[Zawgyi]

ကိုရီးယား နည္းပညာကုမၸဏီႀကီး LG ဟာ လာမယ့္ MWC ပြဲမွာ အနည္းဆုံးေတာ့ သူတို႔ရဲ႕ Flagship ႏွစ္မ်ိဳးကို ထုတ္ေဖာ္ျပသမယ္လို႔ သိထားၾကပါတယ္။ နာမည္ႀကီးေနတာေတြကေတာ့ 5G ကြန္ရက္ကို ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ LG V50 ThinQ လို႔ယူဆရတဲ့ဖုန္းနဲ႔ Foldable ဖုန္းတို႔ျဖစ္ပါတယ္။

LG အေနနဲ႔ MWC မွာျပသမယ့္စာရင္းထဲမွာ ထပ္ၿပီးပါဝင္လာတာက LG G8 ThinQ ျဖစ္ပါတယ္။ ဘရာဇီးလ္ဘက္ကေန ထြက္လာတဲ့ ေနာက္ဆုံးသတင္းကေတာ့ LG ရဲ႕ G-series Flagship သစ္ဟာ 3,500mAh ဘက္ထရီဆဲလ္ကို သုံးထားမွာျဖစ္တယ္ဆိုတာပါပဲ။ (Nominal capacity 3,400 mAh)

ဘယ္လိုပဲျဖစ္ျဖစ္ ဒီဘက္ထရီပမာဏက G7 ThinQ ထက္ေတာ့ ၁၅% ေလာက္ပိုမ်ားတယ္လို႔ ဆိုရမွာပါ။ ေနာက္ၿပီးေတာ့ ၂၀၁၃ ခုႏွစ္ ႏိုဝင္ဘာလတုန္းက ေၾကညာခဲ့တဲ့ G Glex ရဲ႕ ပမာဏနဲ႔ တူညီသြားၿပီျဖစ္ပါတယ္။ LG G8 ThinQ နဲ႔ ပတ္သက္တဲ့ သတင္းေတြကေတာ့ အေတာ္ေလး စိတ္ဝင္စားစရာေကာင္းပါတယ္။

LG G8 ThinQ ဟာ Notch နဲ႔ပဲ ထြက္ေပၚလာမယ္ဆိုေပမယ့္ Notch ထဲမွာ Earpiece Speaker မပါဝင္ေတာ့ဘဲ မ်က္ႏွာျပင္ကေနတစ္ဆင့္ အသံထုတ္လႊတ္မႈကို ျပဳလုပ္မယ့္ စနစ္အသုံးျပဳထားမယ္လို႔ သတင္းထြက္ေပၚထားပါတယ္။ Earpiece Speaker အစား လြတ္သြားတဲ့ေနရာမွာ Selfie ကင္မရာ ႏွစ္လုံးတပ္ဆင္ေပးမယ္လို႔လည္း သတင္းထြက္ထားတာပါ။ (မီဒီယာအခ်ိဳ႕ကေတာ့ သုံးလုံးလို႔ ေရးသားေဖာ္ျပၾကပါတယ္။)

Notch ပါဝင္တဲ့ မ်က္ႏွာျပင္ကေတာ့ 6.1-inch ရွိၿပီး 19.5:9 အခ်ိဳးျဖစ္ပါတယ္။ 3.5 mm audio jack လည္း ပါရွိဦးမွာျဖစ္ပါတယ္။ ေက်ာဘက္မွာ Fingerprint Scanner ေတြ႕ရတဲ့အတြက္ Under-Display Fingerprint ကေတာ့ ပါဝင္လာေတာ့မွာမဟုတ္ပါဘူး။

Ref: GSMArena

[Unicode]

LG G8 ThinQ ဟာ 3,500 mAh ဘက်ထရီသုံးထားကြောင်း သတင်းထွက်ပေါ်လာ

ကိုရီးယား နည်းပညာကုမ္ပဏီကြီး LG ဟာ လာမယ့် MWC ပွဲမှာ အနည်းဆုံးတော့ သူတို့ရဲ့ Flagship နှစ်မျိုးကို ထုတ်ဖော်ပြသမယ်လို့ သိထားကြပါတယ်။ နာမည်ကြီးနေတာတွေကတော့ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်မယ့် LG V50 ThinQ လို့ယူဆရတဲ့ဖုန်းနဲ့ Foldable ဖုန်းတို့ဖြစ်ပါတယ်။

LG အနေနဲ့ MWC မှာပြသမယ့်စာရင်းထဲမှာ ထပ်ပြီးပါဝင်လာတာက LG G8 ThinQ ဖြစ်ပါတယ်။ ဘရာဇီးလ်ဘက်ကနေ ထွက်လာတဲ့ နောက်ဆုံးသတင်းကတော့ LG ရဲ့ G-series Flagship သစ်ဟာ 3,500mAh ဘက်ထရီဆဲလ်ကို သုံးထားမှာဖြစ်တယ်ဆိုတာပါပဲ။ (Nominal capacity 3,400 mAh)

ဘယ်လိုပဲဖြစ်ဖြစ် ဒီဘက်ထရီပမာဏက G7 ThinQ ထက်တော့ ၁၅% လောက်ပိုများတယ်လို့ ဆိုရမှာပါ။ နောက်ပြီးတော့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတုန်းက ကြေညာခဲ့တဲ့ G Glex ရဲ့ ပမာဏနဲ့ တူညီသွားပြီဖြစ်ပါတယ်။ LG G8 ThinQ နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။

LG G8 ThinQ ဟာ Notch နဲ့ပဲ ထွက်ပေါ်လာမယ်ဆိုပေမယ့် Notch ထဲမှာ Earpiece Speaker မပါဝင်တော့ဘဲ မျက်နှာပြင်ကနေတစ်ဆင့် အသံထုတ်လွှတ်မှုကို ပြုလုပ်မယ့် စနစ်အသုံးပြုထားမယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ Earpiece Speaker အစား လွတ်သွားတဲ့နေရာမှာ Selfie ကင်မရာ နှစ်လုံးတပ်ဆင်ပေးမယ်လို့လည်း သတင်းထွက်ထားတာပါ။ (မီဒီယာအချို့ကတော့ သုံးလုံးလို့ ရေးသားဖော်ပြကြပါတယ်။)

Notch ပါဝင်တဲ့ မျက်နှာပြင်ကတော့ 6.1-inch ရှိပြီး 19.5:9 အချိုးဖြစ်ပါတယ်။ 3.5 mm audio jack လည်း ပါရှိဦးမှာဖြစ်ပါတယ်။ ကျောဘက်မှာ Fingerprint Scanner တွေ့ရတဲ့အတွက် Under-Display Fingerprint ကတော့ ပါဝင်လာတော့မှာမဟုတ်ပါဘူး။

Ref: GSMArena