တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီ LG က ချပ်ဝတ်တန်ဆာ ကွန်ပြူတာ နယ်ပယ်မှာ အပြိုင်ကြဲဖို့ ကြိုးစားနေပြီး အခုတော့ LG TONE Free Wireless Earbuds ကို ကြေညာလိုက်ပါတယ်။ ၂၁၉,၀၀၀ ဝမ် သတ်မှတ်ထားပြီး ၂ သိန်းခွဲလောက် ရှိတဲ့အတွက် ဈေး မသေးပါဘူး။

LG TONE Free FN7

နားကြပ်မှာ Active Nosie Cancellation (ANC) ပါတဲ့အတွက် မလိုလားအပ်တဲ့ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးပါတယ်။ နားအရွယ်အစား မျိုးစုံနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ပေးတဲ့ Vortex Ribs ဒီဇိုင်းကို အသုံးပြုထားတာကလည်း ပတ်ဝန်းကျင်က ဆူညံသံတွေကို လျှော့ချပေးပါတယ်။ နားကြပ်ရဲ့ အသံပိုင်းဆိုင်ရာကို ဗြိတိန် ကုမ္ပဏီ Meridian Audio က ဖန်တီးပေးထားတယ်လို့ LG က ပြောပါတယ်။

LG Tone Free (HBS-FN6) True Wireless Earbuds Review - YouTube

အဲဒီ ကုမ္ပဏီဟာ Meridian’s EQ Sound Settings ကို ဖန်တီးပေးထားပြီး အသံအရည်အသွေး ပိုကောင်းစေတဲ့ Presets ၄ ခုကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ သဘာဝ အသံအတိုင်း နားဆင်နိုင်တဲ့ Natural ၊ 3D Audio အတွက် Immersive ၊ Bass ပြင်းပြင်း ကြိုက်သူတွေအတွက် Bass Boost နဲ့ သီချင်းဆိုသံ ကြည်လင်ပြတ်သားစေတဲ့ Treble Boost တို့ ဖြစ်ပါတယ်။

LG ဟာ TONE Free FN6 မော်ဒယ်နဲ့အတူ မိတ်ဆက်ခဲ့တဲ့ UVnano Charging Case ကိုလည်း ထည့်ပေးထားပါတယ်။ အဲဒီ Case မှာ Ultraviolet Light ကို သုံးပြီး နားကြပ်ကို ပိုးသတ်ပေးပါတယ်။ Case ရဲ့ အထက်မှာ အားသွင်းတဲ့ ပမာဏကို ပြသပေးတဲ့ LED Light တပ်ဆင်ထားပါတယ်။ 390mAh ဘက်ထရီက ၅ မိနစ်အားသွင်းရင် ၁ နာရီလောက် သီချင်းနားထောင်နိုင်ပြီး Charging Case က ဘက်ထရီနဲ့ ပေါင်းရင် ၂၁ နာရီလောက် အသုံးခံပါတယ်။

Ref : gizmochina