[Zawgyi]

ၿပီးခဲ့တဲ့လတုန္းက LG ဟာ W-Series ဖုန္းေတြျဖစ္တဲ့ W10, W30 နဲ႔ W30 Pro တို႔ကို ျဖန႔္ခ်ိခဲ့ပါေသးတယ္။ ဒီစမတ္ဖုန္းေတြဟာ Entry-level အတြက္ရည္႐ြယ္ထုတ္လုပ္တာျဖစ္ၿပီး အိႏၵိယေဈးကြက္ကို ရည္႐ြယ္ျဖန႔္ခ်ိခဲ့တာလည္း ျဖစ္ပါတယ္။ တ႐ုတ္မွာလိုပဲ အိႏၵိယေဈးကြက္တြင္း Amazon India ကတစ္ဆင့္ Flash sale ေရာင္းခ်မႈဟာ မိနစ္ပိုင္းအတြင္းမွာပဲ အကုန္ေရာင္းႏိုင္ခဲ့ပါတယ္။

W-Series ေတြရဲ႕ ေအာင္ျမင္မႈေနာက္မွာေတာ့ LG ဟာ M-Series ကိုျဖန႔္ခ်ိဖို႔ စီစဥ္ထားခဲ့ၿပီ ျဖစ္ပါတယ္။ KIPRIS ကိုရီးယား ဉာဏမူပိုင္ခြင့္ဆိုင္ရာအခ်က္အလက္ဝန္ေဆာင္မႈ မွာေတာ့ LG ဟာ “M10” အမည္နဲ႔ မူပိုင္ခြင့္တင္ထားတဲ့အေၾကာင္း ေတြ႕ရွိခဲ့ရၿပီ ျဖစ္ပါတယ္။ ခန႔္မွန္းရတာကေတာ့ M10 ဟာ M-Series မွာ အေျခခံျဖစ္ၿပီး သူနဲ႔အတူ M30 နဲ႔ M30 Pro တို႔လည္း ပါဝင္လာဖြယ္ရွိပါတယ္။

M-Series ေတြဟာ သီးသန႔္ေဈးကြက္တစ္ခုခုအတြက္ပဲ ရည္႐ြယ္သလား၊ ဒါမွမဟုတ္ ေဈးကြက္အေျမာက္အမ်ားအတြက္ ရည္႐ြယ္သလားဆိုတာေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ M10 ဟာ W10 လိုပဲ Lower-end အမ်ိဳးအစား ျဖစ္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဒါဆိုရင္ေတာ့ M30 နဲ႔ M30 Pro တို႔ကလည္း W30 နဲ႔ W30 Pro တို႔လိုပဲလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

တစ္ခ်ိန္တည္းမွာပဲ LG ဟာ V60 နဲ႔ V70 နာမည္ႏွစ္မ်ိဳးကိုလည္း မူပိုင္ခြင့္ေလွ်ာက္ထားရာမွာ ထည့္သြင္းခဲ့တယ္လို႔ သိရပါတယ္။ V-Series ရဲ႕ ေနာက္ဆုံးထုတ္ကေတာ့ V50 ျဖစ္ၿပီး အေျခခံအားျဖင့္ေတာ့ LG V40 ရဲ႕ 5G မ်ိဳးကြဲလို႔ ဆိုရမွာ ျဖစ္ပါတယ္။ LG ရဲ႕ V-Series ေတြကို မိတ္ဆက္ေလ့ရွိတဲ့အခ်ိန္ေၾကာင့္ V60 ကိုလာမယ့္ႏွစ္မတိုင္မီမွာ ေတြ႕ျမင္ရဖြယ္မရွိဘူးလို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

M10 အပါအဝင် M-Series ကို မိတ်ဆက်လာဖွယ်ရှိတဲ့ LG

ပြီးခဲ့တဲ့လတုန်းက LG ဟာ W-Series ဖုန်းတွေဖြစ်တဲ့ W10, W30 နဲ့ W30 Pro တို့ကို ဖြန့်ချိခဲ့ပါသေးတယ်။ ဒီစမတ်ဖုန်းတွေဟာ Entry-level အတွက်ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယဈေးကွက်ကို ရည်ရွယ်ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်မှာလိုပဲ အိန္ဒိယဈေးကွက်တွင်း Amazon India ကတစ်ဆင့် Flash sale ရောင်းချမှုဟာ မိနစ်ပိုင်းအတွင်းမှာပဲ အကုန်ရောင်းနိုင်ခဲ့ပါတယ်။

W-Series တွေရဲ့ အောင်မြင်မှုနောက်မှာတော့ LG ဟာ M-Series ကိုဖြန့်ချိဖို့ စီစဉ်ထားခဲ့ပြီ ဖြစ်ပါတယ်။ KIPRIS ကိုရီးယား ဉာဏမူပိုင်ခွင့်ဆိုင်ရာအချက်အလက်ဝန်ဆောင်မှု မှာတော့ LG ဟာ “M10” အမည်နဲ့ မူပိုင်ခွင့်တင်ထားတဲ့အကြောင်း တွေ့ရှိခဲ့ရပြီ ဖြစ်ပါတယ်။ ခန့်မှန်းရတာကတော့ M10 ဟာ M-Series မှာ အခြေခံဖြစ်ပြီး သူနဲ့အတူ M30 နဲ့ M30 Pro တို့လည်း ပါဝင်လာဖွယ်ရှိပါတယ်။

M-Series တွေဟာ သီးသန့်ဈေးကွက်တစ်ခုခုအတွက်ပဲ ရည်ရွယ်သလား၊ ဒါမှမဟုတ် ဈေးကွက်အမြောက်အများအတွက် ရည်ရွယ်သလားဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် M10 ဟာ W10 လိုပဲ Lower-end အမျိုးအစား ဖြစ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါဆိုရင်တော့ M30 နဲ့ M30 Pro တို့ကလည်း W30 နဲ့ W30 Pro တို့လိုပဲလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

တစ်ချိန်တည်းမှာပဲ LG ဟာ V60 နဲ့ V70 နာမည်နှစ်မျိုးကိုလည်း မူပိုင်ခွင့်လျှောက်ထားရာမှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ V-Series ရဲ့ နောက်ဆုံးထုတ်ကတော့ V50 ဖြစ်ပြီး အခြေခံအားဖြင့်တော့ LG V40 ရဲ့ 5G မျိုးကွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ LG ရဲ့ V-Series တွေကို မိတ်ဆက်လေ့ရှိတဲ့အချိန်ကြောင့် V60 ကိုလာမယ့်နှစ်မတိုင်မီမှာ တွေ့မြင်ရဖွယ်မရှိဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

Ref: Phone Arena