Rollable TV ဟာ နည်းပညာ အသစ် ဖြစ်ပြီး LG က အစောဆုံး ဖန်တီးထုတ်လုပ်ထားပါတယ်။ အခုတော့ LG ရဲ့ Rollable TV ဖြစ်တဲ့ Signature OLED TV R ကို ယူအေအီးမှာ ရောင်းပေးလိုက်ပါတယ်။ LG Signature OLED TV R ကို CES မှာ ပြသခဲ့ပြီး အခုတော့ ယူအေအီးမှာ AED 329,999 နဲ့ ဝယ်ယူနိုင်ပါပြီ။ နည်းပညာ လန်းသလို ဈေးလည်း မြောက်ပြီး မြန်မာငွေ သိန်း ၁,၅၀၀ နီးပါး ရှိပါတယ်။ ဝန်ဆောင်မှု ကောင်းကောင်းပေးထားပြီး မှာယူသူ စိတ်ကြိုက် တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ ငွေပေးသွင်းပြီး ၈ ပတ်ကနေ ၁၀ ပတ်အတွင်း ပို့ဆောင်ပေးမှာပါ။

၆၅ လက်မ မျက်နှာပြင် ဖြစ်ပြီး TV မကြည့်တဲ့ အချိန်မှာ ခေါက်လိပ်ထားနိုင်ပါတယ်။ Full View နဲ့ Zero View Mode တွေ ထောက်ပံ့ထားတဲ့အပြင် မျက်နှာပြင်ရဲ့ တစ်စိတ်တစ်ပိုင်းမှာပဲ ပြသပေးတဲ့ Line View Mode လည်း ထည့်သွင်းထားပါတယ်။ LG က Line View Mode ဟာ အချိန်နဲ့ ရာသီဥတုတွေကို ကြည့်နိုင်တဲ့ Clock Mode ၊ စမတ်ဖုန်းက ဓါတ်ပုံတွေကို ကြည့်နိုင်တဲ့ Frame Mode နဲ့ Music သတင်းအချက်အလက်တွေပြသပေးတဲ့ Mood Mode လို လုပ်ဆောင်ချက်တွေအတွက်လို့ ပြောပါတယ်။

65" rollable TV LG Signature OLED R is now available for $87,000 -  GSMArena.com news

TV မှာ မျက်နှာပြင်ကို ခေါက်လိပ်ထည့်သွင်းထားနိုင်တဲ့ အောက်ခြေ အထိုင် ပါရှိပြီး Dolby Atmos System ထည့်သွင်းထားပါတယ်။ အောက်ခြေအထိုင်ထဲမှာ R Series OLED မျက်နှာပြင်နဲ့ LG ရဲ့ ဒုတိယမျိုးဆက် Alpha A9 Intelligent Processor ပါပါတယ်။ LG က Four-step Noise-Reduction Process အတွက် ကုမ္ပဏီရဲ့ Deep Learning AI ကို အသုံးပြုထားတယ်လို့ ပြောပါတယ်။ OLED ရဲ့ စွမ်းရည်ဖြစ်တဲ့ အနက်ရောက်တွေ မြင့်မားစေပြီး ကြည်လင်ပြတ်သားမှု အရမ်း မိုက်ပါတယ်။

Ref : techradar