LG ကနေ နောက်ဆုံး Flagship ဖုန်းအနေနဲ့ LG V60 ThinQ ကို မိတ်ဆက်ထားခဲ့ပါတယ်။ ဒါပေမယ့် LG G Series ဖုန်းတွေကိုတော့ ဆက်လက်မိတ်ဆက်သွားတော့မှာမဟုတ်ဘဲ အဲ့ဒီအစား Design ပိုင်းကို အဓိကထားတဲ့ Velvet Series ကို မိတ်ဆက်တော့မယ်ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။

 

အစောပိုင်းတုန်းက LG ကနေ အဆိုပါ Velvet စမတ်ဖုန်းရဲ့ Design Teaser ဓါတ်ပုံကို ဖော်ပြခဲ့ပေမယ့် အခုအချိန်မှာတော့ LG Korea YouTube Channel ကနေ LG Velvet – Design ဆိုတဲ့ နာမည်နဲ့ Teaser Video တစ်ခုကို တင်ခဲ့ပါတယ်။ အဆိုပါ Video မှာ LG Velvet ဖုန်းအသစ်ရဲ့ Design ပိုင်းအပြင် အရောင်မျိုးစုံကိုပါ မြင်တွေ့ခဲ့ရပါတယ်။

Design အရတော့ နောက်ဖက်က Camera Setup က Rain Drop ပုံစံမျိုးပြုလုပ်ထားတာက ကွဲထွက်နေသလို ဖုန်းရဲ့ ထောင့်လေးဖက်စလုံးကို ခုံးထားတဲ့ 3D Arc Design ကလည်း တော်တော်လေးကိုလှပနေပါတယ်။ အရှေ့ဘက် Display ပိုင်းကိုတော့ U-Shaped Notch ပါဝင်တဲ့ Display ကို အသုံးပြုထားတာတာကို တွေ့ရှိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ LG Velvet စမတ်ဖုန်းဟာ ပုံမှန် USB-C ၊ Stereo Speakers ၊ SIM Tray Slot တွေအပြင် 3.5mm Headphone Jack ကိုပါဆက်လက်ထည့်သွင်းပေးထားပါတယ်။ နောက်ထပ်လည်း Qualcomm Snapdragon 765 Processor ပါဝင်လာမယ်ဆိုတာကိုပါ အတည်ပြုနိုင်ခဲ့ပါတယ်။

လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရတော့ LG Velvet ဟာ 48MP Primary Sensor ပါဝင်မှာဖြစ်ပြီး 4000mAh Battery နဲ့ 5G ကို Support ပြုလုပ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – XDA-Developers