တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးတွေအကြောင်းပြောရင် LG ကိုလည်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ LG ဟာ စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံးနေရာတွေမှာရှိမနေခဲ့ပေမယ့် ဈေးကွက်ရဲ့ပြင်ပကို လုံးလုံးလျားလျားထွက်သွားခဲ့တာတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့မေလတုန်းက LG ရဲ့ Stylus နဲ့ Stylo 6 စမတ်ဖုန်း ပွဲထွက်လာတာကို တွေ့မြင်ခဲ့ကြရပါတယ်။ အခုတော့ ဆက်ခံသူဖြစ်တဲ့ LG Stylo 7 ရဲ့ Render ပုံရိပ်ကို မြင်လာရပြန်ပါပြီ။ Render က ပြသနေတာကတော့ အဆင့်မြှင့်တင်ထားတဲ့ ဒီဇိုင်းပိုင်းပါပဲ။ 6.8-inch display ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ Punch-hole တစ်ခုကို တွေ့မြင်ရပါတယ်။

ကျောဘက်ဒီဇိုင်းကတော့ အနည်းငယ်စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံဖြစ်ပါတယ်။ ကင်မရာတွေကို အထက်အောက် တန်းစီတပ်ဆင်ထားတဲ့ပုံစံဖြစ်ပြီး၊ ဒီနေရာရဲ့ အောက်ဘက်တောက်လျှောက်ကိုလည်း Stylus အတွက် သီးသန့်နေရာတစ်ခုပုံစံ ဒီဇိုင်းဖော်ထားတာ ဖြစ်ပါတယ်။ ကင်မရာအရေအတွက်ကတော့ အနည်းဆုံး ၄ လုံးဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

LG Stylo 7 ရဲ့ အရွယ်အစားကတော့ 170.6mm x 77mm x 8.6mm လို့ ဖော်ပြထားတာကိုတွေ့မြင်ရပါတယ်။ အောက်ခြေမှာ USB-C port, Speaker နဲ့ Stylus housing အတွက် နေရာတွေပြုလုပ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။ Fingerprint reader ကတော့ ဘေးဘောင်မှာရှိနေပြီး၊ အခြားတစ်ဘက်မှာတော့ Power button အပါအဝင် အခြားခလုတ်တွေကိုလည်း တွေ့မြင်ရပါတယ်။

Ref: GSM Arena