LG က K Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ LG K71 လို့ နာမည်ပေးထားပြီး စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပါတယ်။ မကြာခင်မှာ Guatemala, Nicaragua, Panama, Ecuador, Honduras, El Salvador နဲ့ Costa Rica အပါအဝင် လက်တင် အမေရိက နိုင်ငံတွေမှာ ရောင်းမှာပါ။

LG K71 မှာ ၆.၈ လက်မ FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 20.5:9 Aspect Ratio နဲ့ အရွယ်သေး Notch ပါပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်းမှာ ဒစ်ဂျစ်တယ် ဘောပင် ထည့်ထားတာက ထူးခြားပါတယ်။ Samsung Galaxy Note Series တွေက ဒစ်ဂျစ်တယ်ဘောပင်လောက်တော့ စွမ်းရည် မလန်းပါဘူး။

ကင်မရာတွေ အကြောင်း ပြောရရင် အနောက်ဘက်မှာ 48MP Main , 5MP Ultrawide နဲ့ 5MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး ပါပါတယ်။ Helio P35 Chipset မောင်းနှင်ထားပြီး 4GB RAM/ 128GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။

LG K71 မှာ 4,000mAh ဘက်ထရီ၊ နားကြပ်ပေါက်နဲ့ DTS:X 3D Support ပါတဲ့ စပီကာ ၂ လုံး တပ်ဆင်ထားပြီး Android 10 အခြေပြု LG UX Interface အုပ်ထားပါတယ်။ အဖြူနဲ့ အညိုရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena