[Zawgyi]

LG အေနနဲ႔ သူတို႔ရဲ႕ High-end LG TV ေတြကို ThinQ အမွတ္တံဆိပ္နဲ႔ပဲ ထုတ္ေတာ့မွာ ျဖစ္ပါတယ္။ ဒီ TV ေတြမွာေတာ့ AI feature ေတြကို ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ အရင္ထြက္ခဲ့တဲ့ LG TV ေတြမွာ Google Assistant ကို ထည့္္သြင္းထုတ္လုပ္ေပးခဲ့ေပမယ့္လည္း လာမယ့္အသစ္ေတြမွာေတာ့ Amazon ရဲ႕ Alexa လည္းပါဝင္လာမွာပါ။

LG အေနနဲ႔ သူတို႔ရဲ႕ AI စြမ္းအင္သုံး TV အသစ္ေတြကို လာမယ့္ CES 2019 မွာ ပြဲဦးထြက္မိတ္ဆက္သြားဖြယ္ ရွိေနပါတယ္။ LG ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ သူတို႔ရဲ႕ TV သစ္ေတြဟာ အယ္လ္ဂိုရီသမ္သစ္ကို အသုံးျပဳၿပီး အ႐ုပ္နဲ႔အသံအရည္အေသြး ပိုေကာင္းေအာင္ ျပဳလုပ္ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

အကယ္၍ ဆူညံေပါက္ကြဲသံေတြနဲ႔ ေသြးထြက္သံယိုျဖစ္ရပ္ေတြပါဝင္တဲ့ အက္ရွင္ဇာတ္ကားကို ၾကည့္ရႈေနတယ္ဆိုရင္ TV က ဇာတ္ကားနဲ႔လိုက္ဖက္တဲ့ အေျခအေနမ်ိဳးျဖစ္တဲ့ အ႐ုပ္၊ အသံေတြကို ေျပာင္းလဲ တုံ႔ျပန္ေပးမယ္လို႔ ဆိုပါတယ္။ အကယ္၍ အားကစားၿပိဳင္ပြဲေတြ၊ TV show ေတြ၊ Video game ေတြ စတာေတြ ၾကည့္ရႈအသုံးျပဳမယ္ဆိုရင္လည္း လိုက္ဖက္မႈရွိတဲ့ အ႐ုပ္အသံျဖစ္ေအာင္ ခ်ိန္ညႇိသြားမယ္လို႔ ဆိုပါတယ္။

AI feature သစ္ဟာ ကုမၸဏီရဲ႕ Second-generation Alpha 9 Gen 2 intelligent processor ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ အယ္လ္ဂိုရီသမ္ ခ်ိန္ညႇိျခင္းအတြက္ သန္းေပါင္းမ်ားစြာေသာ အခ်က္အလက္ေတြကိုလည္း ထည့္သြင္းေပးထားတယ္လို႔ ဆိုပါတယ္။ TV ရဲ႕ Light sensor က အျမင္အာ႐ုံအတြက္လည္း အခန္းအလင္းေရာင္ကို တိုင္းတာၿပီး ျပသမယ့္႐ုပ္ထြက္ရဲ႕ အလင္းအေမွာင္၊ အေရာင္အေသြးကို အလိုအေလ်ာက္ ခ်ိန္ညႇိေပးတယ္လို႔လည္း သိရပါတယ္။

Ref: Android Authority

[Unicode]

ပိုကောင်းတဲ့ အရုပ်နဲ့အသံအရည်အသွေးအတွက် LG TV သစ်တွေမှာ AI သုံးတော့မယ်

LG အနေနဲ့ သူတို့ရဲ့ High-end LG TV တွေကို ThinQ အမှတ်တံဆိပ်နဲ့ပဲ ထုတ်တော့မှာ ဖြစ်ပါတယ်။ ဒီ TV တွေမှာတော့ AI feature တွေကို ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ LG TV တွေမှာ Google Assistant ကို ထည့််သွင်းထုတ်လုပ်ပေးခဲ့ပေမယ့်လည်း လာမယ့်အသစ်တွေမှာတော့ Amazon ရဲ့ Alexa လည်းပါဝင်လာမှာပါ။

LG အနေနဲ့ သူတို့ရဲ့ AI စွမ်းအင်သုံး TV အသစ်တွေကို လာမယ့် CES 2019 မှာ ပွဲဦးထွက်မိတ်ဆက်သွားဖွယ် ရှိနေပါတယ်။ LG ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ သူတို့ရဲ့ TV သစ်တွေဟာ အယ်လ်ဂိုရီသမ်သစ်ကို အသုံးပြုပြီး အရုပ်နဲ့အသံအရည်အသွေး ပိုကောင်းအောင် ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အကယ်၍ ဆူညံပေါက်ကွဲသံတွေနဲ့ သွေးထွက်သံယိုဖြစ်ရပ်တွေပါဝင်တဲ့ အက်ရှင်ဇာတ်ကားကို ကြည့်ရှုနေတယ်ဆိုရင် TV က ဇာတ်ကားနဲ့လိုက်ဖက်တဲ့ အခြေအနေမျိုးဖြစ်တဲ့ အရုပ်၊ အသံတွေကို ပြောင်းလဲ တုံ့ပြန်ပေးမယ်လို့ ဆိုပါတယ်။ အကယ်၍ အားကစားပြိုင်ပွဲတွေ၊ TV show တွေ၊ Video game တွေ စတာတွေ ကြည့်ရှုအသုံးပြုမယ်ဆိုရင်လည်း လိုက်ဖက်မှုရှိတဲ့ အရုပ်အသံဖြစ်အောင် ချိန်ညှိသွားမယ်လို့ ဆိုပါတယ်။

AI feature သစ်ဟာ ကုမ္ပဏီရဲ့ Second-generation Alpha 9 Gen 2 intelligent processor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အယ်လ်ဂိုရီသမ် ချိန်ညှိခြင်းအတွက် သန်းပေါင်းများစွာသော အချက်အလက်တွေကိုလည်း ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။ TV ရဲ့ Light sensor က အမြင်အာရုံအတွက်လည်း အခန်းအလင်းရောင်ကို တိုင်းတာပြီး ပြသမယ့်ရုပ်ထွက်ရဲ့ အလင်းအမှောင်၊ အရောင်အသွေးကို အလိုအလျောက် ချိန်ညှိပေးတယ်လို့လည်း သိရပါတယ်။

Ref: Android Authority