[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇူလိုင္လတုန္းက LG ဟာ စမတ္ေဖာင္တိန္ရဲ႕ ကိုယ္ထည္ထဲ လိပ္သြင္းလို႔ရတဲ့ မ်က္ႏွာျပင္နဲ႔ ဒီဇိုင္းတစ္ခုကို မူပိုင္ခြင့္ေလွ်ာက္ထားခဲ့ပါတယ္။ ဒီလိုမ်ိဳး ထူးထူးဆန္းဆန္း ဒီဇိုင္းေတြ၊ အႀကံဉာဏ္ေတြကို မူပိုင္ခြင့္တင္ေလ့ရွိတဲ့ LG ဟာ ဒီႏွစ္မွာလည္း LG Rolling ဆိုတဲ့နာမည္ကို မူပိုင္ခြင့္တင္ခဲ့ျပန္ပါတယ္။

LG Rolling ဆိုတဲ့နာမည္ကို မူပိုင္ခြင့္ေလွ်ာက္ထားတာနဲ႔ပတ္သက္ၿပီး ကိုရီးယား ဉာဏမူပိုင္ခြင့္ဆိုင္ရာ ႐ုံးကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလကတည္းက အတည္ျပဳေပးခဲ့ၿပီးသားလို႔လည္း သိရပါတယ္။ ေတာင္ကိုရီးယားနည္းပညာကုမၸဏီႀကီးက EUIPO ဥေရာပသမဂၢ ဉာဏပစၥည္းဆိုင္ရာ မူပိုင္ခြင့္႐ုံးမွာလည္း ဒီနာမည္ကို မူပိုင္ခြင့္ေလွ်ာက္ထားခဲ့ျပန္ပါတယ္။

LG Rolling ဆိုတဲ့နာမည္ေၾကာင့္ Rollable Smartphone အတြက္ ျဖစ္ႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ၾကပါတယ္။ ဒါ့အျပင္ The Roll, Bi-Roll, Dual Roll, E Roll, Singature R, R Screen, R Canvas, Roll Canvas နဲ႔ Rotolo စတဲ့ နာမည္ေတြကလည္း LG ရဲ႕ အနာဂတ္ ထုတ္ကုန္ေတြအတြက္ ျဖစ္ၿပီး LG Rolling ဆိုနဲ႔နာမည္နဲ႔အတူ ေတာင္ကိုရီးယားမွာ မွတ္ပုံတင္ခဲ့တာလို႔လည္း သိရပါတယ္။

ကိုရီးယားဟာ Device ေတြကို အဆင့္္ ၉ မ်ိဳးခြဲျခားထားပါတယ္။ အဆိုပါ နာမည္နဲ႔ မွတ္ပုံတင္မႈေတြကေတာ့ မိုလ္ဘိုင္းဖုန္းေတြထဲမွာ ပါဝင္သလို၊ LCD displays, ေမာ္နီတာ၊ Wearable smartphones စတာေတြမွာ ပါဝင္ေနပါတယ္။ အတိတ္မွာလည္း LG ဟာ Rollable TV ေတြကို မိတ္ဆက္ခဲ့ဖူးတာေၾကာင့္ ဒီတစ္ႀကိမ္ဟာ စမတ္ဖုန္းေဈးကြက္ထဲကို Rollable ေတြ ျဖန႔္ခ်ိေတာ့မယ့္ အခ်ိန္လို႔ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

စမတ်ဖုန်းအတွက်လို့ ယူဆရတဲ့ “LG Rolling” နာမည်ကို မူပိုင်ခွင့်လျှောက်ထားတဲ့ LG

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လတုန်းက LG ဟာ စမတ်ဖောင်တိန်ရဲ့ ကိုယ်ထည်ထဲ လိပ်သွင်းလို့ရတဲ့ မျက်နှာပြင်နဲ့ ဒီဇိုင်းတစ်ခုကို မူပိုင်ခွင့်လျှောက်ထားခဲ့ပါတယ်။ ဒီလိုမျိုး ထူးထူးဆန်းဆန်း ဒီဇိုင်းတွေ၊ အကြံဉာဏ်တွေကို မူပိုင်ခွင့်တင်လေ့ရှိတဲ့ LG ဟာ ဒီနှစ်မှာလည်း LG Rolling ဆိုတဲ့နာမည်ကို မူပိုင်ခွင့်တင်ခဲ့ပြန်ပါတယ်။

LG Rolling ဆိုတဲ့နာမည်ကို မူပိုင်ခွင့်လျှောက်ထားတာနဲ့ပတ်သက်ပြီး ကိုရီးယား ဉာဏမူပိုင်ခွင့်ဆိုင်ရာ ရုံးကတော့ ပြီးခဲ့တဲ့ ဧပြီလကတည်းက အတည်ပြုပေးခဲ့ပြီးသားလို့လည်း သိရပါတယ်။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက EUIPO ဥရောပသမဂ္ဂ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ရုံးမှာလည်း ဒီနာမည်ကို မူပိုင်ခွင့်လျှောက်ထားခဲ့ပြန်ပါတယ်။

LG Rolling ဆိုတဲ့နာမည်ကြောင့် Rollable Smartphone အတွက် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချကြပါတယ်။ ဒါ့အပြင် The Roll, Bi-Roll, Dual Roll, E Roll, Singature R, R Screen, R Canvas, Roll Canvas နဲ့ Rotolo စတဲ့ နာမည်တွေကလည်း LG ရဲ့ အနာဂတ် ထုတ်ကုန်တွေအတွက် ဖြစ်ပြီး LG Rolling ဆိုနဲ့နာမည်နဲ့အတူ တောင်ကိုရီးယားမှာ မှတ်ပုံတင်ခဲ့တာလို့လည်း သိရပါတယ်။

ကိုရီးယားဟာ Device တွေကို အဆင့်် ၉ မျိုးခွဲခြားထားပါတယ်။ အဆိုပါ နာမည်နဲ့ မှတ်ပုံတင်မှုတွေကတော့ မိုလ်ဘိုင်းဖုန်းတွေထဲမှာ ပါဝင်သလို၊ LCD displays, မော်နီတာ၊ Wearable smartphones စတာတွေမှာ ပါဝင်နေပါတယ်။ အတိတ်မှာလည်း LG ဟာ Rollable TV တွေကို မိတ်ဆက်ခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ်ဟာ စမတ်ဖုန်းဈေးကွက်ထဲကို Rollable တွေ ဖြန့်ချိတော့မယ့် အချိန်လို့ ယူဆရပါတယ်။

Ref: GSM Arena