LG က CES 2020 မှာ ၃၈ လက်မ Ultrawide Curved QHD+ Monitor နဲ့ ၃၂ လက်မ Ergo Monitor ကို ကြေညာခဲ့ပါတယ်။ အခုတော့ LG က ၂၇ လက်မ Ergo Monitor ကို မိတ်ဆက်လိုက်ပြီး LG US Website မှာ ၄၅၀ ဒေါ်လာနဲ့ ရောင်းပေးထားပါတယ်။ မြန်မာငွေ ၆ သိန်း ၃ သောင်းလောက်ရှိပါတယ်။

LG Ergo Monitor မှာ ၂၇ လက်မ IPS QHD မျက်နှာပြင် ပါလာပြီး QHD Resolution ရှိပါတယ်။ ၃၂ လက်မ မော်ဒယ်မှာလိုပဲ  Space-saving Stand ပါလာပြီး C-Clamp Attachment နဲ့ စားပွဲမှာ ချိတ်ဆက်နိုင်ပါတယ်။ Stand ကို အရှေ့ဘက်ကို တိုးလို့ရသလို မျက်လုံးနဲ့ တတန်းထဲ ဖြစ်အောင် အပေါ်၊ အောက် ရွေ့လျားနိုင်ပါတယ်။   Monitor ကို ၃၆၀ ဒီဂရီ စောင်းပြီး လုပ်ဖော်ကိုင်ဖက်တွေကို ပြသလို့ရပါတယ်။

Monitor ရဲ့ ဒီဇိုင်းက လန်းသလို စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ ၁၇၈ ဒီဂရီ Viewing Angle နဲ့ 75Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ၃၂ လက်မ မော်ဒယ်ရဲ့ 60Hz Refresh Rate ထက် ပိုကောင်းလာပါတယ်။ 5 Millisecond (ms) Gray-To-Gray (Gtg) Response Time ပါလာသလို AMD Radeon FreeSync, HDR10 နဲ့ 99%  sRGB Color-Space ထောက်ပံ့ထားပါတယ်။ 60W Power ထုတ်လုပ်ပေးတဲ့ USB-C Port , DisplayPort နဲ့ Dual Downstream USBs တွေ ထည့်ထားပါတယ်။

Ref : gizmochina