[Zawgyi]

ပုံမွန္ LG G8 ကို ဇြန္လမွာျဖန႔္ခ်ိၿပီး ေနာက္တစ္လေလာက္အၾကာမွာ LG G8S ThinQ ကို ဆက္လက္ ျဖန႔္ခ်ိခဲ့တဲ့ ေတာင္ကိုရီးယား နည္းပညာကုမၸဏီဟာ အခုလည္း V60S နဲ႔ K50S ဆိုတဲ့ နာမည္ႏွစ္ခုကို မူပိုင္ခြင့္တင္လိုက္ျပန္တာကို ေတြ႕ျမင္ရပါတယ္။ LG G8 နဲ႔ G8S တို႔ဟာ အခ်ိဳ႕အပိုင္းေတြမွာ အဆင့္နည္းနည္းခြဲျခားလိုက္တာကလြဲရင္ သိပ္ၿပီးမ်ားမ်ားစားစား ကြာျခားမႈမရွိခဲ့ပါဘူး။

သိပ္မၾကာခင္မွာ ထပ္မံျဖန႔္ခ်ိမယ့္စမတ္ဖုန္းကေတာ့ V Series ထဲကျဖစ္ၿပီး LG အေနနဲ႔ ဒီဟန္းဆက္ကို LG V60Sလို႔ ေခၚတြင္မွာျဖစ္တဲ့အေၾကာင္း၊ IFA ဘာလင္မွာ ျမင္ေတြ႕ရမယ္ဆိုတဲ့အေၾကာင္းကေတာ့ သိၿပီးသား ျဖစ္မွာပါ။ ဒါေပမယ့္ ၾသဂုတ္လ ၂ ရက္ေန႔ရက္စြဲနဲ႔ ေတာင္ကိုရီးယား ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးမွာ မွတ္ပုံတင္ထားတဲ့နာမည္ႏွစ္ခုမွာ V60S အမည္လည္း ပါဝင္တာေၾကာင့္ V Series သစ္မွာ ေနာက္တစ္မ်ိဳး ထပ္တိုးမယ္လို႔ ဆိုလိုလိုက္သလိုပါပဲ။

ကနဦးသတင္းထြက္ေပၚထားတာကေတာ့ LG V60S ဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အတြင္းမွာပဲ ေဈးကြက္ထဲ ေရာက္ရွိမယ္ဆိုတာပါ။ ဒါေပမယ့္ ဒီရက္ပိုင္းအတြင္း သတင္းထပ္ထြက္လာတာကေတာ့ V60S ကို IFA 2019 မွာ ေတြ႕ျမင္ရမယ္ဆိုတာပါပဲ။ ဒီေတာ့ စက္တင္ဘာ လဆန္းမွာ LG V60S ကို ေစာင့္ၾကည့္ရမယ့္ စာရင္းထဲ မွတ္ထားရေတာ့မွာ ျဖစ္ပါတယ္။

မွတ္ပုံတင္ထားတဲ့အထဲမွာ LG K50S ကိုလည္း ေတြ႕ျမင္ရပါတယ္။ ဒီနာမည္နဲ႔ ဟန္းဆက္ဟာ လက္ရွိ LG K50 ကို အဆင့္ႏွိမ့္ထားတဲ့ အမ်ိဳးအစားျဖစ္ဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ LG K50 ဟာ Entry-level ျဖစ္တာေၾကာင့္ K50S ဟာ K50 ကို အဆင့္ႏွိမ့္ထားတာမဟုတ္ဘဲ အဆင့္ျမႇင့္တင္ထားတဲ့ အမ်ိဳးအစားလည္း ျဖစ္လာႏိုင္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ လာမယ့္ စက္တင္ဘာလ ၆ ရက္ေန႔မွာ စတင္က်င္းပျပဳလုပ္မယ့္ IFA ဘာလင္မွာ LG V60, V60S နဲ႔ LG G8X တို႔ကို ေတြ႕ျမင္ရမွာ ေသခ်ာသေလာက္ ရွိေနၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

IFA ဘာလင်မှာ မြင်တွေ့လာရဖွယ်ရှိတဲ့ LG V60S နဲ့ K50S

ပုံမှန် LG G8 ကို ဇွန်လမှာဖြန့်ချိပြီး နောက်တစ်လလောက်အကြာမှာ LG G8S ThinQ ကို ဆက်လက် ဖြန့်ချိခဲ့တဲ့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီဟာ အခုလည်း V60S နဲ့ K50S ဆိုတဲ့ နာမည်နှစ်ခုကို မူပိုင်ခွင့်တင်လိုက်ပြန်တာကို တွေ့မြင်ရပါတယ်။ LG G8 နဲ့ G8S တို့ဟာ အချို့အပိုင်းတွေမှာ အဆင့်နည်းနည်းခွဲခြားလိုက်တာကလွဲရင် သိပ်ပြီးများများစားစား ကွာခြားမှုမရှိခဲ့ပါဘူး။

သိပ်မကြာခင်မှာ ထပ်မံဖြန့်ချိမယ့်စမတ်ဖုန်းကတော့ V Series ထဲကဖြစ်ပြီး LG အနေနဲ့ ဒီဟန်းဆက်ကို LG V60Sလို့ ခေါ်တွင်မှာဖြစ်တဲ့အကြောင်း၊ IFA ဘာလင်မှာ မြင်တွေ့ရမယ်ဆိုတဲ့အကြောင်းကတော့ သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် သြဂုတ်လ ၂ ရက်နေ့ရက်စွဲနဲ့ တောင်ကိုရီးယား ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ မှတ်ပုံတင်ထားတဲ့နာမည်နှစ်ခုမှာ V60S အမည်လည်း ပါဝင်တာကြောင့် V Series သစ်မှာ နောက်တစ်မျိုး ထပ်တိုးမယ်လို့ ဆိုလိုလိုက်သလိုပါပဲ။

ကနဦးသတင်းထွက်ပေါ်ထားတာကတော့ LG V60S ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာပဲ ဈေးကွက်ထဲ ရောက်ရှိမယ်ဆိုတာပါ။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်း သတင်းထပ်ထွက်လာတာကတော့ V60S ကို IFA 2019 မှာ တွေ့မြင်ရမယ်ဆိုတာပါပဲ။ ဒီတော့ စက်တင်ဘာ လဆန်းမှာ LG V60S ကို စောင့်ကြည့်ရမယ့် စာရင်းထဲ မှတ်ထားရတော့မှာ ဖြစ်ပါတယ်။

မှတ်ပုံတင်ထားတဲ့အထဲမှာ LG K50S ကိုလည်း တွေ့မြင်ရပါတယ်။ ဒီနာမည်နဲ့ ဟန်းဆက်ဟာ လက်ရှိ LG K50 ကို အဆင့်နှိမ့်ထားတဲ့ အမျိုးအစားဖြစ်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် LG K50 ဟာ Entry-level ဖြစ်တာကြောင့် K50S ဟာ K50 ကို အဆင့်နှိမ့်ထားတာမဟုတ်ဘဲ အဆင့်မြှင့်တင်ထားတဲ့ အမျိုးအစားလည်း ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်မယ့် IFA ဘာလင်မှာ LG V60, V60S နဲ့ LG G8X တို့ကို တွေ့မြင်ရမှာ သေချာသလောက် ရှိနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSM Arena