ္းရည္ေတြ တိုးတက္လာပါတယ္။ အသံုးျပဳရတဲ့ အပိုင္းမွာလည္း ပိုေကာင္းလာပါတယ္။ Update မွာ ၂၀၁၉ ခုႏွစ္ ႏို၀င္ဘာလ ၁ ရက္အတြက္ Security Patch ပါပါတယ္။

တျခား ႏုိင္ငံေတြက G7 One ပိုင္ရွင္ေတြအတြက္ Android 10 Update ကို မၾကာခင္ ျဖန္႔ခ်ိေပးမယ္လို႔ ထင္ပါတယ္။ သင့္ဖုန္းမွာ Update ရရင္ Notification ကေန အသိေပးမွာ ျဖစ္သလို ကိုယ္တိုင္ စစ္ခ်င္ရင္ Settings> System Update ကို သြားပါ။ မၾကာခင္မွာ တျခား LG ဖုန္းေတြအတြက္ Android 10 လာေတာ့မွာပါ။

Ref : gsmarena