[Zawgyi]

ေဖေဖာ္၀ါရီလမွာ က်င္းပခဲ့တဲ့ MWC 2019 မွာ ေၾကညာခဲ့တဲ့ LG G8s ThinQ ကို စတိုးဆိုင္မ်ားမွာ စာရင္းတင္လိုက္ပါၿပီ။ သူ႔မွာ LG G8 ရဲ႕ Specs နဲ႔ လုပ္ေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ ဒါေပမယ့္ သူက စြမ္းေဆာင္ရည္ အနည္းငယ္ ပိုနိမ့္ၿပီး ေစ်းသက္သာပါတယ္။ G8s ThinQ ရဲ႕ ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။

LG G8s ThinQ ရဲ႕ အဓိက Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855 Chipset, 6GB RAM , Triple Rear Cameras မ်ား ပါပါတယ္။ 12MP Standard+12MP Telephoto+ 13MP Ultrawide Camera မ်ား ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ ကင္မရာ ႏွစ္လံုး ထည့္သြင္းထားၿပီး 8MP Main Camera နဲ႔ Time of Flight(ToF) Sensor မ်ား ျဖစ္ပါတယ္။ LG က သူ႔ကို Z Camera လို႔ ေခၚပါတယ္။

အေရွ႕ ကင္မရာမ်ားက မ်က္ႏွာ အာရံုခံ နည္းပညာနဲ႔ Hand ID ကို ေထာက္ပံ့ပါတယ္။ Hand ID လုပ္ေဆာင္ခ်က္မွာ 3D Camera က လက္က ေသြးေၾကာမ်ားကို စစ္ေဆးၿပီး ဖုန္းကို Unlock လုပ္ေပးႏုိင္ပါတယ္။ စကရင္ကို လက္နဲ႔ မထိဘဲ အလုပ္မ်ား လုပ္ႏိုင္တဲ့ Air Motion ကိုလည္း ကင္မရာက ေထာက္ပံ့ပါတယ္။

G8s ThinQ မွာ ၆.၂ လက္မ OLED 2248x1080p Display ထည့္သြင္းထားပါတယ္။ စတီရီယို စပီကာမ်ား၊ နားၾကပ္ေပါက္တစ္ခု၊ IP68 စံႏႈန္း၊ 3550mAh Battery ၊ လက္ေဗြရာ ကိရိယာ၊ 128GB Storage  မ်ား ပါပါတယ္။ G8s ThinQ မွာ G8 မွာလို တုန္ခါတဲ့ စပီကာ မပါပါဘူး။ LG က ဥေရာပ၊ လက္တင္ အေမရိက၊ အာဖရိကနဲ႔ အေရွ႕ အလယ္ပိုင္းမွ ႏုိင္ငံမ်ားမွာ ေရာင္းမယ္လို႔ ေျပာထားပါတယ္။

Ref : techradar

[Unicode]

ကင်မရာ ငါးလုံးပါတဲ့ LG G8s ThinQ ကို ရောင်းပြီ

ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ MWC 2019 မှာ ကြေညာခဲ့တဲ့ LG G8s ThinQ ကို စတိုးဆိုင်များမှာ စာရင်းတင်လိုက်ပါပြီ။ သူ့မှာ LG G8 ရဲ့ Specs နဲ့ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ ဒါပေမယ့် သူက စွမ်းဆောင်ရည် အနည်းငယ် ပိုနိမ့်ပြီး ဈေးသက်သာပါတယ်။ G8s ThinQ ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

LG G8s ThinQ ရဲ့ အဓိက Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ စွမ်းဆောင်ရည်မြင့် Snapdragon 855 Chipset, 6GB RAM , Triple Rear Cameras များ ပါပါတယ်။ 12MP Standard+12MP Telephoto+ 13MP Ultrawide Camera များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ ကင်မရာ နှစ်လုံး ထည့်သွင်းထားပြီး 8MP Main Camera နဲ့ Time of Flight(ToF) Sensor များ ဖြစ်ပါတယ်။ LG က သူ့ကို Z Camera လို့ ခေါ်ပါတယ်။

အရှေ့ ကင်မရာများက မျက်နှာ အာရုံခံ နည်းပညာနဲ့ Hand ID ကို ထောက်ပံ့ပါတယ်။ Hand ID လုပ်ဆောင်ချက်မှာ 3D Camera က လက်က သွေးကြောများကို စစ်ဆေးပြီး ဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။ စကရင်ကို လက်နဲ့ မထိဘဲ အလုပ်များ လုပ်နိုင်တဲ့ Air Motion ကိုလည်း ကင်မရာက ထောက်ပံ့ပါတယ်။
G8s ThinQ မှာ ၆.၂ လက်မ OLED 2248x1080p Display ထည့်သွင်းထားပါတယ်။ စတီရီယို စပီကာများ၊ နားကြပ်ပေါက်တစ်ခု၊ IP68 စံနှုန်း၊ 3550mAh Battery ၊ လက်ဗွေရာ ကိရိယာ၊ 128GB Storage များ ပါပါတယ်။ G8s ThinQ မှာ G8 မှာလို တုန်ခါတဲ့ စပီကာ မပါပါဘူး။ LG က ဥရောပ၊ လက်တင် အမေရိက၊ အာဖရိကနဲ့ အရှေ့ အလယ်ပိုင်းမှ နိုင်ငံများမှာ ရောင်းမယ်လို့ ပြောထားပါတယ်။

Ref : techradar