Zawgyi

အခုဆိုရင္ ကိုရီးယား နည္းပညာ ကုမၸဏီႀကီး LG ကေန ၂၀၁၉ ခုႏွစ္အတြက္ Flagship ဖုန္းျဖစ္တဲ့ LG G8 ThinkQ ကို မိတ္ဆက္ဖို႔ ျပင္ေနပါၿပီ။ ဘယ္အခ်ိန္မိတ္ဆက္မယ္ မသိေသးပဲ လူအမ်ားစုကေတာ့ MWC 2019 မွာ မိတ္ဆက္္မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ အခု ေနာက္ဆုံးထြက္ေပၚလာတဲ့ ပုံေတြအရေတာ့ LG G8 ThinQ ရဲ႕ Notch ထဲမွာ Earpiece Speaker မပါေတာ့တာကိုေတြ႕ရပါတယ္။ OnePlus 6T မွာလို ထိပ္ဘက္ေဘာင္ေပၚမွာ တပ္ဆင္ေပးထားျခင္းလဲ မရွိပဲ “Sound on Display” လို႔ေခၚတဲ့ Display ကေန အသံထုတ္ေပးတဲ့ နည္းပညာတစ္ခုကို သုံးထားတာပါ။

G7 ThinQ မွာလို Notch ထဲမွာ Earpiece Speaker မတပ္ဆင္ေပးထားတဲ့ အေၾကာင္းရင္းကေတာ့ Notch ထဲမွာ Selfie Camera ေတြ အမ်ားႀကီး တပ္ဆင္ေပးထားမွာ မို႔လို႔ပါ။ အနီးကပ္ပုံေတြအရ LG G8 ThinQ ရဲ႕ ထိပ္ဘက္ Notch ထဲမွာ Selfie Camera သုံးလုံးေတြ႕ရၿပီး ပုံမွန္ Selfie Camera နဲ႕ အတူ 3D Faceunlock စနစ္ကို အသုံးျပဳထားတယ္လို႔ယူဆရပါတယ္။ LG ရဲ႕ MWC 2019 Teaser Video မွာ “Goodbye to Touch” လို႔ ေျပာထားတဲ့ အတြက္ Display ရဲ႕ အေပၚ ေလထဲကေန Hand Gesture ေတြနဲ႕ အသုံးျပဳနိုင္ေစမယ့္ TOF Sensor ေတြလည္း ပါဝင္လာနိုင္ပါတယ္။

ဖုန္းေနာက္ေက်ာဘက္မွာေတာ့ အရင္လို ကင္မရာ ေဒါင္လိုက္မဟုတ္ေတာ့ပဲ V40 ThinQ မွာလို အလ်ားလိုက္ တပ္ဆင္ေပးထားပါတယ္။ ကင္မရာသုံးလုံးတြဲ စနစ္ တပ္ဆင္ေပးထားမယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ အခုထြက္ေပၚလာတဲ့ ပုံေတြမွာေတာ့ ကင္မရာ ႏွစ္လုံးတြဲစနစ္ပဲ ေတြ႕ရပါတယ္။ Camera Sensor အမ်ိဳးအစားေတြေတာ့ ေသခ်ာသိရျခင္းမရွိေသးပါဘူး။ ေနာက္ေက်ာဘက္ Fingerprint Scanner ကိုေတြ႕ရတဲ့အတြက္ In-Display Fingerprint Scanner အသုံးမျပဳေသးပါဘူး။ 3.5mm နားက်ပ္ေပါက္လည္း ပါဝင္မွာျဖစ္ၿပီး DTS Speaker ေတြလည္း တပ္ဆင္ေပးထားပါေသးတယ္။

LG G8 ThinQ ရဲ႕ တစ္ျခား အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ သိရျခင္းမရွိေသးပါဘူး။ ၂၀၁၉ ရဲ႕ Flagship Android ေတြမွာ အသုံးျပဳမယ့္ Snapdragon 855 ကိုပဲ LG G8 မွာ ေတြ႕နိုင္ၿပီး ဘက္ထရီပမာဏ 4,000mAh ရွိမယ္လို႔ေတာ့ ခန႔္မွန္းရပါတယ္။

Ref: XDA

Unicode

Earpiece Speaker မပါတော့မယ့် LG G8 ThinQ

အခုဆိုရင် ကိုရီးယား နည်းပညာ ကုမ္ပဏီကြီး LG ကနေ ၂၀၁၉ ခုနှစ်အတွက် Flagship ဖုန်းဖြစ်တဲ့ LG G8 ThinkQ ကို မိတ်ဆက်ဖို့ ပြင်နေပါပြီ။ ဘယ်အချိန်မိတ်ဆက်မယ် မသိသေးပဲ လူအများစုကတော့ MWC 2019 မှာ မိတ်ဆက််မယ်လို့ ခန့်မှန်းနေကြပါတယ်။ အခု နောက်ဆုံးထွက်ပေါ်လာတဲ့ ပုံတွေအရတော့ LG G8 ThinQ ရဲ့ Notch ထဲမှာ Earpiece Speaker မပါတော့တာကိုတွေ့ရပါတယ်။ OnePlus 6T မှာလို ထိပ်ဘက်ဘောင်ပေါ်မှာ တပ်ဆင်ပေးထားခြင်းလဲ မရှိပဲ “Sound on Display” လို့ခေါ်တဲ့ Display ကနေ အသံထုတ်ပေးတဲ့ နည်းပညာတစ်ခုကို သုံးထားတာပါ။

G7 ThinQ မှာလို Notch ထဲမှာ Earpiece Speaker မတပ်ဆင်ပေးထားတဲ့ အကြောင်းရင်းကတော့ Notch ထဲမှာ Selfie Camera တွေ အများကြီး တပ်ဆင်ပေးထားမှာ မို့လို့ပါ။ အနီးကပ်ပုံတွေအရ LG G8 ThinQ ရဲ့ ထိပ်ဘက် Notch ထဲမှာ Selfie Camera သုံးလုံးတွေ့ရပြီး ပုံမှန် Selfie Camera နဲ့ အတူ 3D Faceunlock စနစ်ကို အသုံးပြုထားတယ်လို့ယူဆရပါတယ်။ LG ရဲ့ MWC 2019 Teaser Video မှာ “Goodbye to Touch” လို့ ပြောထားတဲ့ အတွက် Display ရဲ့ အပေါ် လေထဲကနေ Hand Gesture တွေနဲ့ အသုံးပြုနိုင်စေမယ့် TOF Sensor တွေလည်း ပါဝင်လာနိုင်ပါတယ်။

ဖုန်းနောက်ကျောဘက်မှာတော့ အရင်လို ကင်မရာ ဒေါင်လိုက်မဟုတ်တော့ပဲ V40 ThinQ မှာလို အလျားလိုက် တပ်ဆင်ပေးထားပါတယ်။ ကင်မရာသုံးလုံးတွဲ စနစ် တပ်ဆင်ပေးထားမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုထွက်ပေါ်လာတဲ့ ပုံတွေမှာတော့ ကင်မရာ နှစ်လုံးတွဲစနစ်ပဲ တွေ့ရပါတယ်။ Camera Sensor အမျိုးအစားတွေတော့ သေချာသိရခြင်းမရှိသေးပါဘူး။ နောက်ကျောဘက် Fingerprint Scanner ကိုတွေ့ရတဲ့အတွက် In-Display Fingerprint Scanner အသုံးမပြုသေးပါဘူး။ 3.5mm နားကျပ်ပေါက်လည်း ပါဝင်မှာဖြစ်ပြီး DTS Speaker တွေလည်း တပ်ဆင်ပေးထားပါသေးတယ်။

LG G8 ThinQ ရဲ့ တစ်ခြား အသေးစိတ် အချက်အလက်တွေကိုတော့ သိရခြင်းမရှိသေးပါဘူး။ ၂၀၁၉ ရဲ့ Flagship Android တွေမှာ အသုံးပြုမယ့် Snapdragon 855 ကိုပဲ LG G8 မှာ တွေ့နိုင်ပြီး ဘက်ထရီပမာဏ 4,000mAh ရှိမယ်လို့တော့ ခန့်မှန်းရပါတယ်။

Ref: XDA