LG ကနေ Samsung Galaxy S9 နဲ့ အပြိုင်ဖြစ်လာမယ့် Flagship စမတ်ဖုန်းတစ်ခုကို မကြာခင်ထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။ မနှစ်တုန်းက LG G6 ဟာ Samsung Galaxy S8 ထက် အရင် ထွက်ရှိလာခဲ့တယ်ဆိုပေမယ့် ဒီနှစ်မှာတော့ Samsung ထက်နောက်ကျမယ့်ပုံပါပဲ။

ဘာဖြစ်လို့လဲဆိုရင် အခုလက်ရှိမှာ CES 2018 နဲ့ လာမယ့်ဖေဖော်ဝါရီလမှာ MWC 2018 ပွဲတွေကျင်းပဖို့ရှိပြီး LG အနေနဲ့ အဆိုပါပွဲတွေကို ရှောင်လွှဲပြီးတော့ သီးသန့် Event တစ်ခုနဲ့ မိတ်ဆက်ဖို့ စီစဉ်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိသိရတဲ့သတင်းတွေအရတော့ LG ဟာ တောင်ကိုရီးယားနိုင်ငံမှာ လာမယ့် ဧပြီလ ၂၀ ရက်နေ့မှ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အခုထွက်ရှိလာမယ့် LG ရဲ့ Flagship စမတ်ဖုန်းဟာ LG G7 လို့ ခေါ်ဆိုတော့မှာမဟုတ်ပဲ နာမည်အသစ်နဲ့ ထွက်ရှိလာမှာဖြစ်သလို Qualcomm Snapdragon 845 CPU ၊ OLED Display နဲ့ ပိုပြီးကောင်းမွန်တဲ့ Iris Scanner တွေပါဝင်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် LG အနေနဲ့ လာမယ့် ဖေဖော်ဝါရီနဲ့ မတ်လဝန်းကျင်မှာထွက်ပေါ်လာမယ့် Samsung Galaxy S9 ကို ကျော်နိုင်ပါ့မလားဆိုတာကတော့ စဉ်းစားစရာကိစ္စတစ်ခုပါ။