[Unicode]

Consumer Reports က ၁၀ ကနေ ၁၁ လက်မ၊ ၁၂ ကနေ ၁၃ လက်မ၊ ၁၄ လက်မ၊ ၁၅ ကနေ ၁၆ လက်မနဲ့ ၁၇ ကနေ ၁၈ လက်မ စတဲ့ အရွယ်အစား ၅ မျိုးရှိတဲ့ လက်ပ်တော့တွေထဲမှာ ဒီနှစ်အတွက် အကောင်းဆုံး လက်ပ်တော့တွေကို ရွေးချယ်ပေးလိုက်ပါတယ်။ သုံးစွဲသူတွေရဲ့ ယုံကြည် စိတ်ချမှုနဲ့ စမ်းသပ်မှုတွေ အပေါ် မူတည်ပြီး အကောင်းဆုံး လက်ပ်တော့တွေကို ရွေးချယ်ပေးခဲ့တာပါ။

၁၄ လက်မ အရွယ်အစားထဲမှာ LG Gram 14 ဟာ အကောင်းဆုံး လက်ပ်တော့ အဖြစ် ရွေးချယ်ခံရပါတယ်။ ဆုံးဖြတ်တဲ့ အဖွဲ့က LG Gram ဟာ ၂.၂ ပေါင်ပဲ အလေးချိန်ရှိပြီး အရွယ်အစားတူ လက်ပ်တော့တွေထဲမှာ အပေါ့ပါးဆုံးလို့ ပြောပါတယ်။ LG Gram ဟာ ပေါးပါးမှုနဲ့ စွမ်းဆောင်ရည် အပိုင်းမှာ အမှတ် အများဆုံးရသွားပါတယ်။

စစ်ဆေးတဲ့ အဖွဲ့က LG Gram ဟာ စွမ်းဆောင်ရည် တော်တော် လန်းတယ်လို့ ပြောပြီး အဲဒီ လက်ပ်တော့မှာ Intel Core i7 Processor , 512GB Storage နဲ့ 8GB RAM တွေ ပါလာပါတယ်။ ဘက်ထရီ သက်တမ်းက ၁၅ နာရီတောင် အသုံးခံတဲ့အတွက် တော်တော် မိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့တဲ့ LG Gram 17 မော်ဒယ်ဟာ ၁၇ ကနေ ၁၈ လက်မ လက်ပ်တော့တွေထဲမှာ Acer Nitro 5 နဲ့အတူ အကောင်းဆုံး လက်ပ်တော့ အဖြစ် သတ်မှတ်ခံရပါတယ်။

၁၀ ကနေ ၁၁ လက်မ လက်ပ်တော့တွေထဲမှာ Microsoft ရဲ့ Surface Go က အကောင်းဆုံး အဖြစ် သတ်မှတ်ခံရပါတယ်။ Apple ရဲ့ လက်ပ်တော့ ဖြစ်တဲ့ MacBook Air က ၁၂ လက်မနဲ့ ၁၃ လက်မ မော်ဒယ်တွေထဲမှာ အကောင်းဆုံး ဖြစ်လာပါတယ်။ ဒါတင်မကသေးပါဘူး။ ၁၅ ကနေ ၁၆ လက်မ လက်ပ်တော့တွေထဲမှာ MacBook Pro က ချန်ပီယံ ဖြစ်လာပါတယ်။

Ref : gizmochina

[Zawgyi]

Consumer Reports ရဲ႕ ဒီႏွစ္အတြက္ အေကာင္းဆံုး လက္ပ္ေတာ့ အျဖစ္ ေရြးခ်ယ္ျခင္း ခံရတဲ့ LG Gram

Consumer Reports က ၁၀ ကေန ၁၁ လက္မ၊ ၁၂ ကေန ၁၃ လက္မ၊ ၁၄ လက္မ၊ ၁၅ ကေန ၁၆ လက္မနဲ႔ ၁၇ ကေန ၁၈ လက္မ စတဲ့ အရြယ္အစား ၅ မ်ိဳးရွိတဲ့ လက္ပ္ေတာ့ေတြထဲမွာ ဒီႏွစ္အတြက္ အေကာင္းဆံုး လက္ပ္ေတာ့ေတြကို ေရြးခ်ယ္ေပးလိုက္ပါတယ္။ သံုးစြဲသူေတြရဲ႕ ယံုၾကည္ စိတ္ခ်မႈနဲ႔ စမ္းသပ္မႈေတြ အေပၚ မူတည္ၿပီး အေကာင္းဆံုး လက္ပ္ေတာ့ေတြကို ေရြးခ်ယ္ေပးခဲ့တာပါ။

၁၄ လက္မ အရြယ္အစားထဲမွာ LG Gram 14 ဟာ အေကာင္းဆံုး လက္ပ္ေတာ့ အျဖစ္ ေရြးခ်ယ္ခံရပါတယ္။ ဆံုးျဖတ္တဲ့ အဖြဲ႕က LG Gram ဟာ ၂.၂ ေပါင္ပဲ အေလးခ်ိန္ရွိၿပီး အရြယ္အစားတူ လက္ပ္ေတာ့ေတြထဲမွာ အေပါ့ပါးဆံုးလို႔ ေျပာပါတယ္။ LG Gram ဟာ ေပါးပါးမႈနဲ႔ စြမ္းေဆာင္ရည္ အပိုင္းမွာ အမွတ္ အမ်ားဆံုးရသြားပါတယ္။

စစ္ေဆးတဲ့ အဖြဲ႕က LG Gram ဟာ စြမ္းေဆာင္ရည္ ေတာ္ေတာ္ လန္းတယ္လို႔ ေျပာၿပီး အဲဒီ လက္ပ္ေတာ့မွာ Intel Core i7 Processor , 512GB Storage နဲ႔ 8GB RAM ေတြ ပါလာပါတယ္။ ဘက္ထရီ သက္တမ္းက ၁၅ နာရီေတာင္ အသံုးခံတဲ့အတြက္ ေတာ္ေတာ္ မိုက္ပါတယ္။ ဒါ့အျပင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ ေၾကညာခဲ့တဲ့ LG Gram 17 ေမာ္ဒယ္ဟာ ၁၇ ကေန ၁၈ လက္မ လက္ပ္ေတာ့ေတြထဲမွာ Acer Nitro 5 နဲ႔အတူ အေကာင္းဆံုး လက္ပ္ေတာ့ အျဖစ္ သတ္မွတ္ခံရပါတယ္။

၁၀ ကေန ၁၁ လက္မ လက္ပ္ေတာ့ေတြထဲမွာ Microsoft ရဲ႕ Surface Go က အေကာင္းဆံုး အျဖစ္ သတ္မွတ္ခံရပါတယ္။ Apple ရဲ႕ လက္ပ္ေတာ့ ျဖစ္တဲ့ MacBook Air က ၁၂ လက္မနဲ႔ ၁၃ လက္မ ေမာ္ဒယ္ေတြထဲမွာ အေကာင္းဆံုး ျဖစ္လာပါတယ္။ ဒါတင္မကေသးပါဘူး။ ၁၅ ကေန ၁၆ လက္မ လက္ပ္ေတာ့ေတြထဲမွာ MacBook Pro က ခ်န္ပီယံ ျဖစ္လာပါတယ္။

Ref : gizmochina