LG ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို FCC ဒေတာဘေ့စ်မှာ တွေ့လာရပြီ ဖြစ်ပြီး ဓါတ်ပုံနဲ့ Specs တွေကို ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းဟာ LG K31s ဖြစ်နိုင်ပြီး မော်ဒယ်နံပါတ်က LG LM-K310IM ဖြစ်ပါတယ်။ U ပုံစံ Notch ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ microUSB ပဲ ပါတာက သိပ်မမိုက်ပေမယ့် ဘက်ထရီက 3,900mAh ဖြစ်တဲ့အတွက် နည်းနည်း ကြီးပါတယ်။

အဲဒီ စမတ်ဖုန်းကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး ဖော်ပြထားတဲ့ Specs တွေအရ K31s ဟာ မကြာခင်က Google Play Console မှာ ပေါက်ကြားခဲ့တဲ့ LG K31 ရဲ့ မော်ဒယ်ခွဲ ၁ ခု ဖြစ်နိုင်ပါတယ်။

LG K31s မှာ MediaTek Helio P22 Chipset မောင်းနှင်ထားပြီး 3GB RAM , 32GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပြီး Android 10 အခြေပြု LG UX အုပ်ထားပါတယ်။ အောက်ခြေမှာ နားကြပ်ပေါက်ကို တွေ့ရပြီး ဓါတ်ပုံတွေအရ အဲဒီဖုန်းဟာ ၁၇၀ မီလီမီတာ အမြင့်နဲ့ ၇၉ မီလီမီတာ အကျယ် ရှိပါတယ်။ အဲဒီဖုန်းကို အိန္ဒိယမှာ ရောင်းချနိုင်တဲ့ အထောက်အထားတွေလည်း တွေ့ရပါတယ်။

Ref : gsmarena