[Zawgyi]

CES က်င္းပဖို႔က လအနည္းငယ္လိုေနပါေသးတယ္။ ဒါေပမယ့္ ဒီပြဲမွာ ထုတ္ႂကြားၾကမယ့္ နည္းပညာဆန္းေတြ အေၾကာင္းကေတာ့ ဟိုတစ္စ၊ ဒီတစ္စ ထြက္ေပၚစျပဳေနပါၿပီ။ ဒီထဲမွာ နည္းပညာ ကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ LG ကလည္း စာ႐ြက္လို လိပ္သိမ္းလို႔ရမယ့္ OLED TV ကို ျပသမယ္ဆိုၿပီး သတင္းထြက္ေပၚလာပါတယ္။

LG က ၿပီးခဲ့တဲ့ CES 2018 မွာတုန္းကလည္း ဒီလိုမ်ိဳး လိပ္သိမ္းလို႔ရတဲ့ ဒီဇိုင္းကို နမူနာ ျပသသြားခဲ့ပါေသးတယ္။ ဒါေၾကာင့္ CES 2019 မွာ အမွန္တကယ္ ေရာင္းခ်ေတာ့မယ့္ ေဈးကြက္ဝင္ ထုတ္ကုန္ကို ေမွ်ာ္လင့္ႏိုင္စရာရွိေနပါတယ္။ ႐ုံးတြင္း စာ႐ြက္စာတမ္းေတြကေနတစ္ဆင့္ ေပါက္ၾကားလာတာကေတာ့ 8K OLED TV ကို ျပသမွာလို႔ သိရပါတယ္။

ဒီသတင္းဟာ တိက်ခိုင္လုံတဲ့ အခ်က္အလက္ကို ယူေဆာင္လာျခင္းမရွိေပမယ့္ LG ရဲ႕ 88-inch အ႐ြယ္ 8K OLED TV အေၾကာင္းကေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိေနၿပီးသားျဖစ္ပါတယ္။ အဓိကအခ်က္ ၿပီးခဲ့တဲ့ CES မွာတုန္းက နမူနာ ျပသခဲ့သလို ခလုတ္တစ္ခ်က္ႏွိပ္လိုက္တာနဲ႔ စကၠဴကို လိပ္သိမ္းလိုက္သလို အမွန္တကယ္ လိပ္သိမ္းလို႔ရမရ အတည္ျပဳလို႔မရေသးတာပဲ ျဖစ္ပါတယ္။ ဒီလိုသာ လိပ္သိမ္းလို႔ရမယ္ဆိုရင္ေတာ့ တစ္ေခတ္ဆန္းဦးမယ့္ နည္းပညာသစ္၊ ထုတ္ကုန္သစ္လို႔ ဆိုရမွာပါ။

LG ဟာ ေကြးၫႊတ္ႏိုင္တဲ့ မ်က္ႏွာျပင္ပါရွိတဲ့ စမတ္ဖုန္းကိုလည္း ထုတ္လုပ္ဖို႔ ႀကိဳးစားေနတဲ့ ကုမၸဏီ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ကမာၻ႔ပထမဆုံး ေခါက္ႏိုင္တဲ့ မ်က္ႏွာျပင္ပါ စမတ္ဖုန္းက ထြက္ေပၚလာခဲ့ၿပီျဖစ္တာေၾကာင့္ LG အေနနဲ႔ သူ႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈကို လာမယ့္ CES 2019 မွာ မျဖစ္မေန ျပသေတာ့မယ္လို႔ ယူဆရပါတယ္။ အထူးသျဖင့္ေတာ့ မ်က္ႏွာျပင္ပါတဲ့ ထုတ္ကုန္တိုင္းကို ေကြးၫႊတ္ႏိုင္တဲ့ မ်က္ႏွာျပင္ေတြနဲ႔ အသုံးျပဳထားမယ္လို႔ ယူဆရပါတယ္။

Ref: TechGenYZ, engadget

 

[Unicode]

CES ကျင်းပဖို့က လအနည်းငယ်လိုနေပါသေးတယ်။ ဒါပေမယ့် ဒီပွဲမှာ ထုတ်ကြွားကြမယ့် နည်းပညာဆန်းတွေ အကြောင်းကတော့ ဟိုတစ်စ၊ ဒီတစ်စ ထွက်ပေါ်စပြုနေပါပြီ။ ဒီထဲမှာ နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ LG ကလည်း စာရွက်လို လိပ်သိမ်းလို့ရမယ့် OLED TV ကို ပြသမယ်ဆိုပြီး သတင်းထွက်ပေါ်လာပါတယ်။

LG က ပြီးခဲ့တဲ့ CES 2018 မှာတုန်းကလည်း ဒီလိုမျိုး လိပ်သိမ်းလို့ရတဲ့ ဒီဇိုင်းကို နမူနာ ပြသသွားခဲ့ပါသေးတယ်။ ဒါကြောင့် CES 2019 မှာ အမှန်တကယ် ရောင်းချတော့မယ့် ဈေးကွက်ဝင် ထုတ်ကုန်ကို မျှော်လင့်နိုင်စရာရှိနေပါတယ်။ ရုံးတွင်း စာရွက်စာတမ်းတွေကနေတစ်ဆင့် ပေါက်ကြားလာတာကတော့ 8K OLED TV ကို ပြသမှာလို့ သိရပါတယ်။

ဒီသတင်းဟာ တိကျခိုင်လုံတဲ့ အချက်အလက်ကို ယူဆောင်လာခြင်းမရှိပေမယ့် LG ရဲ့ 88-inch အရွယ် 8K OLED TV အကြောင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနေပြီးသားဖြစ်ပါတယ်။ အဓိကအချက် ပြီးခဲ့တဲ့ CES မှာတုန်းက နမူနာ ပြသခဲ့သလို ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ စက္ကူကို လိပ်သိမ်းလိုက်သလို အမှန်တကယ် လိပ်သိမ်းလို့ရမရ အတည်ပြုလို့မရသေးတာပဲ ဖြစ်ပါတယ်။ ဒီလိုသာ လိပ်သိမ်းလို့ရမယ်ဆိုရင်တော့ တစ်ခေတ်ဆန်းဦးမယ့် နည်းပညာသစ်၊ ထုတ်ကုန်သစ်လို့ ဆိုရမှာပါ။

LG ဟာ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်ပါရှိတဲ့ စမတ်ဖုန်းကိုလည်း ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကမ္ဘာ့ပထမဆုံး ခေါက်နိုင်တဲ့ မျက်နှာပြင်ပါ စမတ်ဖုန်းက ထွက်ပေါ်လာခဲ့ပြီဖြစ်တာကြောင့် LG အနေနဲ့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုကို လာမယ့် CES 2019 မှာ မဖြစ်မနေ ပြသတော့မယ်လို့ ယူဆရပါတယ်။ အထူးသဖြင့်တော့ မျက်နှာပြင်ပါတဲ့ ထုတ်ကုန်တိုင်းကို ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်တွေနဲ့ အသုံးပြုထားမယ်လို့ ယူဆရပါတယ်။

Ref: TechGenYZ, engadget