LG ကနေ တောင်ကိုရီးယားနိုင်ငံမှာ LG Q61 နာမည်နဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Q61 ဖုန်းဟာ ယခင်တုန်းက Global စျေးကွက်အတွက် မိတ်ဆက်ခဲ့ဖူးတဲ့ LG K61 ဖုန်းနဲ့ ဆင်တူပြီးတော့ Mid Range ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။

LG Q61 ဟာ 6.5″ Full HD+ IPS LCD Display ကို အသုံးပြုထားပြီးတော့ Aspect Ratio အနေနဲ့ 19.5:9 ရှိမှာဖြစ်ပါတယ်။ Display ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole Selfie Camera ကို မြင်တွေ့ရမှာပါ။ Performance ပိုင်းမှာတော့ MediaTek ရဲ့ Helio P35 Chipset ကို အသုံးပြုထားပြီးတော့ RAM 4GB နဲ့ 64GB Storage ပါဝင်မှာဖြစ်ပါတယ်။ Storage မလောက်ဘူးဆိုရင်လည်း MicroSD ကနေ တစ်ဆင့်ထပ်မံတိုးချဲ့နိုင်မှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor ၊ 8MP Ultrawide Sensor ၊ 2MP Macro Sensor နဲ့ 5MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ 16MP Selfie Camera ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။

LG Q61 စမတ်ဖုန်းဟာ Android 10 OS ကို အသုံးပြုထားပြီး Fingerprint Sensor ကို ဖုန်းရဲ့ နောက်ဖက်မှာပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။ တခြားသော Feature တွေအနေနဲ့ကတော့ Google Assistant Button နဲ့ 3.5 Audio Jack တွေပါဝင်မှာဖြစ်ပြီး 369,600 KRW (မြန်မာငွေ ၄ သိန်း ၂ သောင်းခန့်) နဲ့ လာမယ့် မေလ ၂၉ ရက်နေ့ကစတင်ပြီး ရောင်းချသွားမှာဖြစ်ပါတဘ်။

Ref – Gizmo China