Verizon က LG Q70 ကို အွန်လိုင်းကနေ ကြိုတင်မှာယူခွင့်ပေးထားပြီး အခုတော့ ရောင်းပေးလိုက်ပါပြီ။ ၃၄၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၉ သောင်းလောက်ရှိပါတယ်။ Verizon က အရစ်ကျ ဝယ်ယူနိုင်မယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပြီး ကနဦးပေးသွင်းငွေ မလိုအပ်ဘဲ ၁ လကို ၉.၉၉ ဒေါ်လာနဲ့ ၂၄ လ ပေးသွင်းရမှာပါ။ စုစုပေါင်း ၂၃၉.၉၉ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပြီး ပိုသက်သာပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်း ၃ သောင်းလောက်ပဲ ရှိပါတယ်။

LG Q70 ကို အရင်နှစ် ဩဂုတ်လက ကြေညာခဲ့ပြီး Punch Hole ဆဲလ်ဖီး ကင်မရာ ပါတဲ့ LG ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Q70 မှာ ၆.၄ လက်မ 1080x2310p LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 32MP Main နဲ့ 5MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

LG Q70 မှာ Qualcomm ရဲ့ စွမ်းရည်သင့် Snapdragon 675 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါပါတယ်။   4,000mAh ဘက်ထရီ ပါလာပြီး Android 10 မောင်းနှင်ထားပါတယ်။ Android 10 ကို Verizon ရဲ့ UI နဲ့ အုပ်ထားတဲ့ Operating System ဖြစ်ပါတယ်။

Ref : gsmarena