[Zawgyi]

LG ကုမၸဏီဟာ သူတုိ႔ရဲ႕ G8 ThinQ ဖုန္းအသစ္ကို ေဖေဖာ္ဝါရီက MWC ပြဲမွာ မိတ္ဆက္ခဲ့ၿပီး ယခုအခါ ေစ်းကြက္ထဲကို ေပးပို႔ဖို႔ အလြန္နီးစပ္ေနခဲ့ပါၿပီ။ ယေန႔မွာ G8 ဖုန္းအသစ္ဟာ အေမရိကန္ေစ်းကြက္သုိ႔ ဧၿပီလ ၁၁ ရက္ေန႔မွ စတင္ေရာင္းခ်သြားမယ္လို႔ ေၾကျငာခဲ့ပါတယ္။

ေစ်းႏႈန္းကေတာ့ ေဒၚလာ 819.99 (ျမန္မာေငြ ၁၂ သိန္းေက်ာ္) ကေန စတင္သတ္မွတ္ထားၿပီး မတ္လ ၂၉ ရက္ေန႔မွာ အၾကိဳအမွာစာေတြ လက္ခံၾကမွာပါ။

G8 ThinQ ဟန္းဆက္မွာ Snapdragon 855 ခ်စ္ပ္ဆက္ အသုံးျပဳထားၿပီး 6GB RAM နဲ႔ 128GB Storage မန္မုိရီတုိ႔ ပါဝင္ပါတယ္။ ေနာက္ဘက္မွာ Dual ကင္မရာကို 12MP f/1.5 နဲ႔ 16MP f/1.9 Wide Lens တုိ႔ ပါဝင္ကာ ဆယ္ဖီကင္မရာကေတာ့ 8MP f/1.7 ပါ။ ေရွ႕ဘက္မွာပဲ ToF ဆင္ဆာအတြက္ Z Camera တစ္ခု ထည့္သြင္းလာပါတယ္။

ဒီဖုန္းဟာ Android 9 Pie ကိုပဲ အသုံးျပဳလာမွာျဖစ္ၿပီး 3,500 mAh ဘကၳရီ ပါဝင္မွာပါ။ အေရာင္ကေတာ့ Carmine Red, New Aurora Black နဲ႔ New Platinum Gray ဆုိၿပီး သုံးမ်ဳိး ထြက္ရွိလာမွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

LG ကုမ္ပဏီဟာ သူတို့ရဲ့ G8 ThinQ ဖုန်းအသစ်ကို ဖေဖော်ဝါရီက MWC ပွဲမှာ မိတ်ဆက်ခဲ့ပြီး ယခုအခါ ဈေးကွက်ထဲကို ပေးပို့ဖို့ အလွန်နီးစပ်နေခဲ့ပါပြီ။ ယနေ့မှာ G8 ဖုန်းအသစ်ဟာ အမေရိကန်ဈေးကွက်သို့ ဧပြီလ ၁၁ ရက်နေ့မှ စတင်ရောင်းချသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ 819.99 (မြန်မာငွေ ၁၂ သိန်းကျော်) ကနေ စတင်သတ်မှတ်ထားပြီး မတ်လ ၂၉ ရက်နေ့မှာ အကြိုအမှာစာတွေ လက်ခံကြမှာပါ။

G8 ThinQ ဟန်းဆက်မှာ Snapdragon 855 ချစ်ပ်ဆက် အသုံးပြုထားပြီး 6GB RAM နဲ့ 128GB Storage မန်မိုရီတို့ ပါဝင်ပါတယ်။ နောက်ဘက်မှာ Dual ကင်မရာကို 12MP f/1.5 နဲ့ 16MP f/1.9 Wide Lens တို့ ပါဝင်ကာ ဆယ်ဖီကင်မရာကတော့ 8MP f/1.7 ပါ။ ရှေ့ဘက်မှာပဲ ToF ဆင်ဆာအတွက် Z Camera တစ်ခု ထည့်သွင်းလာပါတယ်။

ဒီဖုန်းဟာ Android 9 Pie ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး 3,500 mAh ဘက္ထရီ ပါဝင်မှာပါ။ အရောင်ကတော့ Carmine Red, New Aurora Black နဲ့ New Platinum Gray ဆိုပြီး သုံးမျိုး ထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena