[Zawgyi]





Ref : gsmarena

[Unicode]

LG G8 ThinQ အတွက် Android 10 ရပြီ

LG က တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ လက G8 ThinQ အတွက် Android 10 Beta Program ကို ပြုလုပ်ပေးခဲ့ပြီး အခုတော့ Android 10 Stable Version ကို စတင် ဖြန့်ချိပေးလိုက်ပါပြီ။ Software Version က G820N20c ဖြစ်ပြီး အသေးစိတ် Changelog ကို လက်ရှိမှာ မသိရသေးပါဘူး။ ဒါပေမယ့် Update မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွက် Security Patch နဲ့ Android 10 ရဲ့ လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပါတယ်။

လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တောင်ကိုရီးယားက G8 ThinQ အားလုံးမှာ Android 10 Update ကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် တခြား နိုင်ငံတွေမှာ ဖြန့်ချိမယ့် အချိန်ကို မသိရသေးပါဘူး။ LG က တောင်ကိုရီးယားမှာ V50 ThinQ အတွက် Android 10 Beta Program ကို ပြုလုပ်ပေးလိုက်ပြီဖြစ်ပြီး အခုတော့ G8 ThinQ အတွက် Android 10 Stable Version ကို ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။ V50 ThinQ အတွက် Android 10 Stable Version ကို မကြာခင် ဖြန့်ချိပေးမယ်လို့ ထင်ပါတယ်။

LG က G8 ThinQ နဲ့ G8s ThinQ ကို ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Mobile World Congress မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ G8 ThinQ မှာ ၆.၁ လက်မ 3120x1440p OLED Display ပါလာပါတယ်။ အနောက်ဘက်မှာ 12MP Standard + 12MP Telephoto + 16MP Ultrawide Triple Camera ၃ လုံး ထည့်သွင်းထားပါတယ်။ 8MP Selfie Camera နဲ့ အပို 3D ToF Camera တွေ ပါလာပါတယ်။ 3D Camera က လက်က သွေးကြောတွေကို စစ်ဆေးပေးပြီး ဖုန်းကို Unlock လုပ်ပေးပါတယ်။ 3,500mAh Battery ပါပါတယ်။

Snapdragon 855 Chipset နဲ့ 6GB RAM ထည့်သွင်းထားပြီး Carmine Red, New Aurora Black နဲ့ Moroccan Blue အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena