LG က ဒစ်ဂျစ်တယ် ဘောပင်ပါပြီး Samsung Galaxy Note Series တွေထက် ဈေးချိုတဲ့ Stylo Series တွေကို ထုတ်လုပ်ရောင်းချနေတာ နှစ်အနည်းငယ်တောင်ရှိနေပါပြီ။ အခုတော့ LG Stylo 6 ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ LG Stylo 7 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

LG Stylo 7 5G renders and hardware details surface

Stylo 7 ရဲ့ ဓါတ်ပုံတွေဟာ ကြည်လင်ပြတ်သားပြီး အရွယ်အစား အပြည့်အစုံလို သတင်းအချက်အလက်တွေလည်း ပေါက်ကြားလာပါတယ်။ အဲဒီ စမတ်ဖုန်းမှာ ၆.၈ လက်မ မျက်နှာပြင် အပြား တပ်ဆင်ထားပြီး Stylo 6 မှာလို Notch မဟုတ်ဘဲ Punch Hole မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာတာ မြင်ရပါတယ်။

5G Version လို့ ဖော်ပြထားပြီး အရွယ်အစား အပြည့်အစုံက 170.4 x 77.2 x 8.8mm ဖြစ်ပါတယ်။ ကင်မရာ Bump ပါ ထည့်တွက်ရင် 10mm အထူ ရှိပါတယ်။ 4G Version လည်း ထွက်လာမှာ ဖြစ်ပြီး 5G နဲ့ 4G Version ဟာ ကွဲပြားမှု အနည်းငယ်ပဲ ပါလာမှာပါ။

LG Stylo 7 ရဲ့  အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အရင်ကတော့ အနောက်ကင်မရာ ၄ လုံး ပါလာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ အခု ဓါတ်ပုံတွေအရ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ Type-C Port နဲ့ နားကြပ်ပေါက်တွေ ပါလာမှာဖြစ်ပြီး မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို သိလာရမှာပါ။

Ref : gsmarena