[Zawgyi]

Foldable စမတ္ဖုန္းေတြဟာ ၂၀၁၉ အစပိုင္းမွာ မီဒီယာစာမ်က္ႏွာအေတာ္မ်ားမ်ားကို သိမ္းပိုက္ခဲ့ပါတယ္။ Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ဟာ ေဈးကြက္ထဲကို သူ႔ထက္ငါဦးေအာင္ အၿပိဳင္အဆိုင္ဝင္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနၾကေပမယ့္ အခုဒီသတင္းေရးေနတဲ့အထိ ဝယ္ယူလို႔ မရေသးပါဘူး။

Foldable စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ ျပင္ဆင္ေနတဲ့ထဲမွာ ေတာင္ကိုရီးယားရဲ႕ နာမည္ႀကီးနည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ LG Electronics လည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ အေျပာလြယ္သေလာက္ အလုပ္ခက္ဟန္ရွိေနတဲ့ Foldable စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ ဒီဇိုင္းေတြကိုေတာ့ LG က မူပိုင္ခြင့္တင္ထားတာကို ေတြ႕ရျပန္ပါတယ္။

တကယ္ေတာ့ LG ဟာ ၂၀၁၄ ခုႏွစ္ေလာက္ကတည္းက Foldable ေျပာင္းလဲေရးကို ႀကိဳတင္ေျခလွမ္းခ်င္ခဲ့သူပါ။ LG ရဲ႕ Foldable နဲ႔ Rollable ဒီဇိုင္းမူပိုင္ခြင့္ေတြကလည္း မၾကာခဏဆိုသလို ျမင္ေတြ႕ေနရတာပါ။ လိပ္သိမ္းႏိုင္တဲ့ 65-inch အ႐ြယ္ OLED မ်က္ႏွာျပင္နဲ႔ တီဗီကိုေတာင္ ထုတ္ျပႏိုင္ခဲ့တဲ့ ဒီကုမၸဏီဟာ Foldable စမတ္ဖုန္းမွာေတာ့ အခုထိ အေကာင္အထည္ ခ်မျပႏိုင္ေသးတာလည္း ျဖစ္ပါတယ္။

အခုလည္း LG ရဲ႕ Foldable စမတ္ဖုန္း ဒီဇိုင္းမူပိုင္ခြင့္ ႐ုပ္ပုံေတြကို ေတြ႕ျမင္ရျပန္ၿပီ ျဖစ္ပါတယ္။ အဂၤလိပ္အကၡရာ “Z” ပုံသ႑ာန္ သုံးေခါက္ခ်ိဳး Foldable ဒီဇိုင္းကေတာ့ တစ္ခ်ိန္ခ်ိန္မွာ LG အမွတ္တံဆိပ္နဲ႔ အမွန္တကယ္ေတြ႕ျမင္လာရမလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။ ဒီမတိုင္မီမွာေတာ့ IFA 2019 မွာ မ်က္ႏွာျပင္ႏွစ္ခုနဲ႔ စမတ္ဖုန္းကို LG က မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

သတိျပဳရမွာကေတာ့ “Z” ပုံသ႑ာန္ သုံးေခါက္ခ်ိဳး Foldable ဒီဇိုင္းနဲ႔ စမတ္ဖုန္းဟာ ကမာၻ႔ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး(WIPO) မွာ မွတ္ပုံတင္ထား႐ုံပဲ ရွိေသးတာ ျဖစ္ပါတယ္။ ဒီဇိုင္းကိုမွတ္ပုံတင္တာဟာ စမတ္ဖုန္းအျဖစ္ ထြက္ေပၚလာမယ္လို႔ ရာႏႈန္းျပည့္ မေျပာႏိုင္ပါဘူး။ ဒါေၾကာင့္ ဒီမူပိုင္ခြင့္ ႐ုပ္ပုံနဲ႔ပတ္သက္ၿပီးေတာ့ စိတ္ရွည္ရွည္ထားၿပီး ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

သုံးခေါက်ချိုးပုံစံ “Z-Fold” ဒီဇိုင်းကို မူပိုင်ခွင့်တင်လိုက်ပြန်တဲ့ LG

Foldable စမတ်ဖုန်းတွေဟာ ၂၀၁၉ အစပိုင်းမှာ မီဒီယာစာမျက်နှာအတော်များများကို သိမ်းပိုက်ခဲ့ပါတယ်။ Samsung Galaxy Fold နဲ့ Huawei Mate X တို့ဟာ ဈေးကွက်ထဲကို သူ့ထက်ငါဦးအောင် အပြိုင်အဆိုင်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေကြပေမယ့် အခုဒီသတင်းရေးနေတဲ့အထိ ဝယ်ယူလို့ မရသေးပါဘူး။

Foldable စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတဲ့ထဲမှာ တောင်ကိုရီးယားရဲ့ နာမည်ကြီးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ LG Electronics လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်ဟန်ရှိနေတဲ့ Foldable စမတ်ဖုန်းနဲ့ပတ်သက်တဲ့ ဒီဇိုင်းတွေကိုတော့ LG က မူပိုင်ခွင့်တင်ထားတာကို တွေ့ရပြန်ပါတယ်။

တကယ်တော့ LG ဟာ ၂၀၁၄ ခုနှစ်လောက်ကတည်းက Foldable ပြောင်းလဲရေးကို ကြိုတင်ခြေလှမ်းချင်ခဲ့သူပါ။ LG ရဲ့ Foldable နဲ့ Rollable ဒီဇိုင်းမူပိုင်ခွင့်တွေကလည်း မကြာခဏဆိုသလို မြင်တွေ့နေရတာပါ။ လိပ်သိမ်းနိုင်တဲ့ 65-inch အရွယ် OLED မျက်နှာပြင်နဲ့ တီဗီကိုတောင် ထုတ်ပြနိုင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ Foldable စမတ်ဖုန်းမှာတော့ အခုထိ အကောင်အထည် ချမပြနိုင်သေးတာလည်း ဖြစ်ပါတယ်။

အခုလည်း LG ရဲ့ Foldable စမတ်ဖုန်း ဒီဇိုင်းမူပိုင်ခွင့် ရုပ်ပုံတွေကို တွေ့မြင်ရပြန်ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ်အက္ခရာ “Z” ပုံသဏ္ဍာန် သုံးခေါက်ချိုး Foldable ဒီဇိုင်းကတော့ တစ်ချိန်ချိန်မှာ LG အမှတ်တံဆိပ်နဲ့ အမှန်တကယ်တွေ့မြင်လာရမလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ ဒီမတိုင်မီမှာတော့ IFA 2019 မှာ မျက်နှာပြင်နှစ်ခုနဲ့ စမတ်ဖုန်းကို LG က မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

သတိပြုရမှာကတော့ “Z” ပုံသဏ္ဍာန် သုံးခေါက်ချိုး Foldable ဒီဇိုင်းနဲ့ စမတ်ဖုန်းဟာ ကမ္ဘာ့ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး(WIPO) မှာ မှတ်ပုံတင်ထားရုံပဲ ရှိသေးတာ ဖြစ်ပါတယ်။ ဒီဇိုင်းကိုမှတ်ပုံတင်တာဟာ စမတ်ဖုန်းအဖြစ် ထွက်ပေါ်လာမယ်လို့ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ ဒါကြောင့် ဒီမူပိုင်ခွင့် ရုပ်ပုံနဲ့ပတ်သက်ပြီးတော့ စိတ်ရှည်ရှည်ထားပြီး ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: GSM Arena