အခုလအစောပိုင်းမှာ LG ဟာ Q စီးရီးအတွက် အဖွဲ့ဝင်သစ် Q92 5G ကို ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ထားခဲ့ပါတယ်။ အဲ့ဒီသတင်းထဲမှာ Q92 5G ဟာ မော်ဒယ်နံပါတ် LM-Q920N ပိုင်ဆိုင်ထားပြီး 128GB Storage ပါဝင်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ယနေ့မှာ lG Q92 5G စမတ်ဖုန်းဟာ Google Play Console ပလက်ဖောင်းပေါ်ကို စာရင်းဝင်လာခဲ့ပြီး အဓိက Specs အချို့ကိုလည်း အတည်ပြုလာခဲ့ပါတယ်။

Google Play Console စာရင်းပေါ်မှာ LG Q92 5G ဟန်းဆက်ဟာ Qualcomm Snapdragon 765G ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 6GB RAM ပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ထွက်ရှိချိန်မှာ အခြားရွေးချယ်စရာ RAM ပမာဏတွေလည်း ရှိမယ်လို့ ယူဆရပါတယ်။

ဒီဖုန်းမှာ Android 10 OS ကိုပဲ သုံးစွဲရမှာဖြစ်ပြီး Display ကတော့ Full HD+ (2400 x 1080) နဲ့ 420 PPI ရှိပါတယ်။ Resolution နဲ့ Pixel Density ကိုကြည့်ရင် သူ့မှာ 6” လက်မအရွယ်ဝန်းကျင် Panel ပါလာမယ်လို့ ယုံကြည်ရပါတယ်။

စာရင်းထဲမှာ LG Q92 5G ဖုန်းရဲ့ ဓါတ်ပုံတစ်ခုလည်း ထည့်ထားပြီး နေရာအစားထည့်ထားတာမဟုတ်ဘဲ တကယ့် ပုံရိပ် ဖြစ်မယ်လို့လည်း ထင်ပါတယ်။ အမှန်သာဆိုရင်တော့ LG Q92 ဟာ အလည်မှာ Punch-hole ပါဝင်ပြီး ညာဘက်က အချိုင့် နေရာဟာ Fingerprint ဆင်ဆာ ဖြစ်နိုင်ပါတယ်။

အထက်ပါ Specs တွေကိုကြည့်ရင် LG Q92 5G ဟာ Upper Mid-range စျေးတန်းဝင် စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။ လက်ရှိမိတ်ဆက်ထားတဲ့ LG Velvet ထက် စျေးသက်သာမှာဖြစ်ပြီး Q စီးရီးဟာလည်း စျေးချိုသာတဲ့ ထုတ်ကုန်လိုင်းအဖြစ် မိတ်ဆက်ထားလို့ပါ။

Ref – MySmartPrice