LG က ပြီးခဲ့တဲ့ ဇွန်လမှာ Stylo 5 ကို ကြေညာခဲ့ပြီး မကြာခင် မျိုးဆက်သစ် Stylo 6 ကို ချပြတော့မယ်လို့ ထင်ပါတယ်။ Stylo 6 ရဲ့ ဓါတ်ပုံ ၁ ပုံကို Evan Blass က မျှဝေလိုက်ပါတယ်။ အရင်မျိုးဆက်နဲ့ မတူတာက Stylo 6 မှာ Notch မျက်နှာပြင်ပါလာပြီး အထက်နဲ့ အောက်က ဘောင်တွေက ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို အလျားလိုက် တပ်ဆင်ထားပြီး အရှေ့ဘက်မှာ ကင်မရာ ၁ လုံး ထည့်ထားပါတယ်။

အနောက်ဘက်မှာ Biometric Authentication အတွက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး ညာဘက်မှာ ပါဝါ ခလုတ်နဲ့ ဘယ်ဘက်မှာ SIM Card Slot , Volume Rocker နဲ့ Google Assistant ကို ဆင့်ခေါ်တဲ့ ခလုတ်တို့ ထည့်သွင်းထားပါတယ်။ အောက်ခြေမှာ USB-C Port , 3.5mm Headphone Jack , ပင်မ မိုက်ကရိုဖုန်း, စပီကာနဲ့ Stylus အတွက် Slot ၁ ခု ပါလာပါတယ်။ အထက်မှာ ဒုတိယ မိုက်ကရိုဖုန်း တပ်ဆင်ထားပါတယ်။

LG က Stylo 6 အကြောင်းကို ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် ဖုန်းရဲ့ Home Screen က ရက်စွဲဟာ ကြေညာမယ့်နေ့ကို ဖော်ပြထားတာဆိုရင် မေလ ၁၈ ရက်နေ့မှာ မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

Ref : gsmarena