LG ဟာ စမတ်ဖုန်း လောကမှာပြန်လည် ခေါင်းထောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ မကြာခင်က Q92 5G ကို Google Play Console မှာ တွေ့ခဲ့ရပြီး အခုလည်း LG K42 ထွက်ပေါ်လာပြန်ပါပြီ။ LG K42 ဟာ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း အမျိုးအစား ဖြစ်ပြီး MediaTek MT6762 Chipset မောင်းနှင်ထားမယ်လို့ Google Play Console မှာ ဖော်ပြထားပါတယ်။ အဲဒီ Chipset က MediaTek Helio P22 ဖြစ်ပြီး 3GB RAM ထည့်သွင်းထားပါတယ်။

LG K42 ရဲ့ မျက်နှာပြင် အရွယ်အစားကို မသိရသေးပေမယ့် HD+ (1600×720 pixels) Resolution ရှိမယ်လို့ သိရပါတယ်။ Google Play Console မှာ ပြသထားတဲ့ စမတ်ဖုန်း ဓါတ်ပုံမှာ ဆဲလ်ဖီး ကင်မရာအတွက် Cut Out မပါလာပေမယ့် အဲဒီ ပုံဟာ နမူနာမော်ဒယ် ဖြစ်နိုင်ပြီး ရောင်းချမယ့် မော်ဒယ်မှာ အရွယ်သေး Notch ထည့်သွင်းထားနိုင်ပါတယ်။

LG K42 မှာ Android 10 OS မောင်းနှင်ထားမယ်လို့ Google Play Console မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ အဲဒီ စမတ်ဖုန်းရဲ့ Specification တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina