LG ရဲ့  ဒစ်ဂျစ်တယ်ဘောပင် ပါတဲ့ စွမ်းရည်သင့် Stylo Brand ဟာ အမေရိကန်မှာ ရောင်းအားကောင်းပါတယ်။ အခုလည်း LG က Stylo 6 ကို ကြေညာလိုက်ပြီး အမေရိကန်မှာ ရောင်းချပေးလိုက်ပါတယ်။ Stylo 6 ကို အမေရိကန်က Boost Mobile မှာ ၁၈၀ ဒေါ်လာနဲ့ ရောင်းချပေးလိုက်ပါတယ်။ မြန်မာငွေ ၂ သိန်း ၅ သောင်းလောက်ကျသင့်ပြီး ဝယ်ယူချိန်မှာ MEMORIAL2020 Code ကို အသုံးပြုရင် ၁၄၄ ဒေါ်လာ လျှော့ဈေးနဲ့ ရရှိမှာ ဖြစ်ပါတယ်။ မြန်မာငွေ ၂ သိန်းလောက်ပဲ ကျသင့်မှာ ဖြစ်ပြီး မေလ ၂၆ ရက်နေ့ မတိုင်ခင်အထိ ဒီလျှော့ဈေးနဲ့ ရရှိမှာ ဖြစ်ပါတယ်။

LG Stylo 6 မှာ ၆.၈ လက်မ FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး အနောက်ဘက်မှာ 13MP Main , 5MP Ultrawide နဲ့ 5MP Depth ကင်မရာ ၃ လုံး ပါလာပါတယ်။ အရှေ့ဘက်မှာ 13MP ဆဲလ်ဖီး ကင်မရာကို U ပုံစံ Notch မှာ ထည့်သွင်းထားပြီး 3GB RAM နဲ့ 64GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပြီး 4,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

MediaTek Helio P35 Chipset မောင်းနှင်ထားပြီး Android 10 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပြီး ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ တန်ဖိုးနည်း စမတ်ဖုန်း လိုချင်သူတွေအတွက် ရွေးချယ်စရာ ဖြစ်ပါတယ်။

Ref : gsmarena