Zawgyi

မၾကာေသးခင္က ထြက္ေပၚလာခဲ့တဲ့ သတင္းေတြအရ Samsung ရဲ႕ Galaxy S10 မွာ အေတာ္ေလးေကာင္းမြန္တဲ့ Selfie ကင္မရာပါဝင္လာၿပီး ပံုရိပ္ေတြတည္ၿငိမ္ေအာင္ ကူညီေပးတဲ့ OIS အေထာက္အပ့ံနဲ႔အတူ အဆိုပါ Selfie ကင္မရာက တစ္ဆင့္ 4K အဆင့္ ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္မယ္လို႔ သိရပါတယ္။ အဆိုပါ သတင္းေတြသာ မွန္ကန္ခဲ့ရင္ Galaxy S10 ဟာ ကင္မရာ အေကာင္းဆံုး ဖုန္းတစ္လံုးျဖစ္လာပါလိမ့္မယ္။ Galaxy S10 ကို ယွဥ္ၿပိဳင္မယ့္ ဖုန္းတစ္လံုးကို ျပရမယ္ဆိုရင္ေတာ့ LG G8 ThinQ ျဖစ္ပါလိမ့္မယ္။ ရက္ေပါင္းမ်ားစြာၾကာေအာင္ ေကာလဟလေတြ ထြက္ေပၚေနခဲ့တဲ့ LG G8 ThinQ ရဲ႕ Spec အခ်ိဳ႕ကို LG ကေန တရားဝင္ ေဖာ္ျပလိုက္ပါၿပီ။


LG G8 ThinQ မွာ TOF Sensor ပါဝင္လာမယ္လို႔ ရက္ေပါင္းမ်ားစြာၾကာေအာင္ သတင္းေတြ ထြက္ေပၚလာၿပီးတဲ့ေနာက္မွာေတာ့ အဆိုပါ သတင္းကို LG ကေန တရားဝင္အတည္ျပဳလိုက္တာပါ။ LG G8 ThinQ မွာ တပ္ဆင္ေပးထားတဲ့ Selfie ကင္မရာဟာ TOF ( Time of Flight) Sensor ျဖစ္ၿပီး Portrait ပံုေတြ ႐ိုက္ကူးျခင္းနဲ႔ 3D Faceunlock စနစ္အသံုးျပဳျခင္းတို႔ကို အေထာက္အပ့ံေပးမွာပါ။ LG ဟာ အဆိုပါ နည္းပညာအတြက္ ဂ်ာမန္ ကုမၸဏီတစ္ခုနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာပါ။ TOF Sensor ဟာ အလင္းအားနည္းတဲ့ အခ်ိန္ေတြမွာလည္း အလုပ္လုပ္ႏိုင္တာေၾကာင့္ တစ္ျခား Faceunlock စနစ္ေတြထက္ အမ်ားႀကီး သာလြန္ေကာင္းမြန္ပါတယ္။ iPhone မွာ အသံုးျပဳထားတဲ့ Structured Lighting System နဲ႔ ယွဥ္ရင္ TOF စနစ္ဟာ ထုတ္လုပ္ရတာ ပိုမိုလြယ္ကူၿပီး ေစ်းႏႈန္းလည္း ပိုမိုသက္သာပါတယ္၊ LG ရဲ႕ တရားဝင္ထုတ္ျပန္လိုက္တဲ့ Press Released အရ LG G8 ThinQ ဟာ ကင္မရာပိုင္းကို အက်အန အာရံုစိုက္ၿပီး ထုတ္လုပ္ထားတာပါ။

LG G8 ThinQ ကို ေဖေဖာ္ဝါရီ လလယ္ ေလာက္မွာ မိတ္ဆက္မွာျဖစ္ပါတယ္။ ၂၀၁၉ ရဲ႕ နာမည္ႀကီး မိုဘိုင္း ပ႐ိုဆက္ဆာျဖစ္တဲ့ Snapdragon 855 ကို အသံုးျပဳထားပါတယ္။ LG ရဲ႕ ထံုးစံအတိုင္း အသံထြက္ပိုင္းနဲ႔ ကင္မရာ လုပ္ေဆာင္ခ်က္ေတြကို အသားေပးထားတာေၾကာင့္ DTS Speaker ေတြနဲ႔ အတူ ေနာက္ေက်ာဘက္မွာ ကင္မရာ သံုးလံုးတြဲ စနစ္ကိုလည္းေတြ႕ျမင္ရမွာပါ။ ဘက္ထရီ ပမာဏ 3,500mAh ပါဝင္ၿပီး အားအျမန္သြင္းစနစ္လည္း ပါဝင္မွာပါ။ TOF Selfie ကင္မရာ စနစ္ေၾကာင့္ Earpiece Speaker ကို ျဖဳတ္ထားႏိုင္ၿပီး မ်က္ႏွာျပင္ကေန အသံတုန္ခါေစတဲ့ နည္းပညာကို အသံုးျပဳထားမွာပါ။ 3D Faceunlock စနစ္ေတြ တပ္ဆင္ထားတာေၾကာင့္ Waterdrop Notch လို Notch ေသးေသးေလးေတြ႕ရမွာ မဟုတ္ပဲ LG G7 ThinQ မွာလိုပဲ သမား႐ိုးက် Notch မ်ိဳးေတြ႕ရမွာပါ။

Ref: Gizmo China

Unicode

TOF Sensor နဲ့အတူ 3D Faceunlock စနစ်ပါဝင်လာမယ့် LG G8 ThinQ

မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ Samsung ရဲ့ Galaxy S10 မှာ အတော်လေးကောင်းမွန်တဲ့ Selfie ကင်မရာပါဝင်လာပြီး ပုံရိပ်တွေတည်ငြိမ်အောင် ကူညီပေးတဲ့ OIS အထောက်အပံ့နဲ့အတူ အဆိုပါ Selfie ကင်မရာက တစ်ဆင့် 4K အဆင့် ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ အဆိုပါ သတင်းတွေသာ မှန်ကန်ခဲ့ရင် Galaxy S10 ဟာ ကင်မရာ အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်လာပါလိမ့်မယ်။ Galaxy S10 ကို ယှဉ်ပြိုင်မယ့် ဖုန်းတစ်လုံးကို ပြရမယ်ဆိုရင်တော့ LG G8 ThinQ ဖြစ်ပါလိမ့်မယ်။ ရက်ပေါင်းများစွာကြာအောင် ကောလဟလတွေ ထွက်ပေါ်နေခဲ့တဲ့ LG G8 ThinQ ရဲ့ Spec အချို့ကို LG ကနေ တရားဝင် ဖော်ပြလိုက်ပါပြီ။

LG G8 ThinQ မှာ TOF Sensor ပါဝင်လာမယ်လို့ ရက်ပေါင်းများစွာကြာအောင် သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ အဆိုပါ သတင်းကို LG ကနေ တရားဝင်အတည်ပြုလိုက်တာပါ။ LG G8 ThinQ မှာ တပ်ဆင်ပေးထားတဲ့ Selfie ကင်မရာဟာ TOF ( Time of Flight) Sensor ဖြစ်ပြီး Portrait ပုံတွေ ရိုက်ကူးခြင်းနဲ့ 3D Faceunlock စနစ်အသုံးပြုခြင်းတို့ကို အထောက်အပံ့ပေးမှာပါ။ LG ဟာ အဆိုပါ နည်းပညာအတွက် ဂျာမန် ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ TOF Sensor ဟာ အလင်းအားနည်းတဲ့ အချိန်တွေမှာလည်း အလုပ်လုပ်နိုင်တာကြောင့် တစ်ခြား Faceunlock စနစ်တွေထက် အများကြီး သာလွန်ကောင်းမွန်ပါတယ်။ iPhone မှာ အသုံးပြုထားတဲ့ Structured Lighting System နဲ့ ယှဉ်ရင် TOF စနစ်ဟာ ထုတ်လုပ်ရတာ ပိုမိုလွယ်ကူပြီး ဈေးနှုန်းလည်း ပိုမိုသက်သာပါတယ်၊ LG ရဲ့ တရားဝင်ထုတ်ပြန်လိုက်တဲ့ Press Released အရ LG G8 ThinQ ဟာ ကင်မရာပိုင်းကို အကျအန အာရုံစိုက်ပြီး ထုတ်လုပ်ထားတာပါ။

LG G8 ThinQ ကို ဖေဖော်ဝါရီ လလယ် လောက်မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ ၂၀၁၉ ရဲ့ နာမည်ကြီး မိုဘိုင်း ပရိုဆက်ဆာဖြစ်တဲ့ Snapdragon 855 ကို အသုံးပြုထားပါတယ်။ LG ရဲ့ ထုံးစံအတိုင်း အသံထွက်ပိုင်းနဲ့ ကင်မရာ လုပ်ဆောင်ချက်တွေကို အသားပေးထားတာကြောင့် DTS Speaker တွေနဲ့ အတူ နောက်ကျောဘက်မှာ ကင်မရာ သုံးလုံးတွဲ စနစ်ကိုလည်းတွေ့မြင်ရမှာပါ။ ဘက်ထရီ ပမာဏ 3,500mAh ပါဝင်ပြီး အားအမြန်သွင်းစနစ်လည်း ပါဝင်မှာပါ။ TOF Selfie ကင်မရာ စနစ်ကြောင့် Earpiece Speaker ကို ဖြုတ်ထားနိုင်ပြီး မျက်နှာပြင်ကနေ အသံတုန်ခါစေတဲ့ နည်းပညာကို အသုံးပြုထားမှာပါ။ 3D Faceunlock စနစ်တွေ တပ်ဆင်ထားတာကြောင့် Waterdrop Notch လို Notch သေးသေးလေးတွေ့ရမှာ မဟုတ်ပဲ LG G7 ThinQ မှာလိုပဲ သမားရိုးကျ Notch မျိုးတွေ့ရမှာပါ။

Ref: Gizmo China