[Zawgyi]

LG Electronics ဟာ မ်က္ႏွာျပင္မွာ Punch-hole ပါဝင္တဲ့ စမတ္ဖုန္းဒီဇိုင္းကို မူပိုင္ခြင့္မွတ္ပုံတင္လိုက္တဲ့အေၾကာင္း Turkish Patent Institute က ေဖာ္ထုတ္လာခဲ့ပါတယ္။ ဒီလိုမ်ိဳး မ်က္ႏွာျပင္မွာ Punch-hole ဒီဇိုင္းနဲ႔ဖုန္းဟာ LG အတြက္ ပထမဆုံး ထုတ္လုပ္တာ ျဖစ္လာပါလိမ့္မယ္။

မူပိုင္ခြင့္ေလွ်ာက္ထားတဲ့ ဒီဇိုင္းပုံအရ Punch-hole ဟာ မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္ထိပ္ပိုင္းမွာ တည္ရွိေနတာ ျဖစ္ပါတယ္။ ဒီဇိုင္းအရ Punch-hole ပါဝင္ေပမယ့္ စမတ္ဖုန္းရဲ႕ ပတ္လည္ Bezel ေတြကေတာ့ ခပ္ထူထူပုံစံကိုပဲ ေတြ႕ျမင္ေနရတာပါ။ ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးကို အလ်ားလိုက္စီတန္းတပ္ဆင္ထားၿပီး ညာဘက္အစြန္မွာ ဖလက္ရွ္မီးကို ခြဲထုတ္ထားတာ ေတြ႕ရပါတယ္။ ကင္မရာသုံးလုံးရဲ႕ ေအာက္ဘက္မွာေတာ့ Fingerprint Scanner တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

ေက်ာဘက္ဒီဇိုင္းပုံကေတာ့ LG V40 ThinQ နဲ႔ အေတာ္ေလးကို တူညီတယ္လို႔ မွတ္ခ်က္ေပးရမွာပါ။ ကင္မရာေနရာခ်ထားပုံကအစ၊ Fingerprint ထားရွိပုံအဆုံး တူညီေနတာပါ။ ဒါေၾကာင့္ LG အေနနဲ႔ လက္ရွိပုံစံအရ Under-Display Fingerprint Reader ကိုအသုံးျပဳဖို႔ သိပ္ၿပီးဆႏၵမရွိေသးဘူးလို႔ ယူဆရပါတယ္။

အခုေဖာ္ျပထားတဲ့ သတင္းမွာေတြ႕ျမင္ရတာက မူပိုင္ခြင့္တင္ထားတဲ့ ဒီဇိုင္းပုံသာျဖစ္တဲ့အတြက္ ဒီအတိုင္း အမွန္တကယ္ ထြက္ရွိလာဖို႔ အာမခံခ်က္မရွိပါဘူး။ ေနာက္တစ္ခ်က္က မူပိုင္ခြင့္တင္ထားတဲ့ ဒီဇိုင္းပုံေတြဟာ ပုံမွန္အားျဖင့္ အလြယ္တကူ ထြက္ေပၚလာေလ့မရွိတဲ့အျပင္ သတင္းရင္းျမစ္ကလည္း ရာႏႈန္းျပည့္ တိက်ခိုင္မာမႈရွိတယ္လို႔ အာမမခံႏိုင္တာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ဖို႔ လိုအပ္ေနေသးတာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

LG ရဲ့ Punch-hole ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ ပုံရိပ်များ ပေါ်ထွက်လာ

LG Electronics ဟာ မျက်နှာပြင်မှာ Punch-hole ပါဝင်တဲ့ စမတ်ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်မှတ်ပုံတင်လိုက်တဲ့အကြောင်း Turkish Patent Institute က ဖော်ထုတ်လာခဲ့ပါတယ်။ ဒီလိုမျိုး မျက်နှာပြင်မှာ Punch-hole ဒီဇိုင်းနဲ့ဖုန်းဟာ LG အတွက် ပထမဆုံး ထုတ်လုပ်တာ ဖြစ်လာပါလိမ့်မယ်။

မူပိုင်ခွင့်လျှောက်ထားတဲ့ ဒီဇိုင်းပုံအရ Punch-hole ဟာ မျက်နှာပြင်ရဲ့ ဘယ်ဘက်ထိပ်ပိုင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Samsung ရဲ့ ညာဘက်ထိပ်ပိုင်းမှာ Punch-hole ထားတဲ့ ဒီဇိုင်းနဲ့ ဆန့်ကျင်ဘက်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီဇိုင်းအရ Punch-hole ပါဝင်ပေမယ့် စမတ်ဖုန်းရဲ့ ပတ်လည် Bezel တွေကတော့ ခပ်ထူထူပုံစံကိုပဲ တွေ့မြင်နေရတာပါ။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို အလျားလိုက်စီတန်းတပ်ဆင်ထားပြီး ညာဘက်အစွန်မှာ ဖလက်ရှ်မီးကို ခွဲထုတ်ထားတာ တွေ့ရပါတယ်။ ကင်မရာသုံးလုံးရဲ့ အောက်ဘက်မှာတော့ Fingerprint Scanner တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

ကျောဘက်ဒီဇိုင်းပုံကတော့ LG V40 ThinQ နဲ့ အတော်လေးကို တူညီတယ်လို့ မှတ်ချက်ပေးရမှာပါ။ ကင်မရာနေရာချထားပုံကအစ၊ Fingerprint ထားရှိပုံအဆုံး တူညီနေတာပါ။ ဒါကြောင့် LG အနေနဲ့ လက်ရှိပုံစံအရ Under-Display Fingerprint Reader ကိုအသုံးပြုဖို့ သိပ်ပြီးဆန္ဒမရှိသေးဘူးလို့ ယူဆရပါတယ်။

အခုဖော်ပြထားတဲ့ သတင်းမှာတွေ့မြင်ရတာက မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းပုံသာဖြစ်တဲ့အတွက် ဒီအတိုင်း အမှန်တကယ် ထွက်ရှိလာဖို့ အာမခံချက်မရှိပါဘူး။ နောက်တစ်ချက်က မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းပုံတွေဟာ ပုံမှန်အားဖြင့် အလွယ်တကူ ထွက်ပေါ်လာလေ့မရှိတဲ့အပြင် သတင်းရင်းမြစ်ကလည်း ရာနှုန်းပြည့် တိကျခိုင်မာမှုရှိတယ်လို့ အာမမခံနိုင်တာကြောင့် ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

Ref: GSMArena