Unicode

LG ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နောက်ဆုံး ၃ လပတ်ရဲ့ ဝင်ငွေတွေကို ထုတ်ပြန်ခဲ့ပြီးတော့ ၂၀၁၉ တစ်နှစ်လုံးစာအတွက်ပါ ဝင်ငွေနဲ့ အမြတ်ငွေတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ရလဒ်အရတော့ LG Premium Home Appliance ပစ္စည်းတွေရောင်းအားကောင်းသလောက် စမတ်ဖုန်းထုတ်လုပ်မှုမှာတော့ အရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။

LG ဟာ ၂၀၁၉ ခုနှစ်အတွက် ဝင်ငွေအများဆုံးဖြစ်တဲ့ ကိုရီးယားဝမ်ငွေ ၆၂.၃ ထရီလီယံ (ဒေါ်လာ ၅၃ ဘီလီယံ) အထိရရှိခဲ့ပြီး အဆိုပါ ပမာဏဟာ LG ရဲ့ သက်တမ်းတလျှောက်လုံးမှာ ဝင်ငွေအကောင်းဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမြတ်ငွေရရှိမှုမှာတော့ ကိုရီးယားဝမ်ငွေ ၂.၄၄ ထရီလီယံ (ဒေါ်လာ ၂.၉၇ ဘီလီယံ) ပဲရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်းလျော့နည်းခဲ့တယ်လို့ သိရပါတယ်။

LG အတွက် အခုလိုမျိုး ဝင်ငွေရရှိမှုများပြားတာက လက်ရှိ Smart Home နဲ့ဆိုင်တဲ့ Premium Product တွေဖြစ်တဲ့ LG Signature Series Product တွေရဲ့ ဝယ်လိုအားက သိသိသာသာကို ထိုးတက်ခဲ့တာကြောင့်ဖြစ်ပါတယ်။

တဖက်မှာတော့ LG ရဲ့ စမတ်ဖုန်းရောင်းချရမှုတွေက အားရစရာမရှိခဲ့ဘဲ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စတုတ္ထ ၃ လပတ်အတွက် ဝင်ငွေ ကိုရီးယားဝမ်ငွေ ၁.၃၂ ထရီလီယံ (ဒေါ်လာ ၁.၁၂ ဘီလီယံ) ပဲရရှိခဲ့ပြီးတော့ ၂၀၁၉ တစ်နှစ်လုံးအတွက် လုပ်ငန်းလည်ပတ်မှုမှာ ကိုရီးယားဝမ်ငွေ ၁.၀၁ ထရီလီယံ (ဒေါ်လာ ၈၅၈.၃၄ မီလီယံ) အထိ အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း LG ကတော့ စမတ်ဖုန်းထုတ်လုပ်မှုကို လက်မလျော့သေးဘဲ ၂၀၂၀ ခုနှစ်မှာလည်း 5G Support ပေးတဲ့ Mid Range ကနေ Premium စမတ်ဖုန်းအသစ်တွေကို ထုတ်လုပ်ပြီး ပိုပြီးရောင်းချရအောင် ဆောင်ရွက်သွားမယ်လို့ စီစဥ်ထားတာဖြစ်ပါတယ်။

Ref – Android Police

Zawgyi

LG ကေန ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ေနာက္ဆုံး ၃ လပတ္ရဲ႕ ဝင္ေငြေတြကို ထုတ္ျပန္ခဲ့ၿပီးေတာ့ ၂၀၁၉ တစ္ႏွစ္လုံးစာအတြက္ပါ ဝင္ေငြနဲ႔ အျမတ္ေငြေတြကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဆိုပါ ရလဒ္အရေတာ့ LG Premium Home Appliance ပစၥည္းေတြေရာင္းအားေကာင္းသေလာက္ စမတ္ဖုန္းထုတ္လုပ္မႈမွာေတာ့ အရႈံးေပၚခဲ့တယ္လို႔သိရပါတယ္။

LG ဟာ ၂၀၁၉ ခုႏွစ္အတြက္ ဝင္ေငြအမ်ားဆုံးျဖစ္တဲ့ ကိုရီးယားဝမ္ေငြ ၆၂.၃ ထရီလီယံ (ေဒၚလာ ၅၃ ဘီလီယံ) အထိရရွိခဲ့ၿပီး အဆိုပါ ပမာဏဟာ LG ရဲ႕ သက္တမ္းတေလွ်ာက္လုံးမွာ ဝင္ေငြအေကာင္းဆုံးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အျမတ္ေငြရရွိမႈမွာေတာ့ ကိုရီးယားဝမ္ေငြ ၂.၄၄ ထရီလီယံ (ေဒၚလာ ၂.၉၇ ဘီလီယံ) ပဲရရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္ထက္ ၁၀ ရာခိုင္ႏႈန္းေလ်ာ့နည္းခဲ့တယ္လို႔ သိရပါတယ္။

LG အတြက္ အခုလိုမ်ိဳး ဝင္ေငြရရွိမႈမ်ားျပားတာက လက္ရွိ Smart Home နဲ႔ဆိုင္တဲ့ Premium Product ေတြျဖစ္တဲ့ LG Signature Series Product ေတြရဲ႕ ဝယ္လိုအားက သိသိသာသာကို ထိုးတက္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

တဖက္မွာေတာ့ LG ရဲ႕ စမတ္ဖုန္းေရာင္းခ်ရမႈေတြက အားရစရာမရွိခဲ့ဘဲ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ စတုတၳ ၃ လပတ္အတြက္ ဝင္ေငြ ကိုရီးယားဝမ္ေငြ ၁.၃၂ ထရီလီယံ (ေဒၚလာ ၁.၁၂ ဘီလီယံ) ပဲရရွိခဲ့ၿပီးေတာ့ ၂၀၁၉ တစ္ႏွစ္လုံးအတြက္ လုပ္ငန္းလည္ပတ္မႈမွာ ကိုရီးယားဝမ္ေငြ ၁.၀၁ ထရီလီယံ (ေဒၚလာ ၈၅၈.၃၄ မီလီယံ) အထိ အရႈံးေပၚခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း LG ကေတာ့ စမတ္ဖုန္းထုတ္လုပ္မႈကို လက္မေလ်ာ့ေသးဘဲ  ၂၀၂၀ ခုႏွစ္မွာလည္း 5G Support ေပးတဲ့ Mid Range ကေန Premium စမတ္ဖုန္းအသစ္ေတြကို ထုတ္လုပ္ၿပီး ပိုၿပီးေရာင္းခ်ရေအာင္ ေဆာင္႐ြက္သြားမယ္လို႔ စီစဥ္ထားတာျဖစ္ပါတယ္။

Ref – Android Police